Tuesday, April 07, 2015

ဝန်ထမ်း ၈၀၀၀ ပါဝင်သည့် အပစ်ရပ်မူကြမ်းလက်မှတ်ရေးထိုး ထောက်ခံဆန္ဒ ထုတ်ဖော်ပွဲ လားရှိုး၌ပြုလုပ်


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်နိုင်ငံတော်သမ္မတကြီး၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်မူကြမ်းအတည်ပြုလက်မှတ်ရေးထိုးမှုအပေါ် ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ဧပြီလ ၅ ရက်နေ့တွင် ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပခဲ့သည်။
တစ်နိုင်ငံလုံး တည်ငြိမ်းအေးချမ်းစေလိုကြောင်း၊ အပစ်အခတ်များ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ရပ်ဆဲစေ လို ကြောင်း၊ တိုင်းရင်းသားများ ပြန်လည်သင့်မြတ်စေလိုကြောင်း၊ တိုင်းရင်းသားနှင့် နိုင်ငံရေးဆွေနွေးပွဲများ ဆက်လက် ဆောင်ရွက်စေလိုကြောင်း၊ သဘောတူစာချုပ်မူကြမ်းဆက်လက်အတည်ပြု ဖော်ဆောင်နိုင်ရန် ဆန္ဒထုတ်ဖော်ကြသည်ဟု သိရသည်။

“နှစ်ကာလကြာရှည်ဆွေးနွေးပွဲတွေ လုပ်ခဲ့လို့ ယနေ့အားလုံး စိတ်သဘောထား တစ်ထပ်ထဲရပြီး မူကြမ်း ရေးဆွဲနိုင်တာပါ။ ဒီငြိမ်းချမ်းရေးစေ့စပ်မှု လက်မှတ်ရေးထိုးပွဲ အောင်မြင်တဲ့အတွက်ကြောင့်မို့လို့ အားလုံး ၀မ်းသာပီတိဖြစ်နေတယ်ဆိုတာကို ဒီနေ့လိုနေပူပူကြီးထဲမှာ တစ်စုတစ်ဝေထဲရှိနေတာက သက်သေပြနေပါတယ်” ဟု လားရှိုးမြို့နယ် အထောက်အကူပြု ဥက္ကဌဦးကံမြိုင်က ပြောသည်။

မတ်လ ၃၁ ရက်နေ့က သမ္မတ၏ ရှေ့မှောက်တွင် အပစ်ရပ်မူကြမ်းပါ အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ကို ၂ ဖက်သဘောတူ ညှိနှိုင်းပြီးစီးကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များကို ပထမချပြ
မည်ဖြစ်ပြီး နေပြည်တော်တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA ကို လက်မှတ်ရေးမထိုးမီ ပြည်သူများကို ချပြမည်ဟု သိရသည်။

“ကျနော်တို့က“၀”တိုင်းရင်းသားတွေပါ။ ဒီမူကြမ်းရေးထိုးမှုအတွက်လည် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့ အတွက် ကျေနပ်မိပါတယ်။ ကျနော်တို့ သမိုင်းတလျောက်မှာလည် ဒီဟာပထမဦးဆုံးသဘောမှုရရှိထားပြီး ဆိုတော့နိုင်ငံငြိမ်းချမ်းဖို့အတွက်ပြည်သူတစ်ရပ်လုံးအတွက် ၀မ်းသာမိပါတယ်။’’ ဟု “၀’’တိုင်းရင်းသား ညီတောင်းယွန်းက ဆိုသည်။

အဆိုပါပွဲသို့ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သူနာပြုဆရာမများ၊ ကျောင်းဆရာမများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအပါအ၀င် အင်အား (၈၀၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List