Wednesday, April 08, 2015

ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံသူအချို့ ဦးခေါင်းတွင် ဒဏ်ရာများရရှိထားဟု မိသားစုဝင်များပြောကြား


ပင်မကျောင်းသား သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ရိုက်နှက်ဖမ်းဆီးခံ ရသည့် ကျောင်းသားများနှင့် ၀န်းရံသူ အချို့တွင် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာ ရရှိ၍ စိုး ရိမ်ဖွယ်ရာရှိနေကြောင်း လက်ပံ တန်းမြို့နယ်တရားရုံးတွင် ဧပြီ ၇ ရက် ရုံးထုတ်စဉ် ၎င်းတို့၏ မိသား စုဝင်များက ပြောကြားသည်။
ပင်မကျောင်းသားသပိတ် စစ်ကြောင်းကို မတ်လ ၁၀ ရက် တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြို ခွင်းရာ၌ ရိုက်နှက်ဖမ်းဆီးခဲ့သဖြင့် ကျောင်းသားများနှင့် ၀န်းရံသူ များ၏ ဦးခေါင်းတွင် ဒဏ်ရာများရ ရှိခဲ့ကြောင်း ရုံးထုတ်စဉ် တွေ့ဆုံ ခွင့်ရသည့် တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

‘‘အခုကျောင်းသားတွေက ဦးခေါင်းမှာ ဒဏ်ရာရထားတာ အများစုဖြစ်နေ တယ်။ အဲဒီဒဏ် ရာတွေက ဦးခေါင်းမှာထိတာ ကြောက်စရာကောင်းတယ်။ အဲဒီ လို ဒဏ်ရာက အသက်အန္တရာယ် နီးစပ်တဲ့အတွက် ရန်ကုန်မြို့က ဦးနှောက်အာရုံကြော အထူးကု ဆရာဝန်တွေ လာပြီးတော့ ဒီကလေးတွေကို စစ်ဆေးစေချင် တယ်။ အခုက ဓာတ်မှန်ရိုက်တာ က သာမန်ပဲ။ တချို့ ကလေးတွေ ရဲ့ ခေါင်းတွေကို စမ်းကြည့်တော့ ပျော့ စိပျော့စိဖြစ်နေတယ်’’ဟု ဦး ရောဘတ်စန်းအောင်က ပြော ကြားသည်။

အဆိုပါဒဏ်ရာရရှိသူများ ကို သာယာဝတီဆေးရုံသို့ ပို့ ဆောင်၍ ဓာတ်မှန် ရိုက်ပေးထား ပြီး ရလဒ်ကို မသိရသေးကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ သည့် ၎င်း၏ မိခင် ဒေါ်ခင်ခင်ယု က ပြောသည်။

‘‘သားရဲ့ နောက်စေ့မှာ ပျော့ စိပျော့စိ ဖြစ်နေတာကို စိတ်ပူလို့မေးတော့ ဓာတ်မှန်ရိုက်ထား တယ်လို့ ပြော တယ်။ အခုစမ်း ကြည့်တော့ သားရဲ့ နောက်စေ့နား မှာ ပျော့စိပျော့စိဖြစ်နေတယ်။ အခုလည်း ခေါင်းမူး တာတွေ ရှိတယ်။အခု ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တော့ ဆေးကုသခွင့်ကို လျှောက် လွှာတင်ဖို့ စီစဉ်ထား တယ်’’ ဟု ဒေါ်ခင်ခင်ယုက ပြောကြားသည်။

သာယာဝတီထောင်အတွင်းဖမ်းဆီးထားသည့် ကျောင်းသား ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားနှင့် ၀န်းရံသူများကို လက်ပံ တန်းမြို့နယ် တရားရုံးက တရား စွဲဆိုပြီးနောက် ဒုတိယ အကြိမ် မြောက် ရုံးချိန်း အဖြစ် ဧပြီ ၇ ရက် နံနက်က ရုံးထုတ်စစ်ဆေးခဲ့ သည်။

ကျောင်းသားများအား ရုံး ထုတ်စစ်ဆေးစဉ် ရဲတပ်ဖွဲ့အင် အား ၁၀၀ ခန့် အသုံးပြု၍ လုံခြုံ ရေးချထားခဲ့ သည်။ ကျောင်းသား နှင့် ၀န်းရံသူများကို တွေ့ဆုံရာ တွင် မိသားစုဝင်များအား ဖုန်း၊ ကင်မရာ၊ အသံဖမ်း စက်များ ယူ ဆောင်ခွင့်မပြုခဲ့ပေ။ လက်ပံတန်း မြို့နယ် တရားရုံးတွင် ကျောင်း သား၊ ၀န်းရံပြည်သူများနှင့် ၎င်း တို့၏ မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိပြီးနောက် မီဒီယာများနှင့် ဆယ့်ငါးမိနစ်ကြာ ပထမဆုံးအ ကြိမ် တွေ့ဆုံခွင့်ပေးခဲ့သည်။

‘‘အခု တရားစီရင်ရေးစနစ် က ပွင့်လင်းမြင်သာမှုမရှိပါဘူး။ လုံခြုံရေးအင်အားတင်းကျပ်ထား တာ ဖြစ်ပါ တယ်။ အပြင်မှာ ရှေ့ နေတွေနဲ့ တွေ့ခွင့်ရဖို့ ခက်ခဲသလို မျိုးပဲ။ မိသားစုတွေနဲ့ ထောင်ဝင် စာတွေ့ခွင့်ရတဲ့ အခါမှာ တချို့လူ တွေ တွေ့ခွင့်မရသေးတာ တွေ့ရ ပါတယ်။ အများပြည်သူအားလုံး ရဲ့ ရှေ့မှာ ပွင့်လင်းမြင် သာတဲ့ တရားစစ်ဆေးမှုမျိုးကို လိုချင်ပါ တယ်။ ဒီနေ့ဆိုရုံးချိန်း သုံးချိန်းရှိပါ တယ်။ ဒီနေ့အချိန်ထိ စစ်ဆေးမေး မြန်းတာမျိုး မရှိသေးပါဘူး။ တရား စီရင်တဲ့နေရာမှာ အများပြည်သူ ရော၊ မီဒီယာရော ၀င်ရောက် ခွင့်ရဖို့ ကျွန်မတို့တောင်းဆိုထား ပါတယ်’’ ဟု ကျောင်းသားခေါင်း ဆောင် မဖြိုးဖြိုးအောင်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။

ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) စသည့် ပုဒ်မငါးခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောင်းသားနှင့် ၀န်းရံသူ ၆၉ ဦး အပါအ၀င် ရန်ကုန်မြို့၌ ဖမ်းမိခဲ့ သည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်တို့ကို လက်ပံ တန်းမြို့နယ် တရားရုံးတွင် တ ပေါင်းတည်းရုံးထုတ်စစ်ဆေးခဲ့ပြီး ဧပြီ ၉ ရက်သို့ ရုံးချိန်းပြန်ပေးခဲ့ သည်။

အလားတူပင် ဖမ်းဆီးခံရမှု တွင် ပါဝင်ပြီး ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုခြင်း မခံရဘဲ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် တရားစွဲဆိုခဲ့ ကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ သည့် ၀န်းရံသူ ၁၁ ဦးကို လက်ပံ တန်းမြို့နယ် တရားရုံးတွင် စစ် ဆေးခဲ့ပြီးနောက် ဧပြီ ၉ ရက်သို့ ရုံးချိန်းပြန်ပေးခဲ့သည်။

‘‘သူတို့ကို ဒီနေ့ရုံးထုတ်ပြီး တော့ ဧပြီ ၉ ရက်ကို ရုံးချိန်းပြန် ပေးခဲ့တယ်။ နန္ဒစစ်အောင်ကို ၆၉ ယောက် နဲ့ ပေါင်းပြီးတော့ တရားစွဲထားတယ်။ ၉ ရက်နေ့ ရုံးချိန်းက ရုံးပြောင်းမကျသေးတဲ့ အတွက် လက်ပံတန်း မှာပဲ ရုံးထုတ်မှာပါ’’ ဟု ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းစိန်က ပြောသည်။

သာယာဝတီထောင်အတွင်း ဖမ်းဆီးခံရထားသည့် ကျောင်း သားနှင့် ၀န်းရံသူများအနက် အဝေးသင် တက္ကသိုလ်တက်ရောက်နေ သည့် ကျောင်းသား ၁၃ ဦးကို ကျောင်းသားအဖြစ် အသိအမှတ် ပြုမှုအပေါ် အဝေးသင်တက္ကသိုလ်များထံ တရားဝင် မေးမြန်းသွား မည်ဖြစ်ကြောင်း ဧပြီ ၇ ရက် လက်ပံတန်းမြို့နယ် တရားရုံးတွင် ကျောင်းသား၊ ၀န်းရံသူများနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည့် NNER အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ဧပြီ ၇ ရက် ရုံးထုတ်ချိန်တွင် တွေ့ရသည့် မဖြိုးဖြိုးအောင်နှင့် မအိသဉ္ဇာမောင် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List