Thursday, April 09, 2015

နိုင်ငံတည်ငြိမ်ရေးနှင့် အပစ်အခတ်ရပ်စဲရေး အပြီးသတ် လက်မှတ်ရေး ထိုးနိုင်ရန် နိုင်ငံရေးခေါင်းဆောင် ၄၄ ဦး ဆွေးနွေး


နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမတွင် ဧပြီလ ၈ ရက်နေ့က ပြုလုပ်သော နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင် ၄၄ ဦး၏ တွေ့ဆုံ ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ တိုင်းပြည်တည်ငြိမ်ရေးနှင့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အပြီးသတ် လက်မှတ်ရေး ထိုးနိုင်ရေးကို ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြားချက်များ ရှိသော် လည်း တံခါးပိတ်ဆွေးနွေးပွဲ အခြေအနေကြောင့် ထုတ်ဖော်ပြောရန် မသင့်ကြောင်း ဦးရဲထွဋ်က ပြော
ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း ဆွေးနွေးပွဲရလဒ်နှင့် အခြေအနေများကို မပြော လိုကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

“NCA မူကြမ်းအပေါ်မှာ အားလုံးကြိုဆိုကြပါတယ်။ လိုအပ်ချက်တွေကို ဆက်လက်ဆွေးနွေးဖို့ အတည်ပြုပေးနိုင်ဖို့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ကို ပေါင်းစည်းပြီး လုပ်ကြဖို့ ဆွေးနွေးကြတယ်” ဟု ၎င်းကပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ခရီးလွန်နေသော တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ၊ ဒေါက်တာတူးဂျာ၊ ဦးခွန်ထွန်းဦးနှင့် ကရင်ပြည်နယ်မှ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၄၄ ဦးသာ တက်ရောက်ခဲ့ကြသည်။

“သမ္မတက အပစ်အခတ်ရပ်စဲရေး ပြီးမြောက်အောင်မြင်အောင် ဝိုင်းကူညီကြဖို့နဲ့ ၆ ပွင့်ဆိုင် အပါအဝင် နိုင် ငံရေးဆွေးနွေးပွဲတွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်လုပ်သွားမယ်လို့ ပြောတယ်။ ဦးတင်အေးက သန့်ရှင်းမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ပြောပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

ဇန်နဝါရီလအတွင်း ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု အပါအဝင် ခေါင်းဆောင်ပိုင်းများ လေးကြိမ်တွေ့ ဆုံ မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် NCA မူကြမ်း လက်မှတ်ရေးထိုးပွဲအတွက် အကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲမတိုင်မီ ကာလနှင့် ရွေးကောက်ပွဲအပြီး ကာလ များကိုပါ နိုင်ငံတည်ငြိမ်မှု ရရှိနိုင်ရန် ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ပြီး မဲစာရင်း စမ်းသပ်ထုတ်နေ မှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် ဆွေးနွေးခဲ့ကြကြောင်း ၎င်း ကဆိုသည်။

ထို့အပြင် အခြေခံဥပဒေ နောက်ဆက်တွဲ ဇယားပါ အာဏာခွဲဝေသုံးစွဲခြင်၊ သယံဇာတ၊ အခွန်အခ ခွဲဝေသုံး စွဲဖြင်းများကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းအပြင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သော ကြာနေ့တွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် ထပ်မံတွေ့ဆုံရန် ညှိနှိုင်းချက် ရရှိထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List