Friday, April 10, 2015

ဖတ်ရသမျှကို မယုံကြည်ရန် အရှင် ဦးဝီရသူ ဟောကြား


ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့  လမ်းမတော်မြို့နယ်တွင် ပြုလုပ်သည့် တရားပွဲတွင် ဆရာတော် ဦးဝီရသူမှ ဖတ်ရသမျှကို မယုံကြည်ကြရန် တရားဟောခဲ့ကြောင်း သတင်းရရှိပါသည်။
ဆရာတော်က
"အဲဒီလိုပဲ ကျမ်းစာပြောလဲမယုံနဲ့ ဒီကျမ်းမှာ ဘုရားဟောထားတယ် ဘုရားဟောလို့ ယုံတယ်ဆိုတာကြီးက မျက်စိမှိတ်ယုံ တဲ့ သဘော မျိုးဖြစ်နေတယ် ဘုရားဟောတဲ့အတိုင်းကို ကျင့်ကြည့် ကျင့်ကြည့် လို့လက်တွေ့ကျ လက်တွေ့ကျလို့ အကျိုးရှိ အကျိုးရှိလို့ကုသိုလ်ရ ကုသိုလ်ရလို့အပြစ်ကင်း အပြစ်ကင်းလို့ ချီးမွမ်းခံ အဲဒီလို အဆက် အစပ်သော ဆင့်ကဲဆင့်ကဲသော အကျိုးကျေးဇူးတွေ ရလာပြီးဆိုမှ ဘုရားဟောတာကို လက်ခံ၊ အဲဒီလို လက်တွေ့မကြည့်ဘဲနဲ့ တန်းယုံကြည် လိုက်တာမျိုး ဒါကြောင့် မို့ ကျမ်းစာပြောလဲမယုံနဲ့ လက်တွေ့ကျမှ ယုံ"


"ဒီကနေ့ခေတ်ဆိုရင်ပြောစရာတွေအများကြီးပဲ တစ်ချို့ ကျတော့ ဖေ့ဘုတ်တွေသုံးစွဲကြတာပေါ့ ဖေ့ဘုတ် သုံးစွဲလွန်းအား ကြီး လွန်းလို့ တစ်ချို့ ငယ်ရွယ်သူ လင်နဲ့မယားတောင် ကွဲကြတဲ့အခြေအနေ မျိုး အထိဖြစ်ဖူးကြတယ် တစ်ချို့ဆိုရင် မယားက ဒါပဲသုံးစွဲနေလို့ မယားတာဝန် ၀တ္တရာတွေလစ်ဟင်းလို့ လင်ကိုပစ်ပယ်ထားလို့ အဲဒီမယားကို သတ်ပစ် တာမျိုးတောင်ရှိတယ် ဒီနိုင်ငံမှာတော့ မဟုတ်ပါဘူး အဲဒီလို ဖေ့ဘုတ်မှာ ပါတယ် ဖေ့ဘုတ်ကပြောတယ် ဘယ်အကောင့် မှာပါတယ် ဘယ်အကောင့် မှာပြောတယ်ဆိုပြီး ယုံလို့ကောရပါ့မလား အဲဒီဟာကို လက်တွေ့သိအောင် စုံစမ်းဖို့မလို ဘူးလား"

"ဦးဇင်းတို့ တွေ ဖေ့ဘုတ်ဒဏ်အခံရဆုံးပဲ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကလား ၂၀၁၃ တုန်းကလား မူဆယ်သွားတရားဟော မူဆယ်က ပြန်လာတော့ အဝေးကြီး လူကကျောင်းမရောက်သေးဘူး ကိုယ့်သတင်းက ဖေ့ဘုတ်မှာ ပျံ့နေပြီ ဧပရယ်ဆိုတဲ့ ကလေးမလေးကို ကျုပ်က မုဒိမ်းကျင့်တာ ပုံတွေ ဘာတွေနဲ့ သတင်းကလည်း အခိုင်အမာပဲ တော်ကြာဖမ်းတော့ မှာ ပါ တော်ကြာ စစ်ဆေးတော့မှာပါဆိုပြီး ဖေ့ဘုတ်သုံးစွဲတဲ့သူတွေ ကလည်း နဲနဲလေးတောင်မစဉ်းစားကြတော့ဘူး ဗျာ ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီးမေးကြ တာ ဟုတ်၏ မဟုတ်၏ အဲဒီလို ဖေ့ဘုတ်ပြောတိုင်းယုံမယ်ဆိုရင် ကျုပ် ဘ၀နေ စရာတောင် ရှိမှာမဟုတ်တော့ဘူး တော်ကြာမုဒိမ်းကျင့်ပြန်ပြီ . တော်ကြာ ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်း မီးရှီု့မယ် လုပ်ပြန်ပြီ တော်ကြာ မင်းအောင်လှိုင်က ရဟတ်ယာဉ်လှုမယ်ဆိုပြီး လုပ်ပြန်ပြီ ရဟတ်ယာဉ်တောင် ရိုးရိုးမဟုတ်ဘူး လက်ဖြောင့်တပ်သား ငါးယောက်က ပါလိုက်သေးတယ် ပြီးပါလေရော ပြီးတော့ ဒန်ပေါက်ဆိုလား ကြက်ဆီထမင်း ဆိုလားပါသေး တယ် အဲဒါတွေကို စာနယ်ဇင်းတွေက ဖုန်းလှမ်းဆက်ပြီးမေး မှ သိတာ အောင်သောင်းဒဏ်ပေါက်ကျွေးတာ ကျုပ်နဲ့ဘာဆိုင်တာလိုက်လို့ အဲဒါကို ကျုပ်နဲ့အောင်သောင်းပေါင်းပြီး ဒန်ပေါက်ကျွေးပါတယ် လုပ်ကော ဖေ့ဘုတ်ပြော သလို ပြောတိုင်းသာယုံကြည်ရမယ်ဆို ကျုပ် ဘ၀နေစရာတောင်မရှိတော့ဘူး"

"၀ီရသူဆိုတဲ့ နာမည်နဲ့ တဲ့ ရိုးရိုးဘဏ်တောင် မဟုတ်ဘူး နိုင်ငံခြား ဘဏ်မှာ တဲ့ အကောင့်ဖွင့်ထားတာတဲ့ ဒေါ်လာ သန်း ၅၀၀ ကျော်တယ်တဲ့ ဖေ့ဘုတ်က အဲဒါလဲပြောတာပဲ အဲဒါပြောပြီးများယုံကြည်ကြမယ်ဆို ဒုက္ခပါပဲနော် သန်း ၅၀၀ ဆိုလိုချင် လိုက်တာ လှုကြပါအုံးဗျာ ဟေ့ဟုတ်တယ် ခင်ဗျားတို့ကြားတာ ဟုတ်တယ် ကျုပ်က ဘဏ်အကောင့်ကို မဖွင့်တက်တာ ဘယ်လိုဖွင့်ရတာလဲ သင်ပေးပါအုံး ဆိုတော့ အဲဒါသေချာလားတဲ့ အဲဒီတွေကို တပည့်တော် ယူလိုက် ရမလား ယူစေ လို့ အဲလိုပြောယူရတယ် ဒါကြောင့်မို့ဖေ့ဘုတ်ပြောလဲ မယုံနဲ့ လက်တွေ့ကျမှယုံ"

"ဖေ့ဘုတ်သရဏံ ဂစ္ဆာမိ ဖေ့ဘုတ်ကို ကိုးကွယ်လွန်းအားကြီးတယ် ဗုဒ္ဒံသရဏံ ဂစ္ဆာမိရမှာ ဘာသရဏံ ဂစ္ဆာမိလဲ ဖေ့ဘုတ် သရဏံ ဂစ္ဆာမိ အဲဒီလို aဖ့ဘုတ်သရဏံဂစ္ဆာမိတွေဘယ်သွားမလဲ အပယ် သွားမယ် ဖေ့ဘုတ် ဆိုတာကတော့ ကလေးကော ခွေးကော အကုန်သုံးနေကြတာ မဟုတ်က ဟုတ်ကတွေ ရေးလို့ အကောင်းဆုံးသောအရာပေါ့ အဲဒါကို ဖေ့ ဘုတ်မှာ ပါတဲ့အတိုင်းကောက်ပြီး ရမ်းယုံရင် အကုသိုလ်တွေ မတိုးဘူးလား တိုးလား အပြစ်မကြီးဘူးလားကြီးလား အဲဒါလေးကို မှတ်ထားကြ"ဟု မိန့်ကြားခဲ့သည်။
The Ladies News Journal

No comments:

Post a Comment

My Blog List