Tuesday, April 07, 2015

မငြိမ်းချမ်းရခြင်း အကြောင်းရင်းကိုလည်း သိဖို့လိုအပ်တယ်။ ဒီမငြိမ်းချမ်းရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းနိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာပါ NCCT ဒုခေါင်းဆောင်၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ် ထူးဝင်းနှင့်တွေ့ဆုံခြင်း


မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲများရှေ့ အလားအလာနှင့်ပတ်သက်၍NCCTဒုတိယခေါင်းဆောင်၊ KNUအထွေထွေအတွင်းရေးမှူးဖဒိုစောယကွယ် ထူးဝင်းကို 7Day သတင်းဌာနက ဧပြီ ၁ရက်တွင် တွေ့ဆုံမေးမြန်းခဲ့ပြီး ယင်းအနက်အချို့ ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
နေပြည်တော်မှာလုပ်မယ်လို့ဆိုတဲ့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးပွဲပြီး နောက် တစ်နေ့မှာ တကယ်ပဲ မြန်မာတစ် နိုင်ငံလုံး သေနတ်သံတိတ်မှာ လားရှင့်။

မြန်မာတစ်နိုင်ငံလုံးမှာ ကျွန် တော် အဲဒီလိုတော့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက ကျွန်တော်တို့ ပထမဆုံးလုပ်ရမှာက တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ကျွန်တော်တို့တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံးပါဝင်နိုင်လာအောင် လုပ်ရမယ်။ အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးပြီး တာ တောင် သေနတ်သံစဲမယ်၊ မစဲ ဘူးဆိုတာက ကျွန်တော်တို့ချုပ်တဲ့ စာချုပ်အပေါ်မှာ၊ လုပ်ဆောင် ချက် အပေါ်မှာ ကြည့်ရမှာပဲ။

စာချုပ်ခိုင်မာဖို့အတွက်၊ အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့ အတွက် စစ်ဘက်ဆိုင်ရာကိစ္စ (military code of conduct) ဆို တာရှိတယ်။ ဒါက တပ်သားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေလိုက်နာရမယ့်ကိစ္စ။ နောက်ပြီး တော့ ceasefire code of conduct ဆိုတဲ့ အပစ်အခတ်ရပ် စဲရေးစည်းမျဉ်းစည်းကမ်းတွေ ရှိ တယ်။ ဒါကိုထုတ်ရတယ်။ ဒါကို ထုတ်ပြီးတဲ့နောက်ပိုင်းမှာ ဒါကို ဖောက်မယ့်   စည်းကမ်း မလိုက် နာတဲ့ အဖွဲ့တွေ၊ ရဲဘော်တွေရှိလို့ ရှိရင် ပစ်ခတ်မှုရှိမှာစိုးလို့ ကျွန် တော်တို့ Joint Monitoring ပါ ထပ်ပြီးတော့ ဖွဲ့လိုက်တာကိုး။ ဖောက်မယ်ဆိုတာရှိမှာစိုးရိမ်လို့။ တကယ်ရှိပြီဆိုရင်လည်း Joint Monitoring ကနေ ပြန် လည်စိစစ် ပြီးတော့ ဘယ်သူက မှားသလဲ၊ မှန်သလဲဆိုတဲ့ စိစစ်အတည်ပြု ရေးအဖွဲ့ပါ ထားလိုက်တယ်ဆို တာ ဒါအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ သေနတ်သံတိတ်သွားမယ်ဆိုတာက တော့ ဖြစ် လို့ရှိရင်တော့ ကောင်း တာပေါ့နော်။ ကျွန်တော်တို့က လည်း ဖြစ်အောင်တော့ ကြိုးစား နေတာပဲ။

အခု NCA မူကြမ်းသဘောတူလိုက် နိုင်ဖို့အတွက် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေအပါအဝင် တကယ်ညှိ နှိုင်းဖို့ ခက်နေတဲ့၊ အခက်အခဲဖြစ် နေတဲ့ အချက်တချို့ကို ဆုံးဖြတ် ရန်မူဆိုတဲ့ သဘောထားလိုက်ပြီးတော့ နောက်နိုင် ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာမှ ဆွေးနွေးဖို့ ထားလိုက်ပါတယ်။ အဓိက အခက်အခဲဖြစ်မယ့်ဟာတွေကို ကျော်လိုက်သလိုထားတာက နောင်ကျရင် ပိုရှုပ်မယ်၊ ပိုခက်ခဲ မယ်ဆိုပြီးတော့ စိုးရိမ်နေကြတာ ရှိပါတယ်။ အဲဒီအပေါ် ဘာများ ရှင်းပြချင်ပါသလဲ။

ကျွန်တော်တို့ အဲဒီအပိုင်းမှာ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စ ဖြစ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်း စည်းရေးကိစ္စဖြစ်မှာပါ။ ဒီ ကိစ္စဟာ အသေးစိတ်ဆွေးနွေးရ မယ့်ကိစ္စဖြစ်တယ်။ ဒါက တွေး ခေါ်မှု၊ စဉ်းစားမှု နဲ့ဆိုင်တဲ့အပေါ် မှာ ကျွန်တော်တို့ ဒီဥစ္စာကို စာ ချုပ်မှာ တစ်ပိုဒ်လည်းထည့်ထား တယ်။ ဒီတစ်ပြည်လုံးအ ပစ် အခတ်ရပ်စဲရေးစာချုပ်ရရှိဖို့ အတွက် ညှိနှိုင်းတဲ့အချိန်မှာ သဘောတူဆုံးဖြတ်ချက်တွေက အကောင်အ ထည်ပေါ်ရမယ်ဆို တဲ့ ဒီဆုံးဖြတ်ချက်နဲ့သွားတယ်။ ဥပဒေပညာရှင်နဲ့လည်း ကျွန် တော်တို့မေးကြည့်တယ်။ ဒီလို ဆုံးဖြတ်ချက်ကို ဒါကိုအတည်ပြု ခြင်းအားဖြင့် စာချုပ်လိုပါတဲ့ အကြောင်းအရာကို ဥပဒေ အကြောင်းအ ရ ခိုင်မာမှုရှိလားဆို တော့ သူတို့က ရှိပါတယ်လို့ပြောပါတယ်။

စာချုပ်မှာပါတဲ့စာသားလိုဒီမှာထည့်တဲ့ဆုံးဖြတ် ချက်ကို ကျွန်တော်တို့ စာချုပ်ထဲမှာ clause တစ်ခုအနေနဲ့ ထည့်ထား တော့ စာချုပ်လိုပဲ သူက အကောင် အထည်ဖော်ရမယ်ဆိုတဲ့သဘော သက်ရောက်တယ်။ ပထမဦးဆုံး ညှိနှိုင်းမှာဖြစ်တယ်။ ကျွန်တော် တို့ ဒီလုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကိစ္စ ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ညှိနှိုင်းရမယ်။ ဆောင်ရွက်ရမယ်။ သဘောတူညီပြီးမှလုပ်လို့ရတာ ကိုး။ သဘောမတူလို့ရှိရင် လုပ် လို့မရဘူး။ နှစ်ဖက်စလုံးကနေပြီး တော့ ညှိနှိုင်းရမယ်။ နောက်ပြီး တော့ လုပ်ငန်းစဉ်တော့ အဆင့် ဆင့်ရှိပါတယ်။ ဒီအဆင့်ဆင့်ပေါ် မှာ တစ်ဆင့်ချင်းတက်ရမယ်။ ညှိနှိုင်းရမယ်။ ပြီးမှ သဘောတူပြီး မှ အကောင်အထည်ဖော်ရမယ်။ ဒီလိုသွားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့မှာ ခိုင်မာတဲ့အနေ အထားရှိပါတယ်လို့ အဲဒီလိုမြင် ပါတယ်။

အခုပထမဆုံးအဆင့် NCA လက် မှတ်ထိုးနိုင်ဖို့ကိုတောင်မှ စာချုပ် မူကြမ်းရရှိဖို့ကို ကာလအရှည်ကြီး တစ်နှစ်နဲ့ငါးလလောက် ကျော် ဖြတ်ခဲ့ရတယ်ဆိုတော့ အဆင့် ခုနစ်ဆင့်ပါတဲ့ လမ်းပြမြေပုံကို သွားရမယ်ဆို ရင် အချိန်အတိုင်း အတာဘယ်လောက်ထိ ကြာနိုင် မလဲ။

NCA ရဖို့အတွက် ဆယ့် ငါးလနော်။ ဒါတောင် final draftပဲရသေးတယ်။ကျွန်တော်တို့ ခေါင်းဆောင် ကြီးတွေကိုလည်း ပြန်တင်ပြမယ်။ UPCC ကိုလည်းပြန်တင်။ ပြီးရင်အတည်ပြုချက် ရယူပြီးတော့ လက် မှတ်ရေးထိုး နိုင်မယ်။ လက်မှတ်ရေးထိုးပြီးရင် political dialogues အတွက် framework ဆိုတဲ့ဥစ္စာကို ကျွန်တော်တို့ နှစ်လအတွင်း ဆွဲရမယ်။ တချို့ကျတော့ ကျွန်တော် တို့ အပစ်အခတ်ရပ်စဲရေးညှိတဲ့ အချိန် မှာ  နှစ်ဖွဲ့ပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ အဖွဲ့။ တကယ်တမ်း ပြန်ကြည့် မယ်ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆို ရင်  NCCT ဆိုတာ ကိုယ်စားပြုတစ် ဖွဲ့တည်းပဲ။ ဒါပေမဲ့ သူ့ကို ကိုယ်စားပြုနေတဲ့အဖွဲ့အစည်းက အမျိုးမျိုးရှိတယ်။  ၁၆ ဖွဲ့။ ဒီ ၁၆ ဖွဲ့ရဲ့ အနေအထား၊ သဘော တရား၊ ရပ်တည်မှုကလည်း တူချင်မှတူနိုင်မယ်။ဒါကိုလည်းအချင်းချင်းလည်း ပြန်ညှိနေရတဲ့အပိုင်း။ နောက် အစိုးရမှာဆိုတာ ကလည်းပဲ  အစိုးရလို့သာပြော တယ်၊ UPWC လို့သာပြောတယ်။ သူ့မှာကလည်း institutions က သုံးခု။ အစိုးရရှိတယ်၊ တပ်မတော်ရှိတယ်၊ လွှတ်တော်ရှိ တယ်။ သူတို့ရဲ့ တာဝန်၊ သူတို့ရဲ့ ရပ်တည်မှုအပေါ်မှာ ဆွေးနွေးတာ အချင်းချင်းလည်း ညှိနေရတယ်။ ညှိနှိုင်းမှုက ရှင်းရှင်းပြောရရင် တစ်ဖက်နဲ့တစ်ဖက် ညှိရသလို တစ်ဖက်စီမှာလည်း သူ့အဖွဲ့နဲ့ပြန် ညှိတဲ့အပိုင်းရှိတော့ အချိန်ကြန့် ကြာမှုရှိတယ်။

နောက်တစ်ခုက စဉ်းစားမယ်ဆိုလို့ရှိရင် ဒီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းတဲ့နေရာမှာကျ တော့ အချိန်က ဒီလောက်ကြာ လို့ရှိရင် framework ရေးဆွဲ တဲ့အချိန်မှာကျတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသွားမယ်ဆို ရင် ဒီနှစ်ဖွဲ့တည်းမကဘူး။ အဖွဲ့ တွေကအများကြီးပါမယ်။ နိုင်ငံရေးပါတီတွေလည်းပါလာမယ်။ နောက် ပြီးတော့ ပါဝင်သင့်ပါဝင် ထိုက်တဲ့ အစုအဖွဲ့က ပိုများလာမယ်။ ပြန်ပြီးများလာမယ်ဆိုလို့ ရှိရင် တချို့ ကတော့ထင်တယ်၊ ကျွန်တော်တို့ အခုသတ်မှတ်တာ ကတော့ အပစ်အခတ်ရပ်စဲရေး ရပ်ပြီးတဲ့နောက်ပိုင်း၊ Code ofConduct၊ Joint Monitoringတစ်လအတွင်းရေးဆွဲဦးမှာ။ ပြီးတော့ အကောင်အထည်ဖော် ရမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတာ ပေါ့။ အပစ်အခတ်ရပ်စဲရေးကို လုပ်ပြီး ကျွန်တော်တို့ ဘယ်နှရက် အတွင်းမှာ၊ ငါးရက်အတွင်း၊ တစ်ပတ်အတွင်း ကျွန်တော်တို့ တပ်အောက်ခြေကို ရှင်းပြရမယ်ဆို တာကပါတာကိုး။ ဒီသဘောတူ ညီချက်စာချုပ်က အောက်ခြေကို အကုန်လုံးရှင်းပြမယ်ဆိုတဲ့ သဘောတူညီချက်လည်းရှိတယ်။ ဒါ ပိုပြီးတော့ ခိုင်လုံ၊ ခိုင်လုံ အောင်လုပ်သွားတဲ့ သဘောပေါ့။ နောက်ပြီးတော့ အခုနက fram-ework နဲ့ political dialogues လုပ်မယ်ဆိုလို့ရှိရင် ဘယ်နှဖွဲ့ပဲလာလာ အခြေခံ အတူတူပဲ။ ကိုယ်စားပြုမှု ဘယ်လို သတ်မှတ်မလဲ ၊ ရွေးချယ်မှု ဘယ်လိုလုပ်မလဲ၊ ဘယ်အကြောင်းအရာတွေ ဆွေး နွေးမလဲ၊ ဘယ်လိုဆုံးဖြတ် ချက် ချမလဲ၊ ဒီအချက်တွေပဲရှိတယ်။ ဒီအချက်တွေရှိနေတော့ အခြေခံ ကလည်းတူညီတဲ့အပေါ်မှာ ဒါ ကျွန်တော်တို့တိုင်းပြည်မှာပါဝင် သင့်ပါဝင်ထိုက်တဲ့အဖွဲ့အစည်း တွေဘယ်လိုပါမလဲ။ ငြင်းရမယ့်အချိုးတော့ ရှိ မှာပေါ့။ ပါတီဒီ လောက်ရှိရင် ဘယ်လောက်ပါမလဲဆိုတာက တကယ်ကဆိုရင် ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ရှိ လိုက်လို့ရှိရင် ပြီးတယ်။ ဆွေးနွေးရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မှာ ဒီလက်နက်ကိုင်ပဋိပက္ခနဲ့ တစ်ခုတည်းမဟုတ်ဘူး။ ဘာအရေး တွေက ကျွန်တော်တို့ တိုင်းပြည် အတွင်းမှာ လိုအပ်တဲ့ပြင်ဆင်မှု ရှိသလဲဆိုတာကို ကျွန်တော်တို့ ခေါင်းစဉ်ရွေးရမှာပဲ။ ဖွဲ့စည်းပုံနဲ့ ပတ်သက်တာလည်းပါမယ်။ အခုရှိနေ တဲ့ မြေယာပြဿနာ၊ မြေယာပေါ်လစီလည်းပါမယ်။နောက်ပြီးတော့ ပညာရေးနဲ့ပတ်သက်တာ၊ နောက်ပြီး ပြည် တွင်းလက်နက် ကိုင်ပဋိပက္ခ အနှစ်ခြောက်ဆယ် ကြာအတွင်းမှာ ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာ။   ဒုက္ခ သည် ပြဿနာ၊ မယုံကြည်မှု ပြဿနာ၊ အကုန်လုံးကလုပ်နေရ တဲ့အပေါ်မှာ ကျွန်တော်တို့ နှစ်ခု ရှင်းရတယ်။ အခု လက်ရှိကတော့ နိုင်ငံရေးပြဿနာ။ ဒီနိုင်ငံရေး ပြဿနာကြောင့် ဖြစ်လာတဲ့လက်နက်ကိုင်ပဋိပက္ခအရ နောက်ဆက် တွဲပြဿနာ။ အဲဒီပြဿနာနှစ်ခုရှင်းရင် ဘာတွေကို ကျွန်တော်တို့ ဆွေးနွေးမလဲဆိုတဲ့ အချက်။  နောက်တစ်ခု ကတော့ ဆုံးဖြတ်လို့ရှိရင် ဘယ်လိုဆုံး ဖြတ်မလဲ။ အမှန်အားဖြင့် ကျွန်တော်တို့ အခုကတော့ တရား ဝင် တော့မရှိဘူး။

ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှာ NCCT မှာလည်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေရဲ့ တာဝန်ပေးမှုနဲ့ ကျွန်တော်တို့ draft လုပ်ထားတယ်။ ထုတ် ဖော်ပြမှုတော့ မရှိသေးဘူး။ လောလောဆယ် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေကို အတည်ပြုလို့မရသေး လို့။ နောက်ပြီးတော့ နိုင်ငံရေးပါတီ ၅၆ ပါတီက သူတို့လုပ်ထားတာရှိတယ်။ NBF လို အဖွဲ့တွေ။ အခုထပ်ပြီး တိုးလာတာ NLD က လုပ်ထားတာ။ အဲဒါလည်းရှိတယ်။ ဒါတွေ ရှိတဲ့အပေါ်မှာ အကုန်လုံးတော့ မတွေ့ရ ဘူးပေါ့နော်။ တွေ့တဲ့ အပိုင်းတွေက အခြေခံချင်းအတူတူပဲ။ ဒါပေမဲ့ တကယ်တမ်း ညှိမယ်ဆိုလို့ရှိရင် နှစ်လ အတောအတွင်းမှာ ပြီးနိုင်တဲ့အနေအထား တော့ရှိပါတယ်။ ဒီကြားထဲမှာ လည်း ဆက်ပြီး NCA မရခင်မှာ လည်း ကြိုတင်ပြီး ညှိလို့ရတဲ့ကိစ္စ ပဲ။ ဒါတွေက ကျွန်တော်တို့က NCA မရခင်ကတည်းက frame-work၊ political dialoguesကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဟိုး ၂၀၁၃ကစပြီး ဆွဲလာခဲ့တာ။ ဒီအပေါ်မှာမူတည်ပြီးတော့ တခြားအဖွဲ့အစည်းတွေ လုပ်လာတယ်ဆို တာ ကျွန်တော့်အမြင်ကတော့ တစ်ချိန်က   တက်တက်ကြွကြွ နဲ့လုပ်ဆောင်ကြမယ်ဆိုလို့ရှိရင် ပြီးနိုင်မယ်လို့ထင်ပါတယ်။ အခုကတော့ ကျွန်တော်တို့ နှစ်လ သတ်မှတ်ထားပါတယ်။

ကိုးကန့်ဆိုလို့ရှိရင် NCCT အဖွဲ့ဝင်ဖြစ်တယ်။ အစည်းအဝေး ရက်တွေအတွင်းမှာ NCCT ဘက် က ပြော တာက ကိုးကန့်က NCCT အဖွဲ့ဝင်ဖြစ်တာကြောင့်မို့လို့ NCA လက်မှတ်ထိုးတဲ့အခါမှာ ပါစေချင်တယ်။ ပါအောင်ကြိုးစား နေတယ်ပေါ့။ တစ်ဖက်မှာလည်း တပ်မတော်နဲ့က တိုက်ပွဲဖြစ်နေ တယ်။ ပြီးတော့ အစိုးရ က ဆွေး နွေးဖက်အဖြစ် သတ်မှတ်ထားတဲ့အထဲမှာလည်း MNDAA က မပါ ဘူး။ ဒီအခြေအနေကို NCCT ဘက်က ဘယ်လိုများကိုင်တွယ်မလဲ။

ကျွန်တော်တို့ NCCT က တော့ ဒီတိုက်ပွဲဖြစ်လို့ပဲ၊ တိုက်ပွဲတွေရှိနေလို့ပဲ NCCT ဆိုတာပေါ်လာတာကိုး။ တိုက်ပွဲတွေမရှိဘူးဆိုလို့ရှိရင် NCCT ဖွဲ့ပြီးတော့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ ရေး လာညှိစရာလည်း မလိုဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ တစ်ခါတည်းသွားလို့ရတယ်။ ရှိနေတဲ့အပေါ်မှာ ဒါကိုရှိလာ တာ။ ဒါရှိလာတာက ဒီတိုက်ပွဲ တွေ ရပ်သွားဖို့အတွက်။  တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးသေ ဘာတူ စာချုပ်ကို ရပြီးလို့ရှိရင် အကုန်လုံးပါဝင်လာဖို့ကို ကျွန် တော်တို့ ကြိုးစားနေတာ။ NCCTအဖွဲ့ဝင်ဖြစ် သည်ဖြစ်စေ၊ မဖြစ် သည်ဖြစ်စေ အကုန်လုံးကတော့ ပါဝင်စေချင်တာပေါ့။

အခု NCCT ထဲမှာ တိုက်ပွဲရှိတဲ့အဖွဲ့တွေလည်းရှိတယ်။ တချို့အဖွဲ့တွေကလည်း လက်နက် ကိုင်တပ်ဖွဲ့ မရှိသလောက်ရှိတာ ကိုး။ ဒါကို တစ်ဖက်ကပြန်စဉ်းစား တော့ ဒီလက်နက်ကိုင်ပဋိပက္ခမရှိ တဲ့အဖွဲ့တွေက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လာပြီး လက်မှတ်ရေးထိုးလို့ရှိရင် သိပ်ပြီးတော့ သဘာဝမကျဘူး။ အခုက ကျွန်တော်တို့ NCCT အဖွဲ့ဝင်မဟုတ်တဲ့ တချို့အဖွဲ့အစည်း တွေဆိုလို့ရှိရင် တော်တော်အင် အားကြီးကြပါတယ်။ သူတို့ကို လည်း ကျွန်တော်တို့ဒီမှာ တစ်ခါတည်းပါဝင်နိုင်ဖို့တော့ ကျွန်တော် တို့ ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ သူတို့ကလည်း အစိုးရနဲ့ အပစ် အခတ်ရပ်စဲရေး အနှစ်နှစ်ဆယ် ကျော် ဘာတိုက်ပွဲမှမဖြစ်ဘူး။ ဘာမှထပ်ထိုးစရာ မလိုဘူးဆိုတဲ့ အမြင်ရှိတာပေါ့။ ဒါပေမဲ့ အခုက ကျွန်တော်တို့ ထိုးတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်က ကွာခြားမှုရှိပါတယ်။ အပစ်ရပ်သက်သက် မဟုတ်ပါ ဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုကိုသွားမယ်ဆိုတော့ အကုန်လုံး ပါဝင်လာဖို့ ပိုလိုအပ်တာပေါ့။ ဒါအစိုးရနဲ့ ညှိရမှာဖြစ်တယ်။အရင်တုန်းက အစိုးရနဲ့ဆွေးနွေး ထားတဲ့ အဖွဲ့တွေ သဘောတူထား တဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးမှု အာမခံ ချက်ရှိတဲ့ သဘောတူစာချုပ်မပါ ဘူး။ သဘောတူညီချက်မပါတဲ့ အတွက်ကြောင့် ဖြစ်စေချင်လို့ ကျွန်တော်တို့က အဲဒီလို ပြောနေ ရတာပါ။

ဒါကိုလည်း NCCT ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို ပြန်တင်ပြမယ်။ တင်ပြ တဲ့နေရာမှာ အခုကျွန်တော် တို့ကို ဖွဲ့စည်းပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအကုန်လုံးတွေ့ပြီးတော့ တင်ပြမှာဖြစ်ပါတယ်။ အကုန်လုံး ပါဝင် နိုင်လို့ရှိရင် အကောင်းဆုံးပေါ့။

ကိုးကန့်နဲ့ပတ်သက်ရင် ခုနက တစ်ပိုင်းပေါ့။ ကိုးကန့်ရဲ့ဖြစ်တည်မှုအနေအထားက ကျွန်တော်တို့လည်း အကုန်လုံးကို တော့မသိဘူး။ ဘာဖြစ်လို့လဲဆို တော့ တစ်ချိန်တုန်းက အစိုးရနဲ့အပစ်ရပ်တယ်၊ အစိုးရနဲ့ သိပ်ပြီးတော့ နီးစပ်ကြပါတယ်လို့ ကျွန်တော်နားလည်တယ်။ အခုပြန်ဖြစ်တဲ့ကိစ္စ ဘယ်လိုဖြစ်တာလဲတော့ အကြောင်းရင်းတော့မသိဘူး။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတာက တော့ ကျွန်တော်တို့က မဖြစ်စေ ချင်ဘူး။ ဒါကြောင့်မို့လို့ ဒါကတော့ပါဝင်သင့်တယ်။ ပြန်မတိုက်ကြ ဖို့တော့ ကျွန်တော်တို့ အစိုးရကို တင်ပြ တယ်လေ။  အစိုးရကလည်း ကျွန်တော်တို့သဘောထားထုတ် ပြန်ချက်မှာပါလာတယ်။ ပဋိပက္ခ လျှော့ချရေး အတွက် သဘောထားထုတ်ပြန်ချက်။ ကျွန်တော်တို့ Joint Statement မဟုတ်ဘူး။ သတ်သတ်ထုတ်ပြန် တာရှိတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးတည် ဆောက်နေတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဒါမဖြစ်ရေး အတွက် နှစ်ဖက်စလုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ ဒါကိုဆက် လက်မဖြစ်ပွားဖို့ ကြိုးစားဆောင်ရွက်သွား မယ်ဆိုတဲ့ သဘောတူညီ ချက်သဘောထားလည်း ရှိထားပြီးသားဖြစ်ပါတယ်။

ဒါဆို NCA လက်မှတ်ရေးထိုးမှာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ၁၆ ဖွဲ့ မကနိုင် ဘူးပေါ့။

ဖြစ်စေချင်တာကတော့ အကုန်လုံး။ တစ်ပြည်လုံး။ တိုင်းရင်းသားအရေးကျတော့ အကုန်လုံးက ဘဝတူတွေ မဟုတ်လား။ တိုက်ပွဲဖြစ်နေတာကလည်း ဒါနဲ့ ပဲ။ ကျွန်တော်တို့အချင်းချင်း တိုက်ကြတာမဟုတ်ဘူး။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ တိုက်နေတဲ့အစိုးရ သဘောတူညီမှုရှိရင်၊ အကုန်လုံးတူညီ မှုရှိရင် ပါဝင်မှုရှိနိုင်ရင်တော့ပို ကောင်းမယ်။ NCCT အဖွဲ့ဝင် ဖြစ်သလို မဖြစ်လည်း ပါဝင်နိုင်ဖို့ အတွက် ဒီသဘော တူညီချက်က တစ်ဖွဲ့ချင်းလုပ်တဲ့နေရာထက်ပိုမိုမြင့်မားတယ်လို့ မြင်ပါတယ်။

နောက်ပြီး လုံခြုံရေးဆိုင်ရာပြန် လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်က နောက်ပိုင်းမှာ ညှိနှိုင်းဆွေး နွေး လုပ်ဆောင် ရမယ့်အထဲမှာ အခက်ခဲဆုံးကိစ္စဖြစ်မလား။

နားလည်မှုရှိရင် ဘာအခက်ခဲမှမရှိဘူး။ ခက်ခဲအောင်လုပ် လို့ရှိရင်လည်း အကုန်လုံးခက် ခဲတာပဲ။ တစ်ချက် ချင်းအပေါ် မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အယူအဆစကားလုံးတစ်ခုချင်းအပေါ်မှာ ဘေး ကနေကြည့်လို့ရှိရင်တော့ တစ်မျိုး ကြီးပေါ့။ စကားလုံးတစ်လုံး အပေါ်မှာပဲ တစ်ခါတလေ ငြင်းရ တာ။ ဗမာစကားလုံးမှာက ဒီဘက်သုံးရင် အဓိပ္ပာယ်တစ်မျိုးကွာ တယ်။ ဒီဘက်သုံးရင် တစ်မျိုး။ ဒါကို ငြင်းကြတာ ရှိတာပေါ့။ နောက်ဆုံး အင်္ဂလိပ်လိုပြန်ကြည့် လို့ရှိရင် တစ်မျိုးတည်းပဲဖြစ်နေ တယ်။ ဗမာမှာကျတော့ စကားလုံး က ပိုများတဲ့အပေါ်မှာ၊ အဓိပ္ပာယ်အပေါ်မှာ တစ်ခါတလေတော့ရှိ တယ်။ ညှိနှိုင်းမယ်ဆိုရင် အခက် အခဲရှိလား ။ အခက်ခဲလို့ယူဆ ရင် အခက်ခဲကြီးပဲ။

ပြောရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ရန်သူဆို တာ ရန်သူ လို့ မြင်ရမယ်။ ရန်၊ ငါ စည်းခြားရမယ့်သဘောတရား။ ပြည်ထောင်စုဘက်ကလည်း တပ်မတော်ကသင် ထားတာ ဒီလူတွေဟာ သောင်းကျန်းသူ၊ အမြစ်ဖြုတ်ရမယ်။ ဒီအမြင်နှစ်ခုက သင်လာခဲ့တာကြာပြီ။ အခုက ကျွန်တော်တို့က ဒီလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်သူဒုက္ခရောက်နေတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခရဲ့ အရင်းခံပြဿနာက နိုင်ငံရေးပြဿနာ။ ဒါတွေ အကုန် လုံးရှင်းသွားမှာပါ။ အချိန်တော့ ယူရပါတယ်။

တချို့ကတော့ အခုဦးသိန်းစိန် အစိုးရလက်ထက်မှာ ငြိမ်းချမ်း ရေးကမ်းလှမ်းခဲ့တာကလွဲရင် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ် မှာ တကယ်ပြုပြင်ပြောင်းလဲသွား တာမရှိဘူးလို့ ဝေဖန်ကြတာရှိတယ်။ အရင်အစိုးရ အဆက်ဆက် တော်လှန်ရေးကောင်စီလက် ထက်မှာရော၊ နအဖအစိုးရလက်ထက်မှာရော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး စကားပြောခဲ့တာမျိုးရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လက်နက်ဖြုတ် သိမ်းရေးတို့၊ လက်နက်အပ်ရမှာတို့၊ အဲဒီလိုပုံစံတွေပေါက်ခဲ့ တယ်။ အခုတစ်ကြိမ်မှာကော မတူကွဲပြားမှုရှိ သလား။

တကယ်တမ်းဆို ကျွန်တော် တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တောင်းဆိုတာ တစ်ပြည် လုံးအပစ်အခတ် ရပ်စဲရေးပါ။ အစိုးရက ကြေညာ ပါ၊ အပစ်အခတ်ရပ်စဲရေးကြေ ညာပါ၊ ပြီးတော့ နိုင် ငံရေးတွေ့ ဆုံဆွေးနွေးမှုလုပ်ပါဆိုတာ ကျွန် တော်တို့ တိုင်းရင်းသားတွေရော၊ အတိုက်အခံအင်အား စုတွေရော တောင်းဆိုတာကြာလှပြီ။ လွန်ခဲ့ တဲ့အစိုးရ ဟိုးကျွန်တော်တို့ ၄၉ ကနေပြီးတော့ အဆက်ဆက် မှာ ကျွန်တော်တို့ KNU ဆိုရင် ငါးကြိမ်တွေ့ဆုံဆွေးနွေးမှုလုပ်ခိုင်းတယ်။လုပ်တိုင်းမှာ လက်နက်ချပါ၊ ဥပဒေဘောင်အတွင်းဝင်ပါ၊ စီးပွားရေးလုပ်ပါ၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ပါဆိုပြီးတော့ အခြေခံနိုင်ငံရေးပြဿ နာ ဆွေးနွေးနိုင်တဲ့ အနေအထားမရှိဘူး။ လွန်ခဲ့တဲ့ အစိုးရလက်ထက်မှာလည်း တချို့တိုင်းရင်းသားအဖွဲ့ အစည်း တွေ အပစ်အခတ်ရပ်စဲရေးလုပ် ကြတယ်။ တချို့က တစ်ဆယ်၊ နှစ်ဆယ်၊ ၁၇ နှစ် ၊ အနှစ် ၂၀ တို့။ ဒါပေမဲ့ နိုင်ငံရေးပြဿနာကို နည်းလမ်းတကျ ဖြေရှင်းတာမရှိခဲ့ဘူး။ မရှိတဲ့အတွက်ကြောင့်လည်း နောက် ဆုံးကျတော့ လက်နက်ဖြုတ်သိမ်းတာမျိုး  လက်အောက်ခံတပ်ဖွဲ့အဖြစ်နဲ့ နောက်ဆုံးကျ တော့ တိုက် ပွဲပြန်ဖြစ်ပြန်ရော။

အခုအစိုးရမှာ ထူးခြားချက်တစ်ခုရှိတာက အစိုးရမူလကဖိတ်ခေါ်ချက်ကို ပြန်ကြည့်လို့ရှိရင်လည်း သိပ်တော့ မထူးဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်း ရင်းသားဘက်က ပြင်ဆင်လိုက် တယ်။ ဒီကနေ့လုပ်နေ တဲ့ Peace Process ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် (Master plan) ကို ပြင်ဆင်လိုက်တယ်။ ပြင်ဆင်ပြီးတော့ အစိုးရကို တင်ပြတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် ဒီနည်းလမ်းအတိုင်းပဲသွားပါဆို တော့ အစိုးရရဲ့ မူလဖိတ်ခေါ်ချက်၊ ပြည်နယ်အဆင့်မှာ ငါးချက် ၊ ပြည်ထောင်စုမှာ ရှစ်ချက်ဆိုတာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ် ချက်မှမပါဘူး။ ဒါတွေက ပြီးသွားပြီ။

အခုက ကျွန်တော်တို့သွား နေတာ အခု NCA မှာပါတဲ့ စာချုပ်သဘောတူချက်အတိုင်း။ ကွာခြားချက်ကနိုင် ငံရေးတွေ့ဆုံဆွေးနွေးရေးရှိမယ်။ တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးပါလာတယ်။ နောက်ပြီး ဘယ်အစိုးရ လက်ထက်မှာမှတစ်ပြည်လုံးအပစ်အခတ်ရပ်စဲ ရေး၊ အကုန်လုံး ဒီလိုစုပြီးတော့ပါလာတာ တစ်ခါမှမရှိဘူး ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုတာလည်း တစ်ခါမှ ဘယ်အစိုးရမှ မလုပ်ခဲ့ဖူး ဘူး။ သူ့ရဲ့ ဥပဒေဘောင်အ တွင်း ဝင်လာတာ။ အခုက ဒီပြဿနာ ရှင်းကြမယ်ဆိုပြီးတော့ ဒါကွာခြား တဲ့အနေအထားတစ်ခုပဲ။

ကျွန်တော်တို့ တိုင်းရင်းသား ဘက်ကလည်း တောင်းဆိုတယ်။ သမ္မတကြီးကြေညာချက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတာ ၂၀၁၁ သြဂုတ် ၁၈ ရက်က ပြန် တွက် ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ တောင်းဆိုထားတဲ့ဟာနော်။ သူက ဖိတ်လိုက်တယ်။ သူ့ရဲ့ ဖိတ်ခေါ်ချက်ကို ဘယ်လိုပဲရေးရေး  ကျွန်တော်တို့က ကြိုဆိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြင်ဆင် တယ်။ ဒါလုပ်သင့်တယ်ဆိုပြီး အပစ်ရပ်လိုက်တယ်။ ဒါပေမဲ့တကယ့်နိုင်ငံရေး၊ အေးချမ်းပြီး သာယာဝပြောတဲ့ တိုင်းပြည်ထူ ထောင်ဖို့အတွက် ဒီနည်းလမ်း နဲ့ လုပ်သင့်တယ်။ နိုင်ငံရေးပြဿနာတွေ ဆွေးနွေးကြမယ်ဆို တဲ့ အချက်တင်ပြတော့ သူတို့ လည်း ပြောင်းလဲလာတယ်။

ဖိတ်တာက ၂၀၁၁ ခုနှစ်။ အခုမှ တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူ ကြမ်းကို မနေ့က ပဲရတယ်။ သုံးနှစ်ကျော်ကြာတယ်နော်။ ကျွန် တော်တို့လည်း တောင်းတယ်။ ဟိုဘက်မှာလည်း လိုတယ်။ ညှိတဲ့အခါမှာက စတွေ့တာက တိုင်းရင်းသားတစ်ဖွဲ့ချင်းက ၂၀၁၁ ဒီဇင်ဘာတချို့၊ ကျွန်တော်တို့ဆိုရင် ၂၀၁၂ ဇန်နဝါရီ၁၂ ရက်မှာ လက်မှတ်ရေးထိုး တယ်။ တစ်ဖွဲ့ချင်းစီအနေနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် လုပ်ရင်းနဲ့ နောက်ဆုံးကျ တော့ တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးလုပ်လာခဲ့တာစပြီးတော့ ဖွဲ့ လိုက်ကတည်းက ညှိလာတာ တစ်နှစ်နဲ့ငါးလကျော်ကြာတယ်။

ထူးခြားတာက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲလုပ်မယ်၊ အခြေခံနိုင်ငံ ရေးပြဿနာဆွေးနွေးမယ်။ ထူးခြားတာက လက်နက်ချတာမပါဘူး။ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးဆိုတာ လက်နက်ချတာ မဟုတ်ဘူး ။ ပြုပြင်မယ်ဆိုတဲ့အနေအထားမျိုး။ လက်နက်ချ ဆိုတဲ့စကားလုံးတော့ မသုံးဘူး။ အလင်းဝင်တာလည်း မသုံးဘူး။ အစတုန်းက ကျွန်တော်တို့က အမှောင်ထဲမှာနေတဲ့ဘဝနဲ့ဖြစ်နေ တာကိုး။ အခုက အလင်းဝင် တာလည်း မသုံးဘူး။ ဒါပေမဲ့ သုံးတဲ့စကားလုံးကတော့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်း ခြင်း။ လုံခြုံရေး ဆိုင်ရာမှာ ကျွန် တော်တို့မှာ တာဝန်ရှိသလို အစိုးရမှာလည်း တာဝန်ရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက သူ့ရဲ့သက် ဆိုင်ရာလူထုမှာ လုံခြုံရေးတာဝန် ယူနေရတယ်။ ဒီဥစ္စာကို ဘယ်လို ပြန်လည်ပေါင်းစည်းမလဲ ဆိုတာက system တစ်ခု။ သေချာကျွန် တော်တို့    ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းရေးဆိုတာနဲ့ ဆက်စပ်ပြောရ ရင် အင်အားကြီးလက်နက်ကိုင် အဖွဲ့တွေဆိုရင် တပ်ဖွဲ့ဝင်သောင်း ချီရှိနေကြပါတယ်။ အဲဒီတော့ တစ်ပြည်လုံးအပစ်ရပ်ရေး ထိုးပြီးသွားပြီ ဆိုရင် ဒီတပ်သားတွေ အရပ်သားအဖြစ် ပြန်ပြောင်းဖို့ မပြောင်းဖို့ကိစ္စ၊ လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖျက် သိမ်းခြင်း၊   ပြန်လည်ပေါင်းစည်းခြင်းနှင့် ပြန်လည်နေ ရာချထားခြင်းတို့၊  လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်း လဲခြင်း၊ စစ်တပ်ပြုပြင်ပြောင်းလဲခြင်းတို့ အဲဒီကိစ္စတွေကို ကိုင်တွယ်ဖို့ဆိုရင် ဘယ်လိုအခက်အခဲတွေ ကြုံ လာနိုင်လဲ။

အသေးစိတ်တော့ ဒီဥစ္စာကအဆင့်တွေ အများကြီးရှိတယ် နော်။  လုံခြုံရေးပြန်လည်ပေါင်း စည်းရေး ပဲ ပြောပြော၊ လုံခြုံရေးဆိုင်ရာကိစ္စ ပြန်လည် (reform)လုပ်တာ အဆင့်တွေ အများကြီးရှိတယ်။ အခုလက် နက်ကိုင် တပ်ဖွဲ့တွေ တိုင်းပြည်တစ်ပြည် အတွက် လုံခြုံရေးဆိုတာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်။ ဒါပေမဲ့ အခုရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက တိုင်းပြည်အတွက်ထက် ကိုယ့်အဖွဲ့နဲ့၊ ကိုယ့်အဖွဲ့တွေနဲ့ အဲဒီလိုဖြစ်နေတဲ့အပေါ်မှာ သူ့တပ်ဖွဲ့နဲ့၊ သူ့ဖွဲ့စည်းပုံနဲ့ရှိ တယ်။ သူ့သင်တန်းနဲ့သူရှိတယ်။ သင်ကြားမှုက လည်း မတူဘူး။ Training မတူဘူး။

ပြည်ထောင်စုတပ်မတော် ဆိုလိုက်လည်းပဲ ကျွန်တော်တို့ မှာလည်း ကရင့်အမျိုးသားလွတ် မြောက်ရေး တပ်မတော်၊ ကချင် လွတ်မြောက်ရေးတပ်မေ တာ်၊ ကျွန်တော်တို့တိုင်းပြည်မှာ တပ်မတော်တွေ မနည်း ဘူးဖြစ်နေ တယ်။ လူမျိုးတိုင်းမှာ သူ့တပ် မတော်ရှိနေတယ်။ ဒီတော့ ပြန်လည်ဖွဲ့စည်းမယ်ဆိုရင် တပ် မတော်တစ်ခုတည်း ပြန်လည် ဖွဲ့စည်းမယ်ဆိုလို့ရှိရင် အပစ် အခတ်ရပ်စဲရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲတော့မလိုဘူး။ ဒါပေမဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုရဲ့ တိုးတက်မှုအပေါ်မှာ ပြောင်း လဲနေတဲ့အနေ အထားပေါ်မှာ ဒါက တဖြည်းဖြည်းလုပ်သွားရ မယ့်ကိစ္စဖြစ်ပါတယ်။

အခက်အခဲဆိုတာထက် ယုံကြည်မှု၊ လုပ်ဆောင်မှုအဆင့် ဆင့်တစ်ခုချင်းလုပ်ရမယ်။  ပ ညာ ပေးမှု အများကြီးလိုအပ်တယ်။ ဒါတွေက တစ်ခါတည်းလာပြီး ပေါင်းပြီးတော့မှ လုပ်လို့ရှိရင် ဒီတပ်ကဘယ်တော့မှ အမိန့်ပေးမှုကလည်း တူတာမဟုတ်ဘူး။ ကရင်တပ်မှာဆိုရင် ကရင်လိုပဲ ပေးတယ်။ အမိန့်ပေးတာ စစ်မိန့် တို့ ဘာတို့ပေးတာပေါ့။ ကချင်ဆို လည်း ကချင်လိုပဲပေးတယ်။ ဆိုတော့ ဒီတပ်ကြီးက ဘယ်လိုမှ အမိန့်ပေး လို့၊ တပ်ဖွဲ့တွေ ဘယ်သွားဘာညာအမိန့်ပေးလို့ ဘယ်လိုမှ လိုက်နာမှုရှိမှာမဟုတ်ဘူး။ မွန်ဆိုလည်း မွန်တပ် ဆိုရင် မွန်ဘာသာပဲပြောတာကိုး။ အခုကတစ်ခုလုံးကနေ သင်တန်းတစ် ခုထဲ လမ်းညွှန်မှုတစ်ခုတည်းလုပ် ပြီးမှ ကျွန်တော်တို့ reintegration လုပ်ရမှာ။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုတာနဲ့ပတ်သက်ပြီး UNFCက ကြေညာချက် ထုတ်ခဲ့တာရှိသလို ဒီအပေါ်မှာ တပ်မတော်ကာကွ ယ်ရေးဦးစီးချုပ်က ကန့်ကွက်ခဲ့တာ လည်းရှိတယ် ။ နှစ်ဖက်ကြား သဘောထားကွဲလွဲမှုရှိခဲ့တယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာရော၊ ရှေ့လာမယ့်အနေ အထား မှာရော ဒီဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာက ဘယ်လိုပုံစံမျိုးရှိနေလဲ။

ဒီနိုင်ငံတော် ဖက်ဒရယ်ပြည် ထောင်စုဖြစ်လာရင် ဒီတပ်မတော်ကတော့ ဘယ်လိုပဲပြော ပြော၊ ဖက်ဒရယ် တပ်မတော်၊ ပြည် ထောင်စုတပ်မတော်ပဲပြောပြော ဘယ်လိုနာမည်ခေါ်ခေါ် ခေါ်လို့ ရတယ်။ အဓိက, ကတော့ ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ကိစ္စပဲ။ တစ် ယောက်နဲ့တစ်ယောက်ကတော့ စိုးရိမ်မှုနဲ့ ဒီ Federal Army ကို အခုပဲနာမည်ထောင်ပြီး ဒီနာမည် ကြီးက တိုင်းပြည်ကို လာသိမ်းနိုင်မှာလည်းမဟုတ်ဘူး။ စိုးရိမ်စရာ မရှိဘဲ စိုးရိမ်တယ်။ ဒါ ကျွန်တော် ဆိုလိုတာပေါ့။ ဘာဖြစ်လို့လဲဆို တော့ ဒီနိုင်ငံရဲ့နိုင်ငံတွေ့ ဆုံဆွေး နွေးမှုကနေ ကျွန်တော်တို့နိုင်ငံ တော်ကြီးကို ဘယ်လိုပုံစံနဲ့ ပြန်ဖွဲ့ မလဲဆိုတာ တစ်ခုက ဖက်ဒရယ် စနစ်နဲ့ ဒီမိုကရေစီအခြေခံတဲ့ ပြည်ထောင်စုပဲ။ ပြည်ထောင်စု လည်းပါတယ်။ Union လည်း ပါတယ်။ Federal လည်းပါတယ် ဆိုတော့ တချို့ကတော့ ဖက် ဒရယ်မလိုဘူး။ ပြည်ထောင်စုနဲ့ လုံလောက်တယ်။ တချို့က ယူနီ ယံမြန်မာလုပ်နေတယ်။ ဒါက တော့ စကားလုံးက ပြောနေကြ တာ။ 

လက်တွေ့မှာကတော့ ပြည် ထောင်စုဆိုတာ ပြည်ထောင်တွေ ကို စုထားတာ။ ဒါပေမဲ့ ဖက်ဒရယ် ပဲပြောပြော အခုကတော့ ဒီဖက် ဒရယ်စကားလုံးအတွက် သိပ်ပြီး တော့ စိုးရိမ်စရာမရှိဘူး။ ဟိုလွန် ခဲ့တဲ့အချိန်ဆို ဖက်ဒရယ်ဆိုတာ ဘယ်လိုမှ ပြောလို့မရတဲ့ကိစ္စ။ အခုကတော့ တစ်ပြည်လုံးရင်းနှီး ပြီးသား။ အကုန်လုံးက လက်ခံ နေကြတဲ့ စကားလုံးဖြစ်နေတယ်။ နောက်ပြီးတော့ အခုသဘောတူ စာချုပ်ထဲမှာ လည်း ပါထားပြီး သား။ ဖက်ဒရယ်ပြည်ထောင်စု ကို ထူထောင်မယ်ဆိုတာပါထား ပြီးသားဆိုတော့ စကားလုံးမစိမ်း တော့ဘူး။ အစက ဖက်ဒရယ်ဆို တာ ခွဲထွက်မယ်ထင်တာ။ ဖက် ဒရယ်ခေါ်ကတည်းကိုက မခွဲ ထွက်ဘူး ပူးပေါင်းမယ်ဆိုတာ အဓိပ္ပာယ်သက်ရောက်တယ်။ ပူး ပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စ ဖြစ်တယ်။ နားလည်မှုလွဲကြတာ။ နောက်ပြီးတော့ ဒါက မှိုင်းတိုက် မှုလည်း ပါမှာပေါ့။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေ အနေမှာ လွှတ်တော်အတွင်းကအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေကလည်း ဒီဘက်လမ်း ကြောင်းကနေ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလုပ်နေတယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကလည်း ဒီငြိမ်းချမ်းရေးလမ်း ကြောင်းကနေပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆီ လုပ်နေတယ်။ အဲဒီတော့ ဆုံနိုင်ခြေရှိသလား။ ပူးပေါင်းပြီးလုပ်ဖို့ ဆွေးနွေးထား တာမျိုးကောရှိလား။

အခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ။ ကျွန်တော့်အမြင်ပေါ့လေ။ ဒီဖွဲ့ စည်းပုံကို ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ အများက တော့ လက်ခံသည်၊ လက်မခံ သည် . . . ရှိနေတာကိုတော့ ကျွန် တော်တို့ ဒီတိုင်းပြည်ကို ဒီဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ သွား နေတာကိုး။ ဒီယန္တရားအောက်မှာ ဖွဲ့စည်းပုံပြင်နိုင် ဖို့ဆိုတာလည်း ရှိတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံကို ပြင်ရမယ့် ခွင့်ပြုချက်က တော် တော်ခက်တယ် ပြင်ရ မှာ။ ပြင် နိုင်တဲ့အတိုင်းအတာတွေရှိတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့လုပ်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုက အခြေခံနိုင်ငံရေးပြဿနာတွေ ရှင်းမယ်ဆိုတော့ ဖွဲ့စည်းပုံနဲ့ပတ် သက်တဲ့အချက်တွေလည်းပါ မယ်။ ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုက ရလာတဲ့ရလဒ်။ ဒီပြဿနာတွေကြောင့် ကျွန်တော်တို့ပြည်တွင်းမှာ လက်နက် ကိုင်ပဋိပက္ခ က ဖြစ်နေတာကိုး။ လက်နက်ကိုင်ပဋိပက္ခက သူ့အလိုလိုနဲ့ ပျော်လို့ တိုက်ကြတာ မဟုတ်ဘူး။ သူ့နိုင်ငံရေးရပ်တည်ချက်က လူများကမဖြေရှင်းလို့ တွေ့ဆုံဆွေးနွေးပြီးအဖြေရှာကြတာ မဟုတ်ဘဲနဲ့ သူ့ရဲ့တောင်းဆိုချက်၊  သူ့ရဲ့လိုလားချက်ကို သင့်သလား၊  မသင့်သလား ဘာမှမဆွေးနွေးဘဲနဲ့လက်နက်နဲ့ အင်အားနဲ့ဖိတော့ဒီဘက်ကလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ လုပ်ရတာကိုး။ အမှန် အားဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာမယ်ဆိုတာ ဒီပဋိပက္ခက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းတွေ က သူ့ရဲ့အမျိုးသားကို ကိုယ်စားပြုဖို့ လက်နက်ကိုင်လာကြတဲ့ အဖွဲ့အစည်းတွေ။ ဒီကိစ္စ။ နောက် တစ်ခုက တခြားကိစ္စတွေ အများကြီးရှိသေးတယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ အချက်တွေရှိသလို ဖွဲ့စည်း ပုံနဲ့ မပတ်သက်တဲ့အချက်တွေ။ ပဋိပက္ခမကျေနပ်မှုတို့ ဒါတွေအများ ကြီး ရှိနေတာကိုး။

ဒီလွှတ်တော်ပြင်ပမှာ ဆွေးနွေးမယ်။ ဒါကတော့ သေချာတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အ စည်းတွေ ဘယ်တော့ မှ လွှတ်တော်ထဲဝင်ပြီး ဆွေးနွေးလို့ရမှာ မဟုတ်ဘူး။  ကိုယ်စားလှယ်မဟုတ်ဘူး။ ပါတီထောင် လို့လည်း မရဘူး။ အခုက လွှတ်တော်အပြင်ကထွက်ပြီးတော့ ကျွန်တော်တို့ ဒီတိုင်းပြည်ကို တိုင်းပြုပြည်ပြုလွှတ်တော် သဘော၊ ပင်လုံညီလာခံသဘော ပြန်လုပ်ပြီးလို့ရှိရင် ဒီကဆုံးဖြတ်ချက်တွေက လွှတ်တော်ကိုပြန်ပို့ပြီး တော့ အတည်ပြုချက်ယူပြီး အကောင်အထည်ဖော်ရမှာဖြစ် နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဝင်ဖြစ်သွားအောင် လုပ်ထုံးလုပ်နည်းနဲ့ ညီသွားအောင်လုပ်ရမယ့်အပိုင်း ရှိတယ်။ ဒီဘက်မှာ ကျတော့ လွှတ်တော်ကထွက်လာမှာကိုး။ နိုင်ငံရေးဆွေးနွေးပွဲ မှာ လွှတ်တော်ကလည်းထွက် မယ်၊ တပ်က လည်း ထွက်မယ်၊ပြည်သူလူထု ပါတီကိုယ်စား လှယ်လည်းပါမယ်၊ လူထုလူတန်းစားအဖွဲ့အစည်းတွေ အကုန်လုံး ပါမယ်ဆိုတော့ တိုင်းပြုပြည်ပြု နိုင်ငံရေးညီလာခံတစ်ခုလို ဖြစ် နေပြီ။ ဆက်စပ်မှုနဲ့ အဲဒီလိုလုပ်ရ မှာပဲ။ တစ်ခုနဲ့တစ်ခုတော့ အပြန်အလှန်ဆိုတာ ရှိနေမှာပဲ။ ဒီဘက်မှာ လွှတ်တော်မှာ လက်ရှိလုပ်နေတဲ့ အနေအထား၊ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်။ ဒီဘက်မှာ ကျွန်တော်တို့အကုန်လုံးပါဝင်နိုင်တဲ့ နိုင် ငံရေးတွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတော်ပြန်လည်ပြုပြင်ရေးညီ လာခံကြီးတစ်ခု လို့လည်း ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU တွေ့ဆုံခဲ့တာမှာ ဘာတွေဆွေး နွေးဖြစ်ခဲ့ ပါသလဲရှင့်။

ဆွေးနွေးတာက အဓိကက တော့ NLDရဲ့ ရပ်တည်ချက်။ ကျွန်တော်တို့သိတဲ့အတိုင်းပါပဲ။ NLDပါတီမှာ မှတ်ပုံတင်ပြီးတဲ့ နောက်ပိုင်း  ရွေးကောက်ပွဲဝင်တဲ့ ဦးတည်ချက်က ဖွဲ့စည်းပုံပြင်နိုင်ရေးဖြစ် တယ်။ ဒုတိယ အချက်က တရားဥပဒေစိုးမိုးရေး။ နောက်တတိယအချက်ကတော့ ပြည်တွင်းငြိမ်း ချမ်းရေး။ ဒီတစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အခုက ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ NLDရဲ့ ပါဝင်မှု သိပ်မပေါ်လွင်တဲ့ အပေါ် မှာ တစ်နည်းအားဖြင့်တော့ ကျွန်တော်တို့က ပါစေချင်တာ ပေါ့။ ဘာဖြစ် လို့လဲဆိုတော့ သူကလည်း ပြည်သူလေးစားတဲ့ အင်အားကြီးတဲ့ပါတီတစ်ခုအဖြစ်နဲ့တော့ ပါစေချင်တယ်။ ဒါပေမဲ့သူ့ရဲ့ပါနိုင်မှုကလည်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲမှုမှာ သူကတော့မပါနိုင်ဘူးပေါ့။ ဒါကလက်နက် ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တာကိုး။ ဒါပေမဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုအပိုင်းမှာ ကျတော့ frameworkရေးဆွဲတဲ့နေရာမှာ ပဲဖြစ်ဖြစ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်လာရမယ့်အနေ အထားဖြစ်တော့ ကျွန်တော်တို့ရဲ့  KNUရဲ့ လုပ်ဆောင်မှုတွေ၊ ကြိုးစားဆောင်ရွက်မှုတွေ အကုန်လုံးပါ ဝင်နိုင်အောင် ကြိုးစားဆောင် ရွက်မှုတွေ တင်ပြတာဖြစ်တယ်။ ဒါကတော့ ကျွန်တော်တို့ သဘော တူတယ်၊ ငြိမ်းချမ်းရေးသူတို့ လက်ခံတယ်။ သူတို့ကလည်း မူလသူ့ ရည်ရွယ်ချက် သုံးခုရှိတဲ့အပေါ်မှာ ဆက်စပ်မှုရှိ လာတဲ့အပေါ် သူကလည်းပါဝင်နိုင်တဲ့ အနေအထားက နေပြီးတော့ ဆက်ပြီးပါလာ မှာပါပဲ။ နောက်ပြီး ကျွန်တော်တို့ကလည်း သဘောတူညီမှုထား တာကတော့ ပုံမှန်တွေ့ဆုံပြီး အမြင်ချင်းဖလှယ်တာတို့၊ ကျွန် တော်တို့ဆောင်ရွက်မှု အသိပေးတာတို့ ဒါကိုကျွန်တော်တို့ သဘောတူညီမှုရခဲ့ပါတယ်။

ဆိုလိုတာကတော့ ကျွန်တော်တို့ KNUက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တတ်နိုင်သလောက် တော့ ကြိုးစားခဲ့ တယ်။ အများလည်း ပါလာအောင်တော့ ကျွန်တော်တို့ကြိုးစားခဲ့တယ်။ အကုန်လုံးပါဝင်နိုင်မယ်ဆိုရင် ပိုမို ကောင်းမွန်တယ်ဆိုပြီးတော့ ကျွန် တော်တို့ဆွေးနွေးတင်ပြတာဖြစ်ပါတယ်။

အဲဒီတော့ ဒေါ်အောင်ဆန်းစု ကြည်ဘက်ကကော ဘယ်လိုများ ပြန်တုံ့ပြန်သလဲရှင့်။ သူပါဝင်လာ မယ်လို့ များ ပြောပါသလား။

ဒါကတော့ ပါဝင်လာနိုင်မယ်။ သူပါဝင်ရမယ့်အစိတ် အပိုင်းကတော့ အခုက တကယ်လို့တစ်ပြည်လုံးအပစ် အခတ်ရပ်စဲ ရေးကလုပ်ပြီးလို့ရှိရင်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက ဆက်လာမှာပဲ။ ဒီစာချုပ်အတိုင်း အ ကောင်အထည်ဖော်ရင်။  ပါလာလို့ရှိရင်တော့ framework က စပြီးတော့ ပါလာရမှာပဲ။ ကျွန် တော်တို့ သိရသလောက် NLD ကလည်း ပြောပါတယ်။ သူတို့မှာ လည်း framework ရော ၊ political dialogues ရော ပြင်ဆင်ထားတာ ရှိပါတယ်။ ဆိုလိုတာက ဒီထဲပါ လာမယ့်သဘောဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ပါလာ မယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လောက်ထိ သက်ရောက် မှုရှိမှာလဲ။

ဒီငြိမ်းချမ်းရေး၊ ပြည်တွင်းမငြိမ်းချမ်း၊ အခြေခံနိုင်ငံရေးပြဿနာ အကုန်လုံးနဲ့ပတ်သက် တယ်။ တိုင်းရင်းသားနဲ့ ပတ်သက်တယ်၊ ဒီမိုကရေစီနဲ့ ပတ်သက် တယ်။ ငြိမ်းချမ်းရေးမရှိလို့ရှိရင် လည်း ဒီမိုကရေစီရဖို့ တော်တော် ခက်ပါတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးရှိမှလည်း ဒီမိုကရေစီချီတက်တဲ့နေရာမှာ ပိုမိုလွယ်ကူ မယ်။ ငြိမ်း ချမ်းရေးရှိမှလည်း ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် ထူထောင်လို့ရ မှာ။ အဲသလိုပဲ ကျွန်တော်တို့အခု တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာ . . . ဒီဆက်စပ်မှုအပေါ်မှာ သူပါဝင် လာနိုင်လို့ရှိရင်  အကုန်လုံးပါဝင်နိုင်မယ် ဆိုတဲ့၊ ပါဝင်ရမယ်ဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အကုန် လုံး ပါဝင်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အရေးနဲ့ပတ်သက်ပြီး ထောင့်အသီးသီးကနေပြီးတော့ ဆွေးနွေး တင်ပြနိုင်တဲ့ အနေအ ထားရှိလာမှာပေါ့။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ NCA စာချုပ် ချုပ်ဆိုနိုင်မယ့်အနေ အထားရှိပါသလား။

ရွေးကောက်ပွဲက နိုဝင်ဘာ လမှ မဟုတ်လား။ စာချုပ်က ကျွန်တော်ပြောထားပြီးပြီပဲ။ ဖြစ်နိုင်လို့ရှိရင် ခုနက ဒီအချက် နှစ်ချက် ပြီးသွားလို့ရှိရင်တော့ ထိုးလို့ရပြီကိုး။ ဒီရွေးကောက်ပွဲမတိုင် ခင်ကတော့ သေချာပါတယ်။

အဲဒီတော့ ဒီ၂၀၁၅ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်က မဲဆန္ဒနယ်တွေအားလုံးမှာကော ရွေးကောက် ပွဲကျင်းပလို့ရမှာလား။

ကျွန်တော့်အမြင်ကတော့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်ပိုင်းမှာ အချိန်ကလည်း . . . ဒီတစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဥပမာအားဖြင့် မေလမှာ လုပ်ရင်အချိန်က လေး၊ ငါး လလောက် ရှိနေတာပဲ။ လေး၊ ငါးလ လောက် ရှိရင် တည်ငြိမ်မှုရှိရင်တော့ ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ ထင်ပါ တယ်။

၂၀၁၀ရွေးကောက်ပွဲတုန်း ကလည်း ကျွန်တော်တို့ မဲဆန္ဒနယ် အကုန်လုံးမှာလုပ်နိုင်ခဲ့တယ်လို့ သိရ တယ်လေ။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို နှစ်သစ်ကူးစကား ပြောကြားပေးပါဦးရှင်။  ဘာများ အမှာ စကားပါးချင်ပါသလဲရှင့်။

ဒီကနေ့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးစကားလုံးက တော်တော့်ကို ရေပန်းစားပါ တယ်။ လူတိုင်းက သုံးနေကြပါတယ်။ ပြောနေကြပါတယ်။ အဖွဲ့ အစည်းတော်တော်များများကလည်း လှုပ်ရှားနေ ကြပါတယ်။ ဒီတော့ မငြိမ်းချမ်းရခြင်း အကြောင်းရင်းကိုလည်း သိဖို့လိုအပ်တယ်။ ဒီမငြိမ်းချမ်းရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်း နိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာပါ။ ငြိမ်းချမ်းရေးဆိုတာက တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိနေတဲ့ ပြည် သူပြည်သား အားလုံးရဲ့ နိစ္စဓူဝလှုပ်ရှား အသက်ရှင်နေရတဲ့နေ ရာမှာ ပူပင်သောကမရှိဘဲနဲ့၊ စစ်ပွဲတစ်ခုတည်း မဟုတ်ဘူး ဘဝရဲ့လုံခြုံရေး၊ တစ်သက်ရဲ့ လုံခြုံရေး၊ ဘဝဆိုတာကတော့ စားရေးသောက်ရေး ကအစပေါ့ ဒါတွေပူပင်မှုမရှိဘဲ ငြိမ်းချမ်းတာ။ ဒါကို ကျွန်တော် တို့ ကြိုးစားဆောင်ရွက်နေ တာ အခုလက်ရှိ မျက်မြင်ဖြစ်တဲ့ လက်တွေ့ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ မငြိမ်းချမ်းတာအရင် ရှင်းရမယ်။ ဒါတွေကို ရပ်ဆိုင်း ပြီးလို့ရှိရင် အကုန်လုံးက ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေး တည် ဆောက်ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ချည်းပဲ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေတင်မကဘဲ နဲ့  ပြည်သူ တစ်ရပ်လုံး ပါဝင်လာဖို့ လိုအပ်ပါတယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

7Day Daily

No comments:

Post a Comment

My Blog List