Thursday, April 09, 2015

သင်္ကြန်ကို နေအိမ်မှာ ဘာသာရေးလုပ်ပြီးဖြတ်သန်းမယ့် နေတိုး


သင်္ကြန်ကာလတွင် အနု ပညာရှင်အများစုက မဏ္ဍပ်များ၌ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖြတ်သန်းကြသော် လည်း သရုပ် ဆောင်အကယ်ဒမီ နေတိုးမှာ သင်္ကြန်ရက်များအတွင်း နေအိမ်၌ ဘာသာရေးလုပ်၍သာ ဖြတ် သန်းမည်ဟု ပြောသည်။
‘‘ဒီနှစ်က သင်္ကြန်ကို အိမ် မှာပဲ နေဖြစ်မယ်။ အိမ်မှာပဲ အချိန်ပိုင်း တရားထိုင်တာရှိမယ်။ ဥပုသ်စောင့်မယ်’’ ဟု နေတိုးကပြောသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်၍ သင်္ကြန်တွင်း နေအိမ်၌သာ အနားယူကာဘာ သာရေး လုပ်၍ ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ သင်္ကြန်တွင် နေပြည်တော်မဏ္ဍပ်တစ်ခု ဖွင့်ပွဲသို့ သွားရောက် ခဲ့ ခြင်းကြောင့် ဘာသာရေး အပြည့်အ၀ မလုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်းက နေပြည်တော်မှာ မဏ္ဍပ်တစ်ခုဖွင့်တာ သွားဖြစ်တယ်။ ဒါပေမဲ့ ဖွင့်ပွဲဆိုပြီး သွားလိုက်တာ ပြန်လာဖို့ကျတော့ တစ်ရက်၊ နှစ်ရက် လောက်နေပါဦးဆိုတော့ ကျွန်တော်ကလည်း အား နာတတ် တော့ သင်္ကြန်တွင်းကို ဘာသာ ရေးအပြည့်အ၀ မလုပ်နိုင်ဘူး။ အဲဒါကြောင့် ဒီနှစ်ကိုတော့ ဘာ သာရေးအတွက်ပဲ အပြည့်အ၀ အချိန်ပေးထားပါတယ်’’ဟု ၎င်းက ပြောသည်။

သင်္ကြန်အစီအစဉ်မရှိသော်လည်း သင်္ကြန်ပြီးပါက ထိုင်းနိုင်ငံသို့ ကြော်ငြာတစ်ခု ရိုက်ကူးရန် သွားရောက်ရ မည်ဖြစ်ကြောင်း နေတိုး၏ မိခင်က ပြောသည်။



7Day News Journal

No comments:

Post a Comment

My Blog List