Tuesday, November 17, 2015

အာဏာမလွှဲပြောင်းခင်ဘာတွေပြင်ဆင်ထားသင့်သလဲ


တချို့ နံနက်ဝေလီဝေလင်းကတည်း က။ တချို့က အလုပ်မအားတဲ့ကြား ကမို့ မိုးစင်စင်လင်းမှ။ တချို့ နေ့လယ်ခင်းမှ။ တချို့က ညနေ ၄ နာရီမထိုးခင်။ နိုဝင်ဘာ ၈ ရက်၏ နံနက်အရုဏ်ဦးမှသည် ညနေ မဲရုံမပိတ်ခင်အထိ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ဆင်နွှဲနေကြပါသော မြန်မာပြည်ကမဲဆန္ဒရှင် ပြည်သူ များသည် ရန်ကုန်မြို့၏ လူစည်ကားရာလမ်းမများပေါ် မှာပင်ရှင်းလို့ လင်းလို့။
လမ်းမများပေါ်မှလူများ အစုံအစုံသော လုပ်ငန်းခွင်အသီးသီးမှ မဲပေးခွင့်ရှိသူများသည်သူတို့ မဲပေးရမည့် သက်ဆိုင်ရာမဲရုံများမှာပင် တစ်နေကုန် အချိန်ပေးနေခဲ့ကြပါသည်။

တချို့သော စစ်တမ်းများ၏အဆိုအရ မြန်မာပြည်ကမဲပေးခွင့်ရှိသူ ၃၃ သန်းခွဲကျော် ၏ ရာခိုင်နှုန်း ၈ဝ ကျော်အထိ ဆန္ဒမဲပေးခဲ့ကြသည်ဟု သိရပါသည်။ လက်လှမ်းမီသလောက်သော ဆန္ဒမဲပေးသူများကို ''ဘယ်သူ့ကို မဲပေးခဲ့သလဲ'' ဟု လိုက်လံ မေးမြန်းကြည့်ခဲ့ရာတွင်လည်း အများစုက ''ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို မဲပေးခဲ့သည်ဟု ဖြေဆိုကြပါသည်။

''မျှော်မှန်ထားတာထက်ကို NLD က အ ပြတ်အသတ်နိုင်သွားတာ''ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်က မှတ်ချက်ပေးသည်။ မြန်မာပြည်က မဲဆန္ဒရှင်ပြည်သူများသည် ၁၉၉ဝ ပြည့်ရွေး ကောက်ပွဲတုန်းက တစ်ကြိမ်နှင့် ယခုတစ်ကြိမ်ပေါင်း လိုက်လျှင် နှစ်ကြိမ်စလုံးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကသာ ရပ်တည်ပေးခဲ့သည်။ ယခုတစ်ကြိမ်ရပ် တည်မှုသည် ၁၉၉ဝ ပြည့်ရွေးကောက်ပွဲတုန်းကထက်ပင်သာလွန်သေးသည်ဟု ၄င်းကသုံးသပ်ပါသည်။

နိုဝင်ဘာ ၉ ရက်ကစပြီး သတ်မှတ်ထား သည့်အချိန်အလိုက် ထုတ်ပြန်ပေးနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲရလဒ်များ အရဆိုလျှင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အပြတ်အသတ်နီးပါး အနိုင်ရရှိနေသည်ကို တွေ့ ရပါသည်။ နိုဝင်ဘာ ၁၃ ရက်၊ မွန်းလွဲ ၃ နာရီနောက် ဆုံးထုတ်ပြန်ချက်အရ အမတ်နေရာ ၃၂၁ နေရာသာ ကျင်းပနိုင်ခဲ့သည့် ပြည်သူ့လွှတ်တော်အမတ်နေရာ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၃၈ နေရာရရှိထားပြီဖြစ်ပါသည်။ အလားတူပဲ ရွေးကောက်ခံ အမတ်နေရာ ၁၆၈ နေရာသာရှိသည့် အမျိုးသား လွှတ်တော်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၁၃၁ နေရာအထိ အနိုင်ရရှိထားပါသည်။

ထို့ကြောင့် လတ်တလောရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့်စာရင်းအရပင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နှစ်ရပ်မှ ဒုသမ္မတလောင်းနှစ်ဦး တင်မြှောက်ခွင့်တင်မကဘဲ ¤င်းတို့လျာထားသည့် သမ္မတကိုတင်မြှောက်ပြီး အစိုးရဖွဲ့ခွင့်ကိုပါရရှိနေပါပြီ။

ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်မည် ဆိုပါက နိုဝင်ဘာ ၁၃ ရက်အထိ နောက်ဆုံးထုတ်ပြန် သောစာရင်းအရ လွှတ်တော်နှစ်ရပ်ပေါင်းအမတ်နေ ရာ ၄၅၇ ဦးထုတ်ပြန်ခဲ့ရာ ၃၆၉ ဦးအထိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားကာ ရာခိုင်နှုန်းအား ဖြင့် ၈ဝ ဒသမ ၇ ရာခိုင်နှုန်းကျော်အထိ အနိုင်ရရှိထား ပြီဟု ဆိုနိုင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ ၉ ရက် ရွေးကောက်ပွဲရလဒ်တွေကို စတင်ကြေညာ ကတည်းကပင် ''အောင်နိုင်ရေးကိုအကြောင်းပြုပြီး ပွဲလမ်းများကျင်းပခြင်း၊ စီတန်းလှည့်လည်ဟစ်ြေ<ွကး ခြင်း၊ ပြိုင်ဘက်ပုဂ္ဂိုလ် အဖွဲ့အစည်းများကိုကဲ့ရဲ့ ပြစ် တင်ခြင်းစသည့်အပြုအမူများကို ရှောင်ရှားကြရန်'' ကြေညာချက်ကို အဖွဲ့ချုပ်အောင်နိုင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးက လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် ရွေးချယ်ခံရသော ကိုယ်စားလှယ် များအနေနှင့် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အကျယ် တဝင့်ရေးသားဖော်ပြခြင်း၊ အောင်နိုင်မှုကိုအကြောင်း ပြုပြီး ဧည့်ခံပွဲကျင်းပခြင်းများကို အထူးရှောင်ကြဉ်ကြ ရန်တိုက်တွန်းထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင် ပိုင်းမှ ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ဝင် ရောက်အရွေးချယ်ခံပြီး အနိုင်ရရှိထားသည့်အမျိုးသား ဒီမိုကရေစီအဖွဲချုပ်မှ ဦးဌေးဦး (စိန်ဂျွန်း)က ''အောင်ပွဲမခံကြဖို့၊ တစ်ဖက်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်အောင်မလုပ်ကြဖို့ အထူးမှာထားပါတယ်။ ရှုံးတဲ့ သူရော၊ နိုင်တဲ့သူရော ကျေကျေနပ်နပ်ဖြစ်အောင် စည်းရုံးညှိနှိုင်းတိုင်ပင်သွားကြရမှာပါ။ အဓိကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အတူလက်တွဲသွားနိုင်ဖို့ပါပဲ''ဟု ပြောပါသည်။

''အထူးသဖြင့် အစိုးရတစ်ဖွဲ့နှင့် တစ်ဖွဲ့အ ကြား အကူးအပြောင်းကာလတွင် နောင်လာနောက် သားမျိုးဆက်သစ်တွေအတွက် စံနမူနာယူရလောက် အောင်ပုံစံမျိုးကို တည်တည်ငြိမ်ငြိမ်ကူးပြောင်းသွားနိုင်ဖို့ အရေးကြီးသည်''ဟု ¤င်းကဆိုပါသည်။ ''ညှိနှိုင်း ရမှာပေါ့။ လက်ရှိအစိုးရရဲ့ လုပ်လက်စအလုပ်တွေကို ဆက်လုပ်သွားနိုင်ဖို့၊ အထူးသဖြင့်ပြည်တွင်းငြိမ်းချမ်း ရေး၊ အပစ်ရပ်ရေးလုပ်ငန်းတွေပေါ့။ ဒါ့အပြင် အသစ် လုပ်စရာရှိတာတွေကိုလည်း ညှိနှိုင်းဆောင်ရွက်သွားရ ပါမယ်''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ပြည့်ရွေးကောက်ပွဲတုန်းကလည်း ယခုလိုမျိုးတောင် ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့်အတွက် ထိုအချိန်ကတပ် မတော်အစိုးရက အာဏာလွှဲပြောင်းမပေးခဲ့ခြင်း၊ လွှတ်တော်မခေါ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုပျက်ပြားခဲ့ကာ အနိုင်ရလွှတ်တော်အမတ်အများစု လည်း ဖမ်းဆီးထောင်ချခံခဲ့ကြရသည်။ ထို့ကြောင့် ယခုတစ်ကြိမ် အနိုင်ရရှိမှုတွင်လည်း ယင်းသို့သော အဖြစ်ဆိုးမျိုးကို ထပ်မံကြုံတွေ့မည်ကို ပြည်သူလူထုက စိုးရိမ်မကင်းဖြစ်နေကြပါသည်။

၁၉၉ဝ ပြည့်ရွေးကောက်ပွဲတွင် တတိယ မြောက် အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ယခုရခိုင်အမျိုးသားပါတီ)ခေါင်းဆောင် ဦးအေးသာအောင်ကတော့ ထို ၁၉၉ဝ ပြည့်တုန်းက အခြေအနေမျိုးထပ်မံကြုံတွေ့ရန်မဖြစ် နိုင်ဟု ယုံကြည်ပါသည်။

''၁၉၉ဝပြည့် ရွေးကောက်ပွဲတုန်းကလို တ ကျော့ပြန်အနိုင်ရတယ်ဆိုပေမယ့် အခြေအနေတွေက မတူတော့ဘူး။ ၉ဝတုန်းက တစည(တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ)က ရှုံးတာ။ အစိုးရက အာဏာကို ထိန်းကျောင်းနိုင်တဲ့ အခြေအနေမှာမရှိဘူး။ လွှတ် တော်တွေ မရှိဘူး။ အခုက ဒါတွေအားလုံးရှိနေတယ်''ဟု ဦးအေးသာအောင်က ဆိုပါသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ် သူဦးဌေးဦး(စိန်ဂျွန်း)ကလည်း ယခုအခါ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ရှိနေပြီဖြစ်သည့်အတွက် ၁၉၉ဝ ပြည့်တုန်းကအခြေအနေဆိုးမျိုး ''မကြုံတွေ့ရ နိုင်ဘူး''ဟုသုံးသပ်ပါသည်။ ''အဲဒီတုန်းက အုပ်ချုပ်သူ (တပ်မတော်အစိုးရ)နဲ့ြီူအကြားမှာ တင်းမာမှု တွေရှိခဲ့တယ်။ အခုက အဲဒီလောက်မရှိတော့ဘူး။ ရှိ တဲ့ဟာကလဲ ချောချောမွေ့မွေ့ဖြစ်အောင် ညှိနှိုင်းသွား လို့ရပါတယ်။ အခက်အခဲ သိပ်မရှိနိုင်ပါဘူး''ဟု ¤င်းကပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဘီဘီစီသတင်း ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ''တိုင်းပြည်ကိုကာ လတာရှည်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်တွေကအစိုးရ ဖွဲ့ခွင့်ပြုလိမ့်မယ်လို့ထင်ပါသလား''ဆိုသည့် မေးခွန်း အပေါ် ''ခေတ်ကပြောင်းသွားပြီ။ လူတွေလဲပြောင်း သွားပြီ။ လူတွေက နိုင်ငံရေးနိုးကြားမှုပိုရှိလာခဲ့ပြီ။ ရွေး ကောက်ပွဲရလဒ်ကို မလျော်မကန်လုပ်ချင်တဲ့ သူတွေ ရှိရင်လဲ လုပ်ဖို့ပိုခက်ခဲသွားပါပြီ''ဟု ဖြေကြားခဲ့ပါသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်းကို အခြေခံပြီး တွေ့ဆုံ ဆွေးနွေးလိုကြောင်း လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းတို့ထံလိပ်မူပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က နိုဝင်ဘာ ၁ဝ ရက်တွင် တောင်းဆိုခဲ့ပါသည်။ ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ်အေးချမ်းမှန်ကန်စွာ အကောင်အထည် ဖော်ခြင်းမှာ နိုင်ငံ့ဂုဏ်သိက္ခာနှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်းအေးချမ်းရေး အတွက် လွန်စွာမှအရေးကြီးသည်ဟုလည်း အဆိုပါတောင်းဆိုလွှာတွင် ထည့်သွင်း ပြောဆိုထားပါသည်။

ထိုနေ့မှာပင် သူရဦးရွှေမန်းက လာမည့်အပတ်ထဲတွင် တွေ့ဆုံရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံမှလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်၏ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မှုလုပ်ငန်းစဉ် ပြီးဆုံးချိန်တွင် တွေ့ဆုံသွားမည် ဟု အကြောင်းပြန်ထားသည်။

ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူ ဦးအေးသာအောင်က ''အမျိုးသား ရင်ကြားစေ့ရေး ရည်ရွယ်ချက်အတွက် အနိုင်ရတဲ့ USDP (ပြည်ခိုင်ဖြိုးပါတီ)အမတ် တွေရော၊ တခြားတိုင်းရင်းသားအမတ်နေတွေရော ညှိနှိုင်းအဖြေရှာသင့်ပါတယ်'' ဟု အကြံပြုသည်။ ထို့အပြင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်အတွင်း အမတ်နေရာ ၂၅ ရာခိုင်နှုန်းအထိရရှိထားသည့် တပ်မတော်သားကိုယ်စားလှယ်များကို ထိန်းကျောင်းသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း အရေးပါသည့် တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင် သွားရန်လိုသည်ဟု ဆိုပါသည်။

''တကယ့်တိုင်းပြည်မှာ အရေးကြီးတာက အပြောင်းအလဲ။ အထူးသဖြင့် ပြည်တွင်းစစ်ရပ်ရေး၊ အပစ်ရပ်ရေး (NCA)ကို ဆက်လုပ်ရေးပါ။ ဒါကြောင့်မို့ NLDရော၊ တပ်မတော်ရော၊ တခြားတိုင်းရင်းသားအနိုင်ရပါတီတွေပါ ပူးပေါင်းညှိနှိုင်းအဖြေရှာ ရပါလိမ့်မယ်''ဟု ဦးအေးသာအောင်က ပြောပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်သည့် တပ်မတော်စည်းရုံးရေးကော်မတီ အစည်းအ ဝေးတွင် တက်ရောက်လာသော တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအား ''ရွေး ကောက်ပွဲ အလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရမည်''ဟု အသိပေးပြောကြားသွားခဲ့သည်။

တစ်ဆက်တည်းတွင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေး၊ တို့တာဝန်အရေး သုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေး စသဖြင့်တို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုပါသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ဦးဌေးဦး(စိန်ဂျွန်း)က တိုင်းပြည် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ၏ ဆုံးဖြတ်ချက်အရ အပြောင်းအလဲ လမ်းကြောင်း ပေါ်ရောက်ခဲ့ပြီမို့ ''ဘယ်သူ့ဘယ်သူမှ မထိခိုက်မနစ်နာအောင်လုပ်ဖို့နဲ့ အပြောင်း အလဲက ညင်ညင်သာသာလေး ကူးပြောင်းသွားဖို့လိုတာပါပဲ''ဟု မှတ်ချက်ပြုပါ သည်။

နိုဝင်ဘာ ၁၁ရက်က ဘီဘီစီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံခန်းမှာ ဖာဂယ်လ်ကီးန်က ''ဒီမိုကရေစီတိုးတက်ဖြစ်ပေါ်လာမှာကို ဗိုလ်ချုပ်ကြီးတွေက တားဆီးရင် လူထုကလက်မခံဘူးလို့ ယုံကြည်နေတယ် ပေါ့''ဆိုသည့် မေးခွန်း အပေါ်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်က ယခုလိုဖြေဆိုသွားခဲ့ပါသည်။

''သူတို့ဒီအတိုင်းငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ဆန္ဒထုတ်ဖော် တဲ့နေရာမှာ အကြမ်းနည်းတွေမသုံးအောင် ကျွန်မတို့ဘက်ကကြိုးစားရမှာပေါ့''

လွင်ပြင် - ရေးသားသည်
Yangon Media Group

No comments:

Post a Comment

My Blog List