Friday, November 20, 2015

မိုင်းရှူး၊ မိုင်းနောင်နှင့် ကျေးသီးရှိ ဒေသခံများ ဗုံးခိုကျင်းများတူး၍ ပုန်းခို


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ မိုင်းနောင်နှင့် ကျေးသီး မြို့နယ်များရှိ ကျေးရွာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် လက်နက်ကြီးထိမှန်မည် ကို စိုးရိမ်၍ ဒေသခံများသည် နေ အိမ်အများစုတွင် ဗုံးခိုကျင်းများ တူးနေကြရကြောင်း သတင်းရရှိ သည်။
မြန်မာ့တပ်မတော်နှင့် ရှမ်း ပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) တို့သည် ရှမ်းပြည် တောင်ပိုင်းရှိ မိုင်းရှူး၊ မိုင်းနောင် နှင့် ကျေးသီးမြို့နယ် အနီးဝန်း ကျင်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ပေါ်မှလွဲ၍ ကျေးရွာများ၌ အိမ်တိုင်းနီးပါး ဗုံးခိုကျင်းတူးကာ လက်နက်ကြီးသံကြားပါ က ယင်းကျင်းထဲတွင် ပုန်းခိုနေ ထိုင်ရကြောင်း မိုင်းရှူးမြို့ ဒေသခံ ကိုစိုင်းက ပြောသည်။

‘‘ကျင်းအနက်က တတ်နိုင် တဲ့သူတွေ လူတစ်ရပ်လောက်တူး ကြတယ်။ မတတ်နိုင်တဲ့သူတွေက လေးပေလောက် တူးကြတယ်။ လက်နက်ကြီးသံကြားတဲ့ညတွေ ဆို ဗုံးခိုကျင်းထဲမှာ တစ်ညလုံး အိပ်ကြတယ်’’ဟု ကိုစိုင်းက ပြော သည်။

ကျေးရွာများတွင် နေထိုင်သူ များသည် မိမိအစီအစဉ်ဖြင့် ဗုံးခို ကျင်းတူးကြပြီး မြို့ပေါ်၌ နေထိုင်သူများက လူငှား၍ တူးကြရသည်ဟု မိုင်းရှူးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များကို စစ်ဘေးရှောင်စခန်းများသို့ ပို့ ဆောင်ကူညီနေသည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ (၃) နန်းကောင်ခမ်းက တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရသူများသည် စစ်ပွဲ ကို အမြန်ဆုံးရပ်တန့်စေချင်ကြ သည်ဟု ပြောသည်။

‘‘အခုက လူထုတွေ တအား ညည်းနေကြပြီ။ ကိုယ့်အိမ်ကိုယ် ပြန်ချင်နေကြပြီ။ လူထုကို သနား ရင် တိုက်ပွဲတွေ ရပ်ပေးပါလို့ တောင်းဆိုကြတယ်။ အိမ်မြန်မြန် ပြန်နိုင်အောင် လုပ်ပေးကြပါတဲ့။ လာမယ့်နှစ် ရိက္ခာက အခုထွက် နေတဲ့ သီးနှံတွေရိတ်သိမ်းနိုင်မှ ဖြစ်မှာကြောင့် အိမ်ပြန်ချင်နေကြ ပြီ’’ဟု ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရှမ်း ပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)တို့ကြား တိုက်ပွဲမှာ ယခုရက်ပိုင်းတွင် မိုင်းရှူးနှင့် ကျေး သီးမြို့နယ် နယ်စပ်ဝမ်ဆော့နှင့် ဝမ်းလွေကျေးရွာအနီးတွင် ပြင်း ထန်နေပြီး အနီးအနားမှ စစ်ဘေး သင့်သူဦးရေ ၈၀၀ ခန့်သည် မိုင်း ရှူးမြို့ပေါ်တွင် လာရောက်တိမ်း ရှောင်နေရသည်ဟု ကယ်ဆယ် ရေးလုပ်နေသည့် ရှမ်းလူမှုအဖွဲ့ အစည်းများမှ သတင်းရရှိသည်။

မိုင်းရှူး၊ မိုင်းနောင်နှင့် ကျေး သီးမြို့နယ်အနီးတစ်ဝိုက်တွင် ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးသင့်သူ ၁၀,၀၀၀ ကျော် ရှိနေသည်။

မိုင်းရှူးမြို့မှ ဗုံးခိုကျင်းတစ်ခုနှင့် ဒေသခံကလေးငယ်များကို နိုဝင်ဘာ ၁၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကိုစိုင်း)
7Day Daily


No comments:

Post a Comment

My Blog List