Tuesday, April 07, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်အဖြစ်ဆက်ရှိမည်လား


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် နောက်ထပ်လေးနှစ် ကျော် ထပ်ရှိနေ ဦးမည်လားဆိုသည့်သတင်းက တပ်မတော်နှင့် နီးစပ်သူများ၊ အစိုးရနှင့်နီးစပ်သူများကြား ထွက်ပေါ်နေ သည်။ ထို့ကြောင့် ယခုလပိုင်းအတွင်းမှာပင် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား သက်တမ်းကို အသက်(၆၀)နှစ် အစား (၆၃) နှစ်  (သို့မဟုတ်) (၆၅) နှစ် သို့ပြောင်းလဲသတ်မှတ်နိုင်ကြောင်း မှန်းဆချက်များ အစိုးရ တပ်မတော်နှင့်နီးစပ်သူများကြား ယခုရက်ပိုင်းအတွင်းထွက်ပေါ်နေပါ သည်။
အသက် (၅၉) နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  သည် အငြိမ်းစားယူရန် ၂၀၁၆တွင် အသက်ပြည့် မည်ဖြစ်သည်။ ထွက်ပေါ်လာသောမှန်းဆချက်များအရ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ၂၀၁၉ အထိ တပ်ချုပ် ရာထူး၌ဆက်လက် ရှိနိုင်ကြောင်း သုံးသပ်နေကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်ပတ်သက်၍ ‘‘သူ့ရဲ့နိုင်ငံ ရေးရည်မှန်း ချက်က နှစ်ခုပဲ။ တစ်ခုက ဒီ ၂၀၁၅ရွေးကောက်ပွဲအပြီး သက်တမ်း သမ္မတဖြစ်မလား။ မ ဖြစ်ရဘူးဆိုရင် နောက်သက်တမ်း အထိ တပ်မတော်ကို ကာချုပ်အ ဖြစ်နဲ့ ဆက်ထိန်းသွားဖို့ပါပဲ။အဲဒီ လို ဆက်နေခွင့်ရဖို့ဆိုရင် သူ့ရဲ့ အငြိမ်းစား သက်တမ်းကို တိုးရမယ်။ အဲဒီလိုတိုးဖို့အတွက်ကိုအခု အုပ်ချုပ်ရေးအဖွဲ့က သဘောတူ ပုံရတယ်။ ကာလုံ က သဘောတူတယ်’’ဟု အမေရိကန်ပြည် ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘာကလေ တက္ကသိုလ် တွင် နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့အတွက်စာတမ်းပြုစုလျက်ရှိသည့် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင် ကပြောသည်။

၎င်းသည်ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကပင် နေပြည်တော်၌ တပ်မတော်ထိပ်တန်းအရာရှိများ၊ အစိုးရအဖွဲ့ များနှင့်တွေ့ဆုံခဲ့သူ တစ်ဦးဖြစ်သည်။တပ်မတော်အ နေဖြင့် မြန်မာနိုင်ငံ အသွင်ကူး ပြောင်းစကာလက ထက် စာလျှင် ယခုအချိန်၌ သြဇာပိုထူထောင် လာပုံရသည်ဟုလည်း ၎င်းက သုံး သပ်သည်။

‘‘ကျွန်တော်သုံးသပ်မိသ လောက် ကြားထားတဲ့အချက်အ လက်တွေအရဆိုရင် လက်ရှိအ ခြေအနေမှာ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ တပ် ကိုပိုပြီးတော့ ပြုပြင်ပြောင်းလဲမှု တွေ တပ်ကိုပိုပြီးတော့ တိုးတက် မှုရှိအောင်လုပ်ချင်တယ်။ ဒါမှ မဟုတ် ကာကွယ်ရေးဦးစီး ချုပ်ရဲ့ သက်တမ်းကို (၆၀) ကနေ (၆၃) သို့မဟုတ် (၆၅) အထိ တိုးဖို့အစီ အစဉ်ရှိတယ်လို့သိရပါတယ်’’ဟု  ဦးမင်းဇင်ကပြောသည်။

ထို့ကြောင့် တပ်ချုပ်၏ ပင် စင်သက်ကို ပြင်ခြင်း (သို့မဟုတ်) ၀န်ထမ်းများ၏ ပင်စင်သက်ကို ပြင်ခြင်း ပြု လုပ်နိုင်သည်ဟု နိုင်ငံ ရေးလေ့လာသူအချို့က ခန့်မှန်း နေသည်။ အစိုးရ၀န်ထမ်းများ၏ အငြိမ်းစားသက် တမ်းကို အပြောင်းအလဲလုပ်နိုင်သည် ဆို သောသတင်းမှာ အပြောများနေ ကြကြောင်းလည်း အစိုး ရနှင့်ရော တပ်နှင့်ပါ နီးစပ်သူအချို့က ဆို သည်။

ဤအတောအတွင်းမှာပင် ဧပြီ ၁၀ရက်၌ ထိပ်သီးခြောက်ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေ မန်းက ဧပြီ ၆ရက် တနင်္လာနေ့တွင် ပြော ကြားထားသည်။  ပြည် ထောင်စုလွှတ်တော်က ဆုံးဖြတ် သည့် ခြောက်ပွင့်ဆိုင်မှာ နိုင်ငံ တော် သမ္မတ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသားကိုယ်စားလှယ်တစ် ဦးတို့ဖြစ်သည်။

အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ၏အစည်းအ ဝေးကို သောကြာနေ့တိုင်းပြုလုပ် လေ့ရှိ၍ ပြီးခဲ့သည့်သောကြာကာ လုံအစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အ ငြိမ်းစားသက်တမ်း တိုးရေးအပါ အ၀င်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ပြု လုပ်နိုင်ခဲ့ခြေရှိသည် ဟု နိုင် ငံရေး လေ့လာသူများက သုံးသပ်ကြသည်။ သို့သော် အငြိမ်းစား သက်တမ်းတိုးခြင်းကို လွှတ်တော်သို့ ဖြတ် သန်းပြီးမှ အတည်ပြုရမည်ဆိုလျှင် ခက်ခဲနိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ပြောသည်။ အကြောင်း မှာ အစိုးရလုပ်ဆောင်လိုသော ကိစ္စတိုင်းကိုလွှတ်တော်က သဘောတူခြင်းမဟုတ်ဘဲ ယခုနောက်ဆုံး အစိုးရ၏ အတွင်းဝန်ခန့်ရေးကြိုးပမ်းမှု မှာလွှတ်တော် သဘောမတူ၍ ကြန့်ကြာနေသောကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ အ ချို့က သုံးသပ်သည်။

သို့သော် တစ်ဖက်တွင် လည်း အငြိမ်းစားသက်တမ်းတိုး မည့်အကြောင်း၊ အဆိုတစ်စုံတစ် ရာလွှတ်တော်သို့ မရောက်ရှိသေး ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့ကပြောသည်။

‘‘အငြိမ်းစားသက်တမ်းတိုးမယ့်သတင်းမကြားမိသေးဘူး။တ ကယ်လို့ တိုးမယ့်ရည်ရွယ်ချက်ရှိ ရင်၊ ဥပဒေပြ ဋ္ဌာန်းထားချက်ရှိရင် အဲဒီဥပဒေနဲ့အညီပဲဆောင်ရွက်ရ မယ်။ လွှတ်တော်ကိုတင်ရမယ်။ သမ္မတအမိန့်ညွှန်
ကြားချက်နဲ့ဆိုရင် ဥပဒေကဲ့သို့ အာဏာတည် သောအမိန့်နဲ့ကြေညာတာဆိုရင် တော့ တစ်မျိုးပေါ့’’ ဟု ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းကပြောသည်။

၂၀၁၄ အစောပိုင်းကစ၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် မြန်မာ့နိုင်ငံရေး သုတေသီများက အာရုံပိုစိုက်လာကြသည်။ မြန်မာ့ လွတ်လပ်ရေးရကတည်းကစ၍ အနှစ် ၆၀ ကျော် သက်ဆိုးရှည်နေ သော ပြည်တွင်းစစ်ပဋိပက္ခနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်း ချမ်းရေးဆွေးနွေးပွဲ စာပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ညှိနှိုင်းလာသည့် တပ်မတော်၊ ပြီးခဲ့သည့်တစ်ပတ် တိတိကပင် အစိုးရနှင့်တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြား တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းရရှိသွား သည့်အနေအထားအစရှိသည်တို့  သည် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် တစ်နည်းတစ် ဖုံနိုင်ငံရေးအမှတ်ရ စေမည့် လှုပ်ရှားမှုများပင်ဖြစ်သည်ဟု သုံးသပ်လာကြသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ ဆုံမှုများပြုလုပ်ခဲ့သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်၏သမီးဖြစ်သည့် မဆုမွန် သဇင် အောင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စောင့်ကြည့်ရ မည့်သူအဖြစ် The Foreign Policy မှ တစ်ဆင့် ထုတ်ဖော်ရေးသားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြီးခဲ့သည့်ဖေဖော်ဝါရီ၁၄ ရက်တွင် Eleven မီဒီယာနှင့်အင်တာဗျူး၌ ပင်စင်သက်နှင့်ပတ် သက်၍  ‘‘လတ်တလောအတွင်း၊ လက်ရှိအခြေအနေအတွင်းမှာ တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်ရဲ့ လုပ်ငန်းကတော့ တော် တော်လေးကျယ်ပြန့်တယ်။ အ များကြီးလည်း ရှုပ်ထွေးပါ တယ်။  အများကြီးပဲလည်း ကြိုးစားပမ်း စားနဲ့ တကယ်ကို စိတ်ရော ကိုယ် ရောနှစ်ပြီးတော့လုပ်တာဖြစ်တဲ့ အတွက်ကြောင့် ဒီကိစ္စတွေကို တော့ သိပ်လည်းခေါင်းထဲမှာမရှိ ပါဘူး။ အတွေ့အကြုံကတော့ ဖြတ်သန်း ခဲ့တဲ့ အတွေ့အကြုံရှိပါ တယ်။ ရှိတဲ့အတွက်ကြောင့် ဦး စားပေးဖို့အစီအစဉ်ထဲမှာတော့ ကိုယ့်မှာမရှိ ဘူး။ နောက်တစ်ခုက  ၂၀၁၆ကတော့ဟုတ်ပါတယ်။(အ သက် (၆၀) ပြည့်မည့်ခုနှစ်) ၂၀၁၅ မှာမဟုတ် ပါဘူး။ ၂၀၁၆မှာပြည့် မှာဖြစ်ပါတယ်။ စောလည်းစော ပါသေးတယ်။

၂၀၁၅အောက်တို ဘာ၊ နိုဝင်ဘာရွေးကောက်ပွဲဆို တော့ အသက်လည်းမပြည့်သေးပါဘူး။ အဲဒီကျတော့ တိုင်းပြည်ရဲ့ လိုအပ်ချက် ဘယ်လိုရှိမလဲ။ တပ်မတော်ရဲ့လိုအပ်ချက် ဘယ်လိုရှိမလဲဆိုတာကိုတော့ ကိုယ်လည်းမပြောနိုင်သေးဘူး။ ဒီမှာလည်း မျိုးစုံပြောနေကြတာ ရှိတယ်။ ပုဂ္ဂိုလ်ချင်း၊ တစ်ဦးချင်း ရဲ့ထုတ်ဖော်ပြောဆိုမှုတွေ ရှိတယ်။ ပတ်ဝန်းကျင်ကနေပြီးတော့မှ သုံးသပ်ချက်တွေနဲ့ ပြောနေကြ တာတွေ ပြောဆိုမှုတွေလည်းရှိတယ် ။ ဒါ တွေကတော့ သူတို့ရဲ့ သုံးသပ် ချက်တစ်ဦးချင်းရဲ့အမြင်သာဖြစ် ပါတယ်။ ကိုယ့်အနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်ပြီးသိပ်ရှေ့တန်း မပေးဘူး။ ဦးစားမပေးဘူးလို့ပဲ ပြော ချင်ပါတယ်’’ ဟု ပြောခဲ့သည်။

နိုင်ငံရေးနယ်ပယ်ထဲသို့ ၀င် ရောက်ရန်ရှိ၊ မရှိနှင့်ပတ်သက်၍ လည်း ‘‘ဘာကိုမှ မစဉ်းစားထား သေးဘူး။ ခုနကပြောသလိုပေါ့။  ဘာမှ မစဉ်းစားထားသေးဘူး။ ဘာလို့လဲဆိုတော့ တိုင်းပြည်ရဲ့လိုအပ်ချက်၊ တပ်မတော်ရဲ့ လိုအပ်ချက်ကဘာမှန်းဆိုတာ ကိုယ်တို့မပြောနိုင်သေးဘူး။ လောလောဆယ် ဘာမှ မပြောနိုင်သေးဘူး’’ ဟု တပ်ချုပ်ကဖြေကြားခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List