Thursday, April 09, 2015

NCA မူကြမ်းပါ အချက်အချို့ အကောင်အထည်ဖော်မှသာ အပြီးသတ် သဘောတူလက်မှတ်ထိုးမည်ဟု UNFC ထုတ်ပြန်


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်(NCA) အတည်ပြုမူကြမ်း ပါအကြောင်းအရာ အချို့ကို ဆက်လက်ဆွေးနွေးပြီးနောက် လိုအပ်သည့် အကောင်အထည်ဖော်မှုရှိမှသာ အပြီးသတ် သဘော တူ လက်မှတ်ရေးထိုးနိုင်မည် ဖြစ် ကြောင်းညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)က သဘောထားထုတ် ပြန်သည်။
မတ်လ ၃၁ရက် လက်မှတ် ရေးထိုးမှုသည် NCA ကို အပြီး သတ်သဘော တူခြင်း မဟုတ်ဘဲ စာချုပ်မူကြမ်း ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ် နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)တို့ကြား အတည်ပြုလက်မှတ်ရေး ထိုးခြင်းဖြစ်သည်။

ယင်းအတည် ပြုမူကြမ်းကို NCCT က သက်ဆိုင် ရာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များထံတင်ပြ ပြီးနောက် ထိပ်သီးညီလာခံပြုလုပ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း UNFCကဆိုသည်။

ထိပ်သီးညီလာခံတွင် NCA အတည်ပြုမူကြမ်းမှ ပြင်ဆင်ဖြည့် စွက်လိုသည့်အကြောင်းအရာ များ ကို ဆွေးနွေးဆုံးဖြတ်မည်ဖြစ် ပြီး ထပ်မံဖြည့်စွက်လိုသည်များရှိပါက အစိုးရထံ တင်ပြတောင်းဆို မည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင်များက ပြောသည်။ ယင်းသို့ တင်ပြမှုများကို အစိုးရအနေဖြင့်ဆောင်ရွက် ညှိနှိုင်းပေးပါက အ တည်ပြုလက်မှတ်ရေးထိုးနိုင်မည့် အနေအထားဖြစ်သည်။

UPWCနှင့် NCCTတို့ သ ဘောတူထားသည့် NCAမူကြမ်း ပါအကြောင်းအရာအချို့ကိုဆက် လက်ဆွေးနွေး မည်ဖြစ်ပြီးလိုအပ် သည့်အကောင်အထည်ဖော်မှုရရှိ မှသာ အပြီးသတ်လက်မှတ်ရေး ထိုးနိုင် မည်ဖြစ်ကြောင်း UNFC က ဧပြီ ၇ရက် ရက်စွဲဖြင့်ထုတ်ပြန် သည်။ ‘‘အပြီးသတ်လက်မှတ်ရေး ထိုးမယ်၊ မထိုးဘူးဆိုတာက ထိပ် သီးညီလာခံပြီးမှ သိနိုင်မှာပါ’’ဟု NCCTမှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

UPWCနှင့် NCCTကြားတစ် နှစ်ကျော်အကြာဆွေးနွေးနေသည့် NCA မူကြမ်းကို ပဏာမ အဆင့် သဘော တူညီကြောင်းမတ်လ၃၁ ရက်က သမ္မတရှေ့မှောက်တွင် နှစ်ဖက် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ခဲ့သည်

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ်ရေး ထိုးခြင်း အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ− MPC)
7Day Daily

No comments:

Post a Comment

My Blog List