Thursday, November 19, 2015

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် စတင်


၂၀၁၅ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် ည နေက တောင်ကြီးမြို့ ကျောင်း ကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံ ကွင်း၌ ကျင်းပရာ လူဦးရေတစ် သိန်းကျော်လာရောက်အားပေး ကြည့်ရှုခဲ့သည်ဟု တောင်ကြီးတန် ဆောင်တိုင်ပွဲတော်ဖြစ်မြောက် ရေးကော်မတီမှ သတင်းရရှိသည်။
‘‘ကွင်းလုံးပြည့်ပရိသတ်တွေ မြင်တဲ့အတိုင်းပဲ။ ဒေသခံတွေအ ပြင် အနယ်နယ်အရပ်ရပ်က ပွဲ လာကြည့်သူတွေ အပြည့်အလျှံပဲ။ အားလုံးလူဦးရေတစ်သိန်းကျော် ရှိမယ်’’ဟု တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ဖြစ်မြောက်ရေးကော် မတီမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပရာအထူးပွဲ ကြည့်စင်အနီး လုံခြုံရေးရဲအင် အားများပြားစွာချထားပြီး ပြင်ပ လူများဝင်ထွက်ခွင့်မပြုဘဲ ဌာန ဆိုင်ရာများကိုသာ ၀င်ထွက်ခွင့်ပြု ထားသည်ကိုတွေ့ရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲတွင် ရှမ်းပြည် နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္ဒရီ ကိန္ဒရာအက၊ ဓားသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေပေးခြင်း၊ ရှမ်းပြည် နယ်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအက၊ သီချင်းများဖြင့် ကပြဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြသည်။


ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ စိန်နားပန်မီးပုံးပျံအကြီးသုံးလုံး လွှတ်တင်ခြင်းနှင့် မီးပုံးပျံအလုံး ငယ် ၁,၅၀၀တို့ကို တစ်ပြိုင်တည်း လွှတ်တင်ခဲ့ကြပြီး ဗလာမပါပံ့သ ကူမီးပုံးပျံတစ်လုံးကိုလည်း ရွှေ တောင်ရိုးမိသားစုက လွှတ်တင်လှူဒါန်းခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ဆယ်ရက် တိုင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကျင်းပနေစဉ်ကာလများအတွင်းတွင် ကွင်းအတွင်း၊ အပြင်လုံခြုံရေးအတွက် စီစီတီဗီ(လုံခြုံရေးကင်မရာ)အလုံး၅၀ကိုလည်း တပ်ဆင်ထားရှိကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး စိုင်းဆိုင်ဝမ်းက ပြောသည်။

ယခုနှစ် တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ပြိုင် ပွဲဝင်မီးပုံးအမျိုးအစားများဖြစ် သည့် ညမီးကျည် ၈၄လုံး၊ စိန်နား ပန် ၃၇လုံး၊ နေ့လွှတ်အရုပ်အုပ်စု ၅၁စု၊ အရုပ်ခြေနှစ်နှစ်ချောင်း ၁၃၆ရုပ်၊ ခြေလေးချောင်း ၉၂ရုပ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု တောင်ကြီးတန်ဆောင်တိုင်မီးပုံး ပျံပြိုင်ပွဲကျင်းပရေးဆပ်ကော်မ တီမှ သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List