ကိုးကန့်လက်နက်ကိုင်အဖွဲ့ အတွင်းရေးမှူး၊ ဖုန်ကြားရှင်၏ သားမက် ဦးထွန်းမြတ်လင်းကို ကိုးကန့်ဒေ သနှင့်ပတ်သက်၍ တပ်မတော်၏ဆောင်ရွက်မှုများ အောင်မြင်မှုပျက်ပြားစေရန်ရည်ရွယ်၍ ပြည်တွင်း ၊ပြည်ပ မီဒီယာများအား မဟုတ်မမှန်သတင်းပေးမှုဖြင့် တပ်မတော်စစ်ခုံရုံးက အရေးပေါ်စီမံမှု ဥပဒေဖြင့် တရားစွဲ ကာ ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဦးထွန်းမြတ်လင်းကို တရားစွဲဆိုရာတွင်နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကို ထိန်းသိမ်းစောင့် ရှောက်နေသော တပ်မတော်၏ လုပ်ငန်းကိစ္စရပ် များအောင်မြင် ရေး နှောင့်နှေးစေရန်နှင့် ပျက် ပြားစေရန် ကြံရွယ်ပြီး ပြည် တွင်းပြည်ပမီဒီယာများအားမဟုတ်မမှန်သတင်းစကားများ ပေးပို့နေသောမြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(MNDAA) အ တွင်းရေး မှူးနှင့်ပြောရေးဆိုခွင့်ရှိ သူ ဦးထွန်းလွင်(ခ) ဦးထွန်းမြတ် လင်း (ခ)ဖုန်အားတီ (ခ)တုန်ခယ် ချန်ကို အရေးပေါ်စီမံမှုအက်ဥပ ဒေ၅(က)၊၅(ခ)/ကျင့် ၅၁၂အရ တရားခံပြေး အဖြစ်ကြေညာခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။
ဦးထွန်းမြတ်လင်းသည် ဖုန်ကြားရှင်၏ သမက်တော်စပ်ပြီး ဖုန်ကြားရှင် ပထမဇနီးမှမွေးသော ငါးဦးမြောက် သမီး၏ ခင်ပွန်းဖြစ်သည်။ ယခုအခါ ဦးထွန်းမြတ်လင်း မည်သည့်နေရာတွင် နေ ထိုင်သည်ကို မသိသော် လည်း တရားစွဲဆိုရာ၌ ပြင်ဦးလွင်မြို့တွင် နေထိုင်သူအဖြစ် တရားစွဲထားသည်။
လက်ရှိလောက်ကိုင်ဒေသ အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက် ၍ ပြည်နယ် အဆင့်ရဲအရာရှိကြီး တစ်ဦးက ‘‘စစ်အုပ်ချုပ်ရေးနဲ့ ဖမ်း တာတွေဖမ်း၊ တရားစွဲတာတွေစွဲ၊ ထောင်ပို့တာတွေပို့ပေါ့။ တချို့ မမိသေးတာတွေ လည်း ရှိတယ်။ မူးယစ်ဆေးတွေကတော့တောက် လျှောက် မိနေတာပေါ့’’ဟုပြောသည်။
ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးစတင်သည့် ဖေဖော်ဝါရီ ၁၇မှ ဧပြီလ ၆ရက်အတွင်း အမှု မျိုးစုံ ၄၄မှု ဖမ်းဆီးခဲ့ကာ အမျိုးသား ၈၇ဦးနှင့် အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုခဲ့ကြောင်းသတင်းရရှိ သည်။ စစ်တရား ရုံးက အရေးယူခဲ့သည့်အမှုများမှာ မူးယစ်မှု၊ လုယက်မှု၊ မတရားအသင်းနှင့်ဆက်သွယ်မှု၊ ခိုးမှု၊ ကျောက်မျက် ဥပဒေ၊ လ၀ကအက်ဥပဒေ၊ မသင်္ကာမှု များပါဝင်ပြီး အမြင့်ဆုံးထောင် ဒဏ် ၃၅နှစ်မှ အနိမ့်ဆုံး ၂နှစ်အထိ ချမှတ်ခဲ့ကြောင်းသတင်းရရှိ သည်။
7Day News Journal
No comments:
Post a Comment