Saturday, April 11, 2015

ကျောင်းသားများ တောင်းဆိုချက်တွင် လက်ရှိအစိုးရ ဖြုတ်ချရေး မပါဝင်သော်လည်း အစိုးရက အမှုများ ဆင်ကာ ဖမ်းဆီး ထောင်ချလျက်ရှိဟု ဆို


လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံရပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းတွင် ကျောင်းသား သပိတ် ကိုယ်စားပြုစစ်ကြောင်း ချီတက်ခြင်းနှင့် ပတ်သက်ပြီး ယင်းတွင်ပါဝင်ခဲ့သည့်ဗကသခေါင်းဆောင် ကျော်ကို ကို ၊ နန္ဒစစ်အောင် နှင့် ပိုပို အပါအ၀င် ၆ဦးအား ကမာရွတ်မြို့နယ် ရဲစခန်းမှ ပုဒ်မ-၅ခုဖြင့် အမှုဖွင့် ထားခြင်းဖြစ်ပြီး ယနေ့တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရုံးထုတ်စစ်ဆေးရာတွင် တရားစွဲဆိုခံထားရသူများထဲမှ ၂ဦးဖြစ်သည့် မပိုပို(ခ)ရတနာဆုပိုခိုင် နှင့် ဦးဝင်းကျော့မှူးတို့အား ဧပြီ ၈ရက်က ကမာရွတ်မြိုနယ်ရဲစခန်း၏ ၀ရမ်းစာဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီးယင်းတို့ အား ယနေ့တွင်း ကမာရွတ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ယင်းအမှုဆောင်ရွက်ပေးသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်က`` ဒီအမှုက အခု မစုံလင်သေးတော့ စစ်လိုမရဘူး။ ကိုနန္ဒစစ်အောင်က လက်ပံတန်းက စွဲသွားတော့ လက်ပံတန်းပြီးမှ ဒီကိုလာမယ်ဆိုတော့ ဒီမှာကြာဦးမှာပေါ့။ဒါက ဘယ်လိုဖြစ်ဖြစ် မပြီးမခြင်းဆိုတော့ ဒီနှစ် ကုန်လောက်သွားမှာဖြစ်တယ်။ဒီအမှုက လူမစုံသေးတဲ့အတွက် အမှုစစ်လို့ မရသေးဘူး။ဒီအမှုကို နောက် ဧပြီ ၂၄ရက်ကို ရုံးချိန်းထပ်ချိန်း ထားပါ တယ်´´ ဟု အမှုအသွားအလာနှင့် ပတ်သက်ပြီးပြောသည်။

လက်ရှိ ကမာရွတ်ရဲတပ်ဖွဲ့နှင့် လက်ပံတန်းရဲတပ်ဖွဲ့ဝင်များ တရားစွဲဆို ခံထားရသူများအား တရားရုံး ထုတ်ခေါ်ဆောင်ရာတွင် လူ့အခွင့်အရေးနှင့် ရဲကျင့်ဝတ်လက်စွဲကျင့်ထုံး အသုံးပြုမှု ကွာဟနေသည်ကို တွေ့ ရကြောင်း လက်ပံတန်း တရားရုံးတွင် တရားစွဲဆိုခံထားရသူများအား တရားရုံး ပရ၀ဏ်အတွင်း လက်ထိပ် မခတ်ရန် တရားသူကြီးကိုယ်တိုင် တားမြစ် ထားသော်လည်း လိုက်နာခြင်းမရှိကြောင်း သိရသည်။

တရားစွဲဆိုခံထားရသူ မပိုပိုက``အစိုးရက ကျွန်မတို့ကိုထောင်ထဲ ထည့်လိုကြောက်မယ် ထင်တယ်။ဒီ ၁၁ ချက်မှာ ကျွန်မတို့ကတောင်းဆိုတာက အစိုးရဖြုတ်ချရေးမပါဘူး။ ပညာရေးတိုးတက်ဖို့ အတွက် တောင်းဆို တာဖြစ်တယ်။ ဒီအစိုးရက သူတို့ကိုဖြုတ်ချအောင်လုပ်တယ်ဆိုပြီး အမှုတွေ အမျိုးမျိုးဆင်ပြီး တရားစွဲ တယ်။ ကျွန်မတို့တွေက ဒီအစိုးရလို့ လက်တစ်လုံးခြား မလုပ်ဘူး။ကျွန်မတို့တောင်းထားတဲ့ ၁၁ချက်မရမခြင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်´´ဟု တရားရုံးထုတ်ရာတွင် ပြော သည်။

ဆန္ဒပြပွဲအပြီး လှည်းတန်းစင်တာရှေ့မှ အ.ထ.က(၅) ကမာရွတ် ကျောင်းရှေ့ အထိ ကျောင်းသား သမဂ္ဂ အလံ ဝေရမ်းသဖြင့် ကျန်သူများနှင့်အတူ တရားစွဲဆိုခံရသူ ဦးဝင်းကျော့မှူးက``ဒီမိုကရေစီ အကူးအပြောင်း ကာလမှာ အတူတည်ဆောင်မယ်ဆိုပြီး လာခဲ့တာဖြစ်တယ်။ဒါပေမယ့် ဒီအစိုးရက ဟိရီဥတ္တပ တရားကင်း မဲ့တဲ့ အစိုးရဖြစ်တယ်။ အရှက်အကြောက် လုံးဝမရှိတဲ့ အစိုးရဖြစ်တယ်။ကျွန်တော် တို့တွေ ဒီတိုက်ပွဲက အမျိုးသားပညာရေး ဥပဒေတစ်ခုထဲတိုက်နေတဲ့ တိုက်ပွဲမဟုတ်တော့ဘဲ။ တရားမှုနဲ့ မတရားမှုတိုက်တဲ့တိုက် ပွဲဖြစ်လာတယ်။ သမိုင်းအဆက်ဆက်မှာ အကုန်လုံးနင်းချေခံခဲ့ ရတယ်။ တရားမှု သည်သာ အမှန်တရားဖြစ် ပါတယ်´´ဟု ပြောသည်။

သတင်း + ဓါတ်ပုံ - စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment

My Blog List