Monday, August 10, 2015

ကိုယ်စားလှယ်လောင်းရွေးချယ်မှု ပြန်လည်းစိစစ်ပေးရန် လှည်းကူး NLD အဖွဲ့ဝင် ၄၀ ဆန္ဒထုတ်ဖော်



ရန်ကုန်တိုင်းတွင် NLD ဗဟိုကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်အတည်ပြု လိုက်သည့် လှည်းကူးမြို့နယ် ကိုယ်စားလှယ်လောင်းများအား ပြန်လည် ရွေးချယ်ပေးရန် ဗဟန်မြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းတွင် လှည်းကူး မြို့နယ် NLD အဖွဲ့ဝင် ၄၀ ဦးခန့် ပထမဦးဆုံး ဆန္ဒထုတ်ဖော်ခဲ့သည်။

မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုးကျော်က “ဦးသိန်းတန် ပြည်သူ့လွှတ် တော် မြတ်မာလာထွန်း ဦးဖြိုးမင်း သိန်းတို့ကိုလဲပေးဖို့ဗဟိုနဲ့ ဒေါ်စုကို စာတင်တယ်ရောက်ခရောက်မသိဘူးအချိန်လဲနီးကပ်နေပြီ အခုဆန္ဒပြ ရတာ ပါ ကြံ့ခိုင်ရေးပါတီနဲ့ဝင်ပြိုင်မယ့်သူတွေက အရည်အချင်းမရှိဘူး၊ လက်ရည် မတူဘဲ လက်ဝှေ့ထိုးရင် မနိုင်မှာစိုးလို့ဆန္ဒပြရခြင်းဖြစ်တယ်”ဟု ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List