Tuesday, April 07, 2015

ရုရှားတွင် နစ်မြုပ်ငါးဖမ်းသင်္ဘောပေါ်ပါ မြန်မာ ၄၂ဦးနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည့်အေးဂျင့် ကုမ္ပဏီငါးခုကို သင်္ဘောသားစေလွှတ်ခွင့် ရပ်ဆိုင်း


ရုရှားနိုင်ငံအရှေ့ဖျား အိုခို့စ်ပင်လယ်တွင် နစ်မြုပ်ခဲ့ သော ဒဲလ်နီဗိုစတို့ ငါးဖမ်းသင်္ဘော ပေါ်တွင်ပါဝင်ခဲ့ သည့် မြန်မာနိုင်ငံသား ၄၂ဦးတို့ ချိတ်ဆက်သွားခဲ့သည့် သင်္ဘောကုမ္ပဏီငါးခုကို နိုင်ငံခြား သင်္ဘောများသို့ သင်္ဘောသား စေ လွှတ်ခွင့်ရပ်ဆိုင်းထားကြောင်း သိရ သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ရေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန သင်္ဘောသားဌာနခွဲက သင်္ဘော သားဝန်ဆောင်မှုကုမ္ပဏီ ငါးခုဖြစ် သည့် Sea Rider ကုမ္ပဏီ ၊ Top Chance ကုမ္ပဏီ၊ Asia Wave ကုမ္ပဏီ၊ Light Oasis ကုမ္ပဏီနှင့် Star Global ကုမ္ပဏီတို့ကို နိုင်ငံ ခြားသင်္ဘောများသို့ သင်္ဘောသားစေ လွှတ်ခွင့် ကို ဧပြီ ၃ရက်မှစတင်ကာ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ယင်းကုမ္ပဏီများကို ပိတ်သိမ်း ခဲ့ခြင်းမှာ သင်္ဘောသားဌာနခွဲမှထွက် ခွာရန် တင်ပြသည့် သင်္ဘောပေါ်သို့ တက်ရောက်ခြင်း မရှိဘဲ အခြား သင်္ဘောပေါ်သို့ တက်ရောက်ခြင်းကို သတင်းပို့ရန် ပျက်ကွက်ခြင်းနှင့် ယခု ဖြစ်ပေါ်သည့် ထူးခြားဖြစ်စဉ်များကို အချိန်မီသတင်းပို့ရန် ပျက်ကွက်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ယင်းဌာနခွဲမှ ညွှန်ကြားရေးမှူးဦးတိုးမြင့်က ပြော သည်။

''ဘယ်အချိန်မှာ သင်္ဘောသား စေလွှတ်ခွင့်ကို ပြန်ပေးမလဲဆိုတာ တော့ ခုချိန်မှာ ပြောရခက်ပါတယ် ။ နောက်ပိုင်းကုမ္ပဏီတွေဘက်က သင်္ဘောသားတွေရဲ့ နစ်နာမှုတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆို တာ တွေအပေါ်မှာ မူတည်ပြီးဆုံးဖြတ်ရ မှာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

ယင်းငါးဖမ်းသင်္ဘောပေါ်တွင် ပါဝင်ခဲ့သည့် မြန်မာသင်္ဘောသား ၄၂ဦး၏ ကိုယ်ရေးမှတ်တမ်းများကို သင်္ဘောသားဌာနခွဲ မှ စစ်ဆေးခဲ့ရာ သင်္ဘောသားများအား ထွက်ခွာခွင့် တင်ပြခဲ့သော သင်္ဘောသား ဝန် ဆောင်မှုကုမ္ပဏီ ငါးခုကို စိစစ်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Sea Rider ကုမ္ပဏီမှ ၂၇ဦး၊ Top Chance ကုမ္ပဏီမှ နှစ်ဦး၊ Asaia Wave ကုမ္ပဏီမှ ရှစ်ဦး၊ Light Oasis ကုမ္ပဏီမှ တစ်ဦးနှင့် Star Global ကုမ္ပဏီမှ လေးဦးတို့ ဖြစ်ကြောင်း သင်္ဘောသားဌာနခွဲမှ သိရသည်။

''အခြားပိတ်ခံထားရတဲ့ကုမ္ပဏီ တွေအနေနဲ့ ဘာတွေလုပ်နေလဲဆိုတာ မသိပေမယ့် ကျွန်တော်တို့ကုမ္ပဏီ က တော့ အစိုးရအဖွဲ့အစည်းတွေနဲ့ သံ ရုံးတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက် နေပါတယ်''ဟု Asaia Wave ကုမ္ပ ဏီမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

အသက်ရှင်သည့် သင်္ဘောသား ၂၂ဦး၊ ကွယ်လွန်သော သင်္ဘောသား တစ်ဦး၊ ပျောက်ဆုံးနေသောသင်္ဘော သား ၁၉ဦးဖြစ်ကြောင်း ယနေ့အချိန် ထိ နောက်ဆုံး ရရှိထားသောအချက် အလက်များအရ သိရသည်။

၂ဝ၁၄ခုနှစ် ဧပြီလမှ ၂ဝ၁၅ခု နှစ် မတ်လအတွင်း သင်္ဘောသားဝန် ဆောင်မှု ကုမ္ပဏီငါးခုကိုလည်း သင်္ဘော သားဌာနခွဲက လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းထားခဲ့ကြောင်း သင်္ဘောသားဌာနခွဲမှ သိရသည်။

TTMT
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List