Sunday, April 05, 2015

(၆) ပွင့်ဆိုင် တွေ့ဆုံမှု ရလဒ်နှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး စောင့်ကြည့်ပြီး ရွေးကောက်ပွဲ ၀င်မ၀င် NLD ဆုံးဖြတ်မည်


NLD ပါတီသည် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုရလဒ်နှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအခြေအနေ များကို စောင့်ကြည့် ပြီး မှသာ ရွေးကောက်ပွဲ ၀င်မ၀င် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ပါတီပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဝင်းမြင့်က ဧပြီလ (၄) ရက်နေ့က  The Messenger Media  သို့ ပြောသည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုမှာ ညှိနှိုင်းရ မှာပေါ့။ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ဘယ်လို အဖြေထွက်မလဲ၊ ဘယ်လို ညှိနှိုင်းလို့ ရမလဲ။ အခြေအနေကို ကြည့်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ကြည့် ရမယ်။ ၀င်ရေး မ၀င်ရေး မဆုံးဖြတ်ရ သေးဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခြေအနေ ကိုလည်း ကြည့်ရမယ် ဟု ဦးဝင်းမြင့်က The Messenger Media သို့ ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးသည် ရွေးကောက်ပွဲ ကော်မရှင်၏ တရား မျှတမှုကိုလည်း ကြည့် ရမည် ဖြစ်ကာ လွတ်လပ်ခြင်းနှင့် တရား မျှတခြင်းသည် မတူညီကြောင်း၊  ယခု NLD သည် အောင်နိုင်ရေး လုပ်ဆောင် နေသည်မှာ ပါတီတစ်ခု၏ လုပ်ငန်းစဉ်အရလုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဦးဝင်းမြင့် က ဆိုသည်။ ဥပဒေ အရ အနည်းဆုံး သုံးနေရာ ၀င်ရောက် ယှဉ်ပြိုင်မှု မရှိပါက ပါတီ ဖျက်သိမ်းရမည် ဆိုသော်လည်း NLD သည် ရွေးကောက်ပွဲ ၀င်မပြိုင်ခဲ့သော ရာဇ၀င်ရှိခဲ့ ကြောင်းလည်း ဦးဝင်းမြင့်က ဆို သည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ပါက ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို ရွေးချယ်မှု တစ်ခုအနေဖြင့် စဉ်းစားနိုင်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က Reuters  သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။ အခြေအနေကို ကြည့်ပြီး ပြတ်ပြတ်သား သား ဆုံးဖြတ်မှာပါ။ မူဝါဒတွေနဲ့ ပတ်သက်ပြီး စဉ်းစားမှာ။ မမျှတဘူး ဆိုရင် စဉ်းစားမှာ မဟုတ်ဘူး ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media  သို့ ပြောသည်။

NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သော ပါတီ ဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ကာ ၂၀၁၅ တွင်လည်း တစ်နိုင်ငံလုံး အနိုင်ရနိုင်မည်ဟု ယင်း ပါတီ ဗဟို သုတေသန အဖွဲ့မှ ပြောကြား ထားသည်။ NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သော်လည်း စစ်တပ်မှ အာဏာသိမ်းခဲ့ရာ အစိုးရဖွဲ့ခွင့် မရရှိခဲ့ပေ။

Messenger News Journal

No comments:

Post a Comment

My Blog List