Tuesday, April 07, 2015

ကချင်ပြည်နယ်တွင် အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်း လုပ်ငန်းကော်မတီဖွဲ့စည်း


အစိုးရနှင့် ကေအိုင်အိုတို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စောင့်ကြည့်နိုင်ရန် အရပ်သား အပစ်အခတ် ရပ်စဲရေး စောင့် ကြည့်လေ့လာခြင်းလုပ်ငန်း ကော်မတီကို ကချင်ပြည်နယ်တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိ သည်။
‘‘ကျွန်မတို့ လုပ်ငန်းကော်မ တီဖွဲ့ထားပြီးပြီ။ ပြီးတော့မြို့နယ် အလိုက်လည်း တာဝန်ယူမယ့် လူ တွေ ခန့်ပြီးပြီ။ သင်္ကြန်ပြီးရင်တော့ ကျွန်မတို့ ကော်မတီတွေ ပြန်တွေ့ပြီး စီမံကိန်းတွေ အသေး စိတ်ရေးဆွဲသွား မယ်’’ဟု အဆိုပါ လုပ်ငန်းကော်မတီတွင် ပါဝင်သူ ကချင်ပြည်နယ် ထွယ်ဂျဲန်ဒါအဖွဲ့ အစည်း ညှိနှိုင်းရေး မှူး ဒေါ်နန်ပူ ကပြောသည်။

မြစ်ကြီးနားမြို့တွင် ဧပြီ ၃ နှင့် ၄ ရက်က အလုပ်ရုံဆွေးနွေပွဲပြုလုပ်ခဲ့ပြီး နောက် ကော်မတီကို ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းထားပြီး သင်္ကြန်ကာလပြီးပါက ကေအိုင်အိုနှင့် အစိုးရနှစ်ဖက်အဖွဲ့များသို့ တရားဝင်စာတင် မည်ဖြစ်ဟု ဆိုသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို သဘောတူထားကြပြီး မွန်နှင့် ချင်းပြည်နယ်၌ ယင်းကဲ့သို့ အရပ်သား အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်လေ့
လာခြင်း အဖွဲ့များဖွဲ့၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာလျက်ရှိသည်။

7day

No comments:

Post a Comment

My Blog List