Q::အခု အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု(မူကြမ်း) ကို အပြီးသတ်အကောင်အထည်ဖော်နိုင် ဖို့အရေး ဆရာတို့ NCCT အဖွဲ့အနေနဲ့ ရှေ့ဆက်ဘာတွေဆက်လုပ်သွားဖို့ စီစဉ်ထားပါသလဲ။
A::ဒီမူကြမ်းက ပဏာမအဆင့်ပဲရှိပါသေးတယ်။ ဒီမူကြမ်း မှာပါတဲ့ အချက်တွေကို ကျွန်တော်တို့တိုင်းရင်း သားအဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဒါတွေကို တင်ပြရမယ်။
A::ဒီမူကြမ်းက ပဏာမအဆင့်ပဲရှိပါသေးတယ်။ ဒီမူကြမ်း မှာပါတဲ့ အချက်တွေကို ကျွန်တော်တို့တိုင်းရင်း သားအဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဒါတွေကို တင်ပြရမယ်။
အဲဒီအဖွဲ့အစည်းပေါင်းစုံမှာ ပါဝင်တဲ့ တိုင်း ရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ လိုအပ် ရင် ဒီမူကြမ်းထဲမှာပါတဲ့ အချက်အချို့ကိုပြင်ဆင်မယ်။ ဖြည့်စွက်ချင် ဖြည့်စွက်မယ်။ အဲဒါပြီးမှ အတည်ဖြစ် မယ်။ အဲဒီ အတည်ဖြစ်ပြီးတဲ့အခြေခံမူအပေါ်မှာ အဲဒီခေါင်း ဆောင်တွေကိုယ်တိုင် ပါဝင်လက်မှတ်ထိုးမယ်။ အဲဒီအခါ ကျမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စာချုပ်တရားဝင်ဖြစ်လာမယ်။ အခု ကျွန်တော်တို့ လက် မှတ်ထိုးထားတဲ့အဆင့်က အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ် စားလှယ် NCCT တို့အကြား လက်မှတ်ထိုးလိုက်ကြတဲ့ အဆင့်ပဲ ရှိသေး တယ်။
Q:အခု ဆရာတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တွေ တက်ရောက်မယ့် ထိပ်သီးအစည်း အဝေးမှာ NCCT ထဲမှာပါတဲ့ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပဲတက်မှာလား။ ကျန်တဲ့ NCCT ထဲမှာမပါတဲ့ လက်နက်ကိုင်အဖွဲ့တွေပါ တက်ကြ ဖို့ ရှိပါသလား။
A::ဒီ NCCT ထဲမှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့ကို ကျွန်တော်တို့အဓိကထားဖိတ်မယ်။ ကျန်တဲ့ NCCT ထဲမှာ မပါတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့ဖိတ် ပါ့မယ်။ လေ့လာသူအနေနဲ့ ပဲ ဖြစ်ဖြစ်ပေါ့။ သူတို့ဘက်က အမြင်တွေ၊ သဘောထားတွေ သိရအောင်ပါ။ ပြီးတော့ သူ တို့ကိုယ်တိုင် ပါဝင်ဆွေးနွေးဖို့ကိုလည်း ကျွန်တော်တို့လို လားတယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ကြိုး ပမ်းနေတာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ် တယ်။ အဲဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပြီး
တဲ့နောက် မှာ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကျရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးဟာ တစ်စုတစ်စည်းတည်းဖြစ် ဖို့လိုတယ်။ ဒါမှ ထိရောက်မယ်လို့ ကျွန်တော်တို့မြင်တယ်။ အဲဒီဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် NCCT ထဲမှာ မပါတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့ ဖိတ်ရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
Q::အဲဒီတချို့လက်နက်ကိုင်အဖွဲ့တွေ NCCT ထဲမှာ မပါ လာရခြင်းအကြောင်းကို ဆရာရှင်းပြပေးလို့ရ မလား။
A::တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ ညီလာခံကို ၂ဝ၁၃ နိုဝင်ဘာလဆန်းမှာ လိုင်ဇာမှာ ကျင်းပပြီး NCCT ကိုစဖွဲ့ဖြစ်တယ်။ အဲဒီတုန်းက တချို့အဖွဲ့တွေ မတက်ဘူး။ 'ဝ'အဖွဲ့တို့၊ မိုင်းလားအဖွဲ့တို့ မတက်ဘူး။ သူတို့က ဘာကို မြင်ပြီး မတက်တာလဲတော့ မသိဘူး။ အဲဒီမှာ တက်လာ တာက ၁၇ဖွဲ့၊ အဲဒီ၁၇ဖွဲ့ထဲမှာ ၁၆ဖွဲ့က သဘောတူပြီးတော့ ဒီ NCCT ကို ဖွဲ့ခဲ့တာပါ။ အဲဒီထဲမှာ ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ (RCSS ) အဖွဲ့ကတော့ သူတို့ NCCT ထဲမှာပါဝင်ဖို့ သူတို့ခေါင်းဆောင်တွေ
က လက်မှတ်ထိုးခွင့် မပေးထားဘူးလို့ ပြောတယ်။ နောက်ပိုင်း သူတို့ခေါင်းဆောင် တွေကို ပြန် တင်ပြတော့လည်း NCCT ထဲမှာ တင်းပြည့်ပါ ဝင်ဖို့ သဘောထားမရှိဘူးလို့ အကြောင်းပြန်တယ်။
Q::အခုလို NCCT ထဲမှာ 'ဝ'အဖွဲ့တို့လို အင်အားကြီးအဖွဲ့ တွေမပါတဲ့အတွက် NCCT က အစိုးရနဲ့ အပစ် အခတ်ရပ်စဲ ရေး လက်မှတ်ထိုးနိုင်ခဲ့ရင်တောင်မှ သေနတ်သံတိတ်သွားမယ်လို့ ဆရာယုံကြည်ပါသလား။
A::အခု NCCT အနေနဲ့ ဆွေးနွေးနေတဲ့အပေါ်မှာ 'ဝ' တို့၊ မိုင်းလားတို့၊ RCSS တို့က တစ်ခါတလေ လေ့ လာသူ အနေနဲ့တက်တယ်။ သူတို့မတက်သည့်တိုင် ဒီဆုံးဖြတ်ချက် သဘောထားတွေကို သူတို့ ပြန်လေ့ လာတယ်။ ကျွန်တော် တို့လုပ်ဆောင်နေတဲ့ကိစ္စအပေါ်မှာ သူတို့ စိတ်ဝင်စားတယ်၊ လေ့လာတယ်။ သူတို့လည်း လက်ခံတယ်ဆိုတဲ့ သဘော ထားတွေ ရှိပါတယ်။ ကျွန်တော်တို့နဲ့ တစ်ပူးတစ်ပေါင်း တည်း ပါဝင်ဖို့ဆိုတဲ့အနေအထားမှာ သိရသလောက် 'ဝ' တို့၊ မိုင်းလားတို့ဆိုရင် သူတို့က တစ်ဖက်နိုင်ငံအပေါ်မှာ မှီခို နေရတဲ့ အနေအထားဆိုတော့ ကျွန်တော်တို့လို မလွတ်လပ် ဘူးပေါ့ဗျာ။ အဲဒါကြောင့် သူတို့မပါဝင် တာ ဖြစ်တယ်။ ဒါ ပေမဲ့ အခုကျွန်တော်တို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် တွေကို သူတို့သဘောတူလို့ လက်ခံလို့ လေ့လာနေတယ်။ တစ်ချိန်မှာ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကျရင် အတူတူ ပါဝင်ဖို့ သူတို့မှာ သဘောထားရှိပါတယ်။
Q::ဒီအခြေအနေမျိုးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာ တဲ့အခါကျရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်လာလိမ့်မယ်လို့ ဆရာယုံကြည်ပါသလား။
A::ဟုတ်ကဲ့။ အားလုံးပါဝင်လာမယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ ဒါပေမဲ့တစ်ခုခက်နေတာ က လောလောဆယ် အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်နဲ့ ပလောင်အဖွဲ့တို့ပေါ့။ ပလောင်အဖွဲ့ကတော့ အခုအစိုးရက သတ်မှတ်ထားတဲ့ ၁၆ဖွဲ့ထဲမှာပါတယ်။ ဒါပေမဲ့ ကိုးကန့်အဖွဲ့ကတော့ အစိုးရ ဘက်က နိုင်ငံရေးအရ ဖြေရှင်းဖို့တောင် လက်မခံပါဘူး။ ဒါကတော့ ကျွန်တော်တို့ဖြတ်ကျော်ရမယ့် အခက်အခဲပေါ့ ဗျာ။ ကိုးကန့်အဖွဲ့က မျိုးနွယ်စုအားဖြင့် တစ်ဖက်နိုင်ငံရဲ့ မျိုးနွယ်စုဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပိုင်နက် ထဲမှာရှိတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားလူ မျိုးစုတစ်စုအဖြစ် အသိအမှတ်ပြုထားတယ်။ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေအရလည်း သူတို့ကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတစ်ခုအနေနဲ့ ထည့်ထားတယ်။ အရင်ကလည်း အစိုးရနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ဒါကြောင့် သူတို့ကို ပစ်ထားလို့တော့မရဘူး။ ဒါကို လက်မခံဘူးဆိုရင် သူတို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန် တော်တို့ကြိုးပမ်းနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ဟာက အဓိပ္ပာယ်မရှိတော့ဘူး။အဲဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်မယ့်ညီလာခံ ကို ဘယ်နေ့ဘယ်နေရာမှာ လုပ်ဖို့ စီစဉ်ထားလဲသိပါရစေ။အခု ကျွန်တော်တို့ အကြိုညှိနှိုင်းမှုလုပ်ရဦး မှာမို့ ညီ လာခံလုပ်မယ့်ရက်စွဲကိုတော့ မပြောနိုင်သေးဘူး။ နေရာ ကတော့ အစိုးရခွင့်ပြုချက်ပေးမယ်ဆိုရင် ပြည် တွင်းမှာပဲ လုပ်ချင်တယ်။ အစိုးရက ခွင့်မပြုဘူးဆိုရင်တော့ အပြင် တစ်နေရာရာပဲ လုပ်ရမှာပေါ့။
Q::အခု မူကြမ်းလက်မှတ်ထိုးနိုင်ခဲ့လို့ သမ္မတကြီးကတော့ ငြိမ်းချမ်းရေးရောင်စဉ်တွေသာမက အလင်းရောင်ပါ သမ်း လာပြီလို့ ပြောတယ်။ ဒီစကားပေါ်မှာ ဆရာတို့ဘက်က ရှေ့ ဆက်သွားဖို့ ဘယ်လောက်ယုံကြည်မှုရှိပါသလဲ။
A::ကျွန်တော်တို့ဘက်ကလည်း ရောင်ခြည်သမ်းလာတယ် ဆိုတဲ့စကားကို လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီအလင်းရောင် က ဘယ်လောက်အတိုင်းအတာအထိပဲ သမ်းမလဲဆိုတာ ကတော့မပြောနိုင်ဘူး။ ဒီပဏာမအဆင့် သဘောတူညီမှု ရဖို့တောင် ကျွန်တော်တို့ဆွေးနွေးလာတာ အကြိမ်ပေါင်း မနည်းတော့ ဘူး။ ဃြဃွှ မပေါ်ပေါက်ခင့် င်္ဃြအနေနဲ့ ဆွေးနွေးတာ တစ်နှစ်လောက်ရှိတယ်။ အခု NCCT နဲ့ ဆွေးနွေး တဲ့အခါကျတော့ တစ်နှစ်နဲ့ ငါးလကြာတယ်။ ဒီ လောက် အချိန်အကြာကြီးပေးပြီးမှ ဒီလောက်နားလည်မှု ရတာပါ။ ဒီအဆင့်ကတော့ ရှေ့ဆက်သွားဖို့ တောင်တစ် လုံးကျော်လို့ရပြီ ဆိုတဲ့သဘောပါ။ ဒါပေ မဲ့ ရှေ့မှာ တောင် ဘယ်နှလုံး ရှိမယ်ဆိုတာတော့ မသိနိုင်သေးပါဘူး။
Q::တပ်ချုပ်ကြီးကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်မူ ခြောက်ချက်နဲ့ပဲသွားမယ်လို့ပြောထားတယ်။ ဒီမူအရဆိုရင် ဆရာတို့မှာ ဘယ်လိုအခက်အခဲမျိုး ရှိလာနိုင်ပါသလဲ။
A::ဒီကိစ္စကတော့ ကြီးမားတဲ့ အခက်အခဲတစ်ခုပဲ။ ပြီး ခဲ့တဲ့ ဆွေးနွေးပွဲမှာ တပ်မတော်ဘက်DDR (Disar- mament, demobilization and reintegration)ဟာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုတဲ့ ဝေါဟာရ လို့အဓိပ္ပာယ်ဖွင့်တယ်။ အဲဒီ DDR အရ သူတို့ ဖြစ်ချင်တာ က ကျွန်တော်တို့တော်လှန်ရေး အဖွဲ့တွေကို လက်နက်သိမ်း မယ်၊ တပ်တွေဖျက်သိမ်းမယ်ဆိုတဲ့ဟာကိုတော့ ကျွန်တော် တို့ဘက်က လက်မခံနိုင်ဘူးဗျ။ ဒါကို လည်း ပွင့်ပွင့်လင်းလင်း ကျွန်တော် တို့ ရှင်းပြထားပြီးသားပါ။ ကျွန်တော် တို့လိုလားတဲ့ လုံခြုံရေးဆိုင်ရာ ပြန် လည်ပေါင်းစည်းခြင်းဆိုတာ SSR (Security Sector Reform) လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေးပါ။ နိုင်ငံတစ်ခုမှာ တပ်မတော်ဟာ အစိုးရရဲ့ ဦး ဆောင်မှုအောက်မှာ အပြည့်အဝရှိရမယ်။ (၁)တပ်မတော် ဟာ ဒီမိုကရေစီစနစ်ကို အပြည့်အဝနာယူပြီး အစိုးရရဲ့ဦး ဆောင် မှုအောက်မှာ အပြည့်အဝရှိဖို့လိုတယ်။ (၂)တို့နိုင်ငံ ကို စစ်မှန်တဲ့ ပြည်ထောင်စုပုံစံဖြစ်အောင် ဖွဲ့စည်းပုံပြင် ရ မယ်။ အဲဒီလိုပြင်ဆင်မယ်ဆိုရင် တပ်မတော်ကိုလည်း ပြည် ထောင်စုပုံစံနဲ့ ကိုက်ညီတဲ့ပုံစံဖြစ်အောင်ပြင် ရမယ်။ ဥပမာ- အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်နယ်တိုင်းမှာ ပြည် နယ် လုံခြုံရေးတပ်ဖွဲ့ဆိုပြီး ရှိတယ်။ တို့တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို သက်ဆိုင်ရာပြည်နယ် လုံခြုံရေးကာ ကွယ်ရေး တပ်တွေအနေနဲ့ဆက်ပြီး ထားစေချင်တယ်။ ဒီလို ဖွဲ့စည်းလို့ တပ်တွေအမျိုးမျိုးကွဲနေတာတော့ မဟုတ်ဘူး။ တို့အနေနဲ့ ပြည်နယ်တွေမှာ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ရှိဖို့ လိုသလို ပြည်ထောင်စုအဆင့်မှာ လည်း ပြည်ထောင်စုအ စိုးရရဲ့ ဦးစီးဦးဆောင်မှုအောက်မှာ တပ်မတော်ဆိုတာ ရှိရ မယ်။ ပြည်ထောင်စုပုံစံ နဲ့သွားမယ်ဆိုရင် တပ်မတော်ကို လူတစ်ဦးတည်းချုပ်ကိုင်တဲ့ပုံစံနဲ့ မဖြစ်သင့်ဘူး။ တိုင်းရင်း သားပေါင်းစုံနဲ့ ဆက်စပ်ထားတဲ့ပြည်ထောင်စုမှာ တပ်မ တော်ကို ချုပ်ကိုင်တဲ့ စစ်ကော်မတီမျိုးရှိရမယ်။ အဲဒီ စစ် ကော်မတီ ကို ပြည်နယ်တစ်ခုက တပ်မှူးတစ်ဦးစီနဲ့ဖွဲ့စည်း ထားပြီးတော့မှ တပ်မတော်တစ်ခုလုံးကို ထိန်းချုပ်ဦးဆောင် သွားရမယ့်ပုံစံမျိုး လိုချင်တယ်။ အဲဒီလို အသွင်ပြောင်းခြင်း အားဖြင့် တပ်မတော်က နိုင်ငံတော်အာဏာကို မကြာခဏ သိမ်းတဲ့အနေအထားမျိုး ရှောင်လွှဲနိုင်မယ်။ အဲဒီပုံစံမျိုးဆို ရင် တိုင်းရင်းသားတွေဘက်ကလည်း သူတို့ရဲ့ သံသယ ပျောက်ပြီး ယုံကြည်မှုပိုရှိတဲ့ လက်ခံနိုင်မယ့်အနေအထား မျိုးဖြစ်လာမယ်။
Q::အဲဒီအနေအထားရောက်ဖို့ အခက်အခဲတွေကို အချိန်ဘယ် လောက်ယူ ဖြေရှင်းမယ်လို့ မျှော်လင့် ထားလဲ။
A::ဒါက ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပဲ။ တပ်မတော်ကို အဲဒီပုံစံမျိုး အသွင်ပြောင်းဖို့ဆိုတဲ့နေရာမှာ အစိုးရနဲ့ တိုင်း ရင်းသား လက်နက်ကိုင်နှစ်ဖက်တည်းနဲ့ လုပ်ဖို့က မလွယ် ဘူး။ လာမယ့်နိုင်ငံရေးဆွေးနွေးပွဲကျ ရင် နိုင်ငံရေးပါတီ တွေ ဒီမိုကရေစီအင်အားစုတွေကြားထဲမှာ တတိယ အဖွဲ့ အစည်းတစ်ခုရှိရဦးမယ်။ အဲဒီမှာ အားလုံးတိုင်ပင်ပြီး ညှိ နှိုင်း အဖြေရှာကြမယ်ဆိုရင်တော့ နောက်ဆုံးမှာ အဖြေ တစ်ခုခု ရနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။
Q::အဲဒီနိုင်ငံရေးဆွေးနွေးပွဲက ဘယ်တော့လောက်ဖြစ်လာမယ် လို့ မျှော်လင့်ထားလဲ။
A:: ကျွန်တော်တို့လျာထားတဲ့ အချိန်ကာလကတော့ တ ရားဝင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ် ထိုးပြီးရင် အဲဒီစည်းမျဉ်းစည်းကမ်းတွေ ဘယ်လောက်လိုက် နာလဲဆိုတာကို စောင့်ကြည့် ဖို့ စောင့်ကြည့် JMC (Joint Monitoring Committee) ဖွဲ့မယ်။ တစ်လအတွင်းမှာ နှစ်ဖက်တပ်များ လိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေ (Code of Conduct) တို့ကို ရေးဆွဲမယ်။ အဲဒီမှာ တပ်နေရာချ ထားရေးနဲ့ ပတ်သက်တဲ့ အခြေခံလိုက်နာရမယ့်မူတွေပါ မယ်။ တပ်ပြောင်းတပ်ရွှေ့တာတို့၊ နှစ်ဖက်တပ်တွေ ဘယ် လို ဝင်ထွက်သွားလာကြမလဲဆိုတာတို့ကို ညှိနှိုင်းဆွေးနွေး ကြမယ်။ နောက်ပြီး နှစ်လအတွင်းမှာ လာမယ့်နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်လိုပုံစံဆွေးနွေးကြမလဲဆိုတဲ့ မူဘောင် (Frame Work )တစ်ခုချမယ်။ အဲဒါကို နှစ်လအချိန်ယူ မယ်။ လျာထားတဲ့အတိုင်းဆိုရင် အပစ်ရပ်ပြီးတာနဲ့ သုံးလ ထက် နောက်မကျဘဲ နိုင် ငံရေးဆွေးနွေးပွဲ စတင်နိုင်ရမယ်။
Q::၂ဝ၁၅ ရွေးကောက်ပွဲကလည်းနီးနေပြီဆိုတော့ ဒီအစိုးရ အပြောင်းအလဲဖြစ်လာမယ့် အခြေအနေတစ်ခု မှာ ဆရာတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဘယ်လိုဖြစ်လာနိုင်မလဲ။
A::လက်ရှိ သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ဆွေးနွေးပွဲ အပြီးသတ်နိုင်တဲ့အထိ လုပ်နိုင်မှာမဟုတ် ဘူး။ အဖြစ်နိုင်ဆုံးက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးနိုင်တဲ့အဆင့်ပဲ ဖြစ်မယ်။ နိုင် ငံရေးဆွေးနွေးပွဲကို တစ်ကြိမ်လား၊ နှစ်ကြိမ်လား၊ ဒီလောက်ပဲ စလုပ်နိုင်မယ် လို့ထင်တယ်။
Q::နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာတဲ့အချိန်ကျရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အမြင်မတူ တာတွေ၊ သဘော ထားမတူတာတွေ၊ တောင်းဆိုချက်မတူညီတာတွေ ဖြစ်လာ မယ်ဆိုရင် ဘယ်လိုဆက် သွားကြဖို့ ပြင်ဆင်ထားလဲ။
A::ကျွန်တော်တို့အားလုံးရဲ့ဦးတည်ချက်က တူပါတယ်။ အားလုံးက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင် တဲ့ အဖွဲ့တွေချည်းပါပဲ။ အဲဒီမှာ တချို့တွေက စိတ်လော မယ်။ အတွေ့အကြုံနည်းမယ်ဆိုတော့ အမြင်နည်းနည်းပါး ပါး ကွဲရင်ကွဲမယ်။ တကယ့် နိုင်ငံရေးဦးတည်ချက်မှာတော့ ကြီး ကြီးမားမားကွဲစရာ မရှိဘူး။ တို့တွေက အားလုံးတစ်စုတည်း ပဲဆိုတော့ အမြဲတိုင်ပင်ညှိနှိုင်း ဆွေးနွေးလုပ်သွားကြမှာပဲ။
Q::အပစ်အခတ်ရပ်စဲရေးမူကြမ်းကို လက်မှတ်ထိုးနိုင်တဲ့အဆင့် ရောက်ဖို့ ကြိုးပမ်းခဲ့ရတဲ့ အနေအထားနဲ့ ပတ်သက်ပြီး ဆရာ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
A::အခု မူကြမ်းအဆင့် သဘောတူညီမှုရတဲ့ဟာက အ တော်လေး အခြေခံကျတဲ့ နားလည်မှုတစ်ဆင့်ပေါ့။ တို့ နိုင်ငံမှာ နိုင်ငံရေးပြဿနာက အခြေခံလာတဲ့ပြဿနာဖြစ် တယ်။ ဦးနုလက်ထက်တုန်းကလည်း လက်နက်နဲ့ ဒီမိုက ရေစီ လဲလှယ်ခြင်းလုပ်ခဲ့တယ်။ ကျွန်တော်တို့ လက်နက် တွေပဲ ဆုံးသွားတယ်။ဘာအခွင့်အရေးမှမရ ခဲ့ဘူး။ နောက် စစ်အစိုးရလက်ထက်မှာလည်း လက်နက်နဲ့ငြိမ်းချမ်းရေး ဆိုပြီး ထပ်လုပ်ပြန်တယ်။ ဒါလည်း အဲဒီတုန်းက ကျွန်တော် တို့ဘက်က နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုတော့ သူ တို့က စစ်တပ် အစိုးရဖြစ်နေလို့၊ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရမဟုတ်လို့ သူတို့မှာ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိဘူးလို့ အကြောင်းပြပြီး ကျွန် တော်တို့ကို ဘာဆွေးနွေးခွင့်မှ မပေးခဲ့ဘူး။ အဲဒီနည်းနဲ့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့လက်နက်တွေ၊ အင်အားတွေ လျော့နည်းသွားအောင် လုပ်လိုက်တဲ့သဘောမျိုးပဲ။ အဲဒီ ကာလမှာပဲ ကိုးကန့်ဆိုရင် ၂ဝဝ၉ မှာအတိုက်ခံရလို့သူတို့ နယ်က ဆုတ်ခွာသွားခဲ့ရတယ်။ အလားတူပဲ TNLA ဆို လည်း စစ်တပ်က ဝင်တိုက်လို့ သူတို့နေရာက ဆုတ်သွားရ တယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းနိုင်လား ဆို မလုပ်နိုင်ပါဘူး။ ဒီတိုင်းရင်းသားအဖွဲ့တွေဟာ လူသူ လက်နက်ပြန်စုပြီး သူတို့အခွင့်အရေးအတွက် တိုက်ပွဲ ပြန် ဝင်ကြတာပဲ။ အဲဒါဘာကိုပြောချင်လဲဆို ရင် နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးအရဖြေရှင်းမှရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလို မဖြေရှင်းသရွေ့ ကျွန်တော် တို့နိုင်ငံက ဘယ်တော့မှ ငြိမ်း ချမ်းမှာ မဟုတ်ဘူး။ အခု သမ္မတဦးသိန်းစိန်လက်ထက်မှာ ဒါကို လမ်းဖွင့်ပေး လိုက်တယ်။ အဲဒီလိုနိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ဖို့ လက်ရှိအဆင့်ကြိုးပမ်းနေတာက တိုက်ပွဲ တွေ ရပ်တန့် သွားအောင် အရင်လုပ်ဖို့ပဲ။ အဲဒီလိုတစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီး တိုက်ပွဲတွေ ရပ်တန့်သွား ပြီဆိုရင် အေးအေးဆေးဆေးနဲ့ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးကြဖို့ပဲ။ အခု လက်မှတ်ထိုးလိုက်နိုင်တာက ဟိုဘက် က ကိုယ်စားလှယ်နဲ့ ဒီဘက်ကကိုယ်စားလှယ်တွေ နှစ်ဖက် ကြားမှာ နားလည်မှုရတဲ့အဆင့်ပဲရှိ ပါသေးတယ်။ မူကြမ်း အဆင့်ကို နှစ်ဖက်ကိုယ်စားလှယ်တွေ လက်မှတ်ထိုးလိုက် တဲ့အဆင့်ပဲရှိသေးတယ်။ တကယ့် နှစ်ဖက်ခေါင်းဆောင် တွေကိုယ်တိုင် ပါဝင်လက်မှတ်ထိုးမယ့် အပစ်အခတ်ရပ် စဲရေး သဘောတူ ညီမှုစာချုပ်ဖြစ်ဖို့ ဆက်သွားရဦးမယ်။ အဲဒါပြီးရင်လည်း နောက်ထပ်ဆွေးနွေးစရာတွေ၊ ညှိနှိုင်း စရာတွေ ၊ ပြဿနာတွေအများကြီးက နိုင်ငံရေးဆွေးနွေးပွဲ ကြီးမှာ စောင့်ကြိုနေဦးမယ်။ ပြောရရင် တကယ့်ငြိမ်းချမ်း ရေး အစစ်အမှန်ရဖို့ ကျွန်တော်တို့ ဆက်လုပ်ရမယ့်ကိစ္စ တွေ အများကြီးရှိနေသေးတယ်။
No comments:
Post a Comment