Saturday, April 11, 2015

တရုတ်နှင့် တောင်ကိုရီးယားက ငွေကြေးများကို တန်ဖိုးမြှင့်သင့်ပြီဟု အမေရိကန် ပြောကြား


တရုတ်နှင့် တောင်ကိုရီးယား အစိုးရများသည် ၎င်းတို့၏တန်ဖိုးချထားသော ငွေကြေးများကို ကာကွယ် ရန် ဈေးကွက်များတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ပြီး ငွေတန်ဖိုးများကို မြင့်တက်စေ သင့် ပြီဖြစ် ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၉ ရက် ကပြော ကြားခဲ့သည်။
တရုတ်အပါအဝင် မည်သည့်နိုင်ငံမျှငွေကြေးကစားသူအဖြစ် တရားဝင် တံဆိပ်တပ် ရလောက်အောင်ဈေး ကွက်တွင် ဝင်ရောက် စွက်ဖက်မှု မရှိကြောင်း အမေရိ ကန် ဘဏ္ဍာရေဝန်ကြီးဌာန၏ ငွေကြေးကစားမှုနှင့် ပတ်သက်သည့် ကွန်ဂရက်သို့ နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားပြီး ယင်းအချက်က အမေရိကန်၏ ကုန် သွယ်ရေး ယှဉ်ပြိုင်စွမ်းရည်ကို ကာကွယ်ရန် တန်ပြန်လုပ်ဆောင်ရာတွင် အကျိုးသက်ရောက်မှု ရှိမည်ဖြစ် သည်။

ပေကျင်းက ဝါရှင်တန်ကို ပေးထားသည့် ကတိကဝတ်များ အတိုင်းပင် ရင်မင်ဘီ (RMB) ဟုလည်းခေါ် သည့် ယွမ်ကိုယ် စားနိုင်ငံခြားငွေကြေးဈေး ကွက်တွင် စွက်ဖက်ခြယ်လှယ်မှုကို လျှော့ချ လိုက်သော်လည်း ယွမ် မှာ သိသိသာသာ တန်ဖိုးနိမ့် ကျလျက်ပင် ရှိသေးသောကြောင့် အမေရိ ကန်ပြည်ထောင်စုနှင့် ကုန် သွယ်ရာတွင် အသာစီး အနေအထားတွင် ရပ်တည်နေနိုင်စေသည်ဟု အဆိုပါ အစီရင်ခံစာက ပြောကြား ခဲ့သည်။

ယွမ်ငွေကြေးမှာ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၂၀၁၄ခုနှစ်တွင် ၂ ဒသမ ၄ရာခိုင်နှုန်း တန်ဖိုးကျဆင်းနေ ခဲ့ပြီး ယခုနှစ်တွင်လည်း ထိုပမာဏမှာ မပြောင်းမလဲ မြဲနေခဲ့သည်။ သို့ရာတွင် ကုန်သွယ်ရေး အခြေခံ၊ ငွေဖောင်း ပွမှုနှုန်းတို့နှင့် ချိန်ညှိလိုက်ပါက လွန်ခဲ့သည့် ခြောက်လတာကာလတွင် ဒေါ်လာနှင့် ယှဉ်သည့် ယွမ်ငွေကြေး ၏ အမှန်တကယ် လဲလှယ်နှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ တက်လာခဲ့သည်။  

၎င်း၏ငွေကြေးကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးခြင်းဖြင့် ပေကျင်းမှာ တိုးတက်မှု အစစ်အမှန်ကို ပြုလုပ် ခဲ့သော်လည်း ယွမ်ငွေကြေးမှာမူ သဘာဝနှင့် ဆန့်ကျင် စွာပင် နိမ့်ကျလျက်ပင် ရှိနေသေးသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

‘‘အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေရဲ့ အဓိကကျတဲ့ ရည်မှန်းချက်လည်းဖြစ်၊ ကမ္ဘာနှင့်တစ် ဝန်း ရေရှည်၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးမှုအတွက်လည်း လို အပ်တဲ့ အိမ်ထောင်စုစားသုံးမှုဆီ ရည်ရွယ် တဲ့ ပြည်တွင်းထိန်း ညှိမှုကို ဖြစ်ပေါ်စေဖို့အတွက် တရုတ်ရဲ့ ငွေကြေးကို တန်ဖိုးမြှင့်ဖို့ လိုအပ်ပါတယ်’’ဟု အဆိုပါ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တောင်ကိုရီးယားနိုင်ငံမှာလည်း ၂၀၁၃ ခုနှစ်တွင် ဈေးကွက် ယှဉ်ပြိုင်စွမ်းရည်အတွက် ငွေ တန်ဖိုး မချပါဟူသော ကတိစကားဖြင့် ထိပ်တန်း ဂျီ ၂၀ စီးပွားရေး နိုင်ငံများနှင့် ပူးပေါင်းလာခဲ့သော်လည်း ဝမ်ငွေကြေးကို ကာကွယ်ရန် ငွေကြေးဈေးကွက်တွင် အစိုးရက စွက်ဖက်နေဆဲပင်ဖြစ်ပြီး တန်ဖိုးကို လည်း နိမ့်ချထားဆဲပင်ဖြစ်သည်ဟု အမေရိကန်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List