Thursday, April 09, 2015

ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်နိုင်သည်အထိ ဆက်လက်ကြိုးပမ်း မည်ဟု ကျောင်းသားခေါင်းဆောင်များပြော


အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရန်အတွက် ညှိနှိုင်းအဖြေ ရှာနေခြင်းကို ကြိုဆိုကြောင်းနှင့် ပြင်ဆင်နိုင်ရန် ဆက်လက်ကြိုးစား မည်ဖြစ်ကြောင်း သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်း သားခေါင်းဆောင်များက ပြောသည်။
လက်ပံတန်းမြို့တွင် မတ်လ ၁၀ရက်က ဖြိုခွင်းခံရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ဦးဆောင်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် တီဝင် အောင်မှိုင်းဆန်း၊ မင်းသွေးသစ်၊ နန္ဒစစ် အောင်နှင့် ဖြိုးဖြိုးအောင်တို့ ဖမ်း ဆီးခံရပြီး အောင်နေ ပိုင်နှင့် စိုးလှိုင် တို့ကို လက်ပံတန်းမြို့နယ်တရားရုံးက တရားခံပြေးအဖြစ် ၀ရမ်းထုတ်ထားခြင်းကြောင့် တိမ်း ရှောင် လျက်ရှိသည်။

အမျိုးသားလွှတ်တော်၌မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့သော ပြင်ဆင်ထားသည့် အမျိုးသားပညာရေးဥပဒေ မူကြမ်း ကြားနာပွဲသို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ တကသနှင့် မြေလတ် ဗကသကျောင်းသား ခေါင်းဆောင်ကိုးဦး တက်ရောက်ဆွေးနွေးခဲ့သည်။

‘‘ကျောင်းသား အချို့က ထောင်ထဲမှာ ရောက်နေပြီးတော့ ကျန်တဲ့သူတို့နဲ့ ဆက်လက်ညှိနှိုင်း တယ်။ ဒီညှိနှိုင်း မှုက အားလုံးကို ကိုယ်စားပြုနိုင်ပါ့မလားဆိုတာ နိုင်ငံရေးမေးခွန်းပါပဲ။ ဖမ်းတဲ့သူ ကိုလည်း ဖမ်းမယ်။ ညှိတဲ့ သူနဲ့ လည်း ညှိမယ်ဆိုတာ ညှိနှိုင်းမှုဖြစ် စဉ်ကို ငြင်းပယ်တာမဟုတ်ဘူး။ ညှိနှိုင်းမှုကို ကြိုဆိုတယ်။ ဒီလို ညှိ နှိုင်းတာကကော တကယ်ကိုယ် စားပြုနိုင်မလားဆိုတဲ့ကိစ္စသည် နိုင်ငံရေးပြဿနာအဖြစ် ဆက်လက်တည် ရှိနေမှာပါ’’ဟု ဧပြီ ၇ ရက်က လက်ပံတန်းမြို့နယ် တ ရားရုံးတွင် ကျောင်းသားခေါင်း ဆောင် နန္ဒစစ်အောင် က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြား သည်။

‘‘ကျွန်မတို့ရဲ့ အဓိကဦးတည် ချက်ဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကို လုံးဝမမေ့ပါဘူး။ ကျွန်မတို့ အခု အချိန်ထိလည်း ကိုင်စွဲ ထားပါတယ်။ အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ပြောင်းလဲရေး အတွက် ဖမ်းချုပ်ခံ ထားရ တာဖြစ် ပေမယ့် ကျွန်မတို့လိုလားတဲ့ ဥပဒေ မဖြစ်မချင်း ဆက်လက်ရင်ဆိုင် သွားမှာ ဖြစ်ပါတယ် ’’ဟု ကျောင်းသားခေါင်းဆောင် မဖြိုး ဖြိုးအောင်က လက်ပံတန်းမြို့နယ် တရားရုံးတွင် ဧပြီ ၇ ရက် ရုံးထုတ် စဉ်ပြောသည်။

ကျောင်းသားသပိတ်ကို ဖြိုခွဲ ခြင်းနှင့် ကျောင်းသားအချင်းချင်း ပဋိပက္ခဖြစ်ပွားစေရန် အစိုးရက နည်းပရိ ယာယ် သုံးနေကြောင်း ကျောင်းသားခေါင်းဆောင် နန္ဒ စစ်အောင်က လက်ပံတန်းမြို့နယ် တရားရုံးတွင် ဧပြီ ၇ ရက် ရုံးထုတ်စဉ်ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ ဗကသတွေ ကို အရင်ဖမ်းတယ်။ ကျန်တဲ့သူ တွေကို ဒီအတိုင်းထားမလားဆို တာ ရှေ့မှာ နမူနာရှိတာကတော့ ကျောင်းသားတစ်စုကို ဖြိုပြီးတဲ့အ ချိန်မှာ နောက်ကျောင်းသားတစ်စုကို ကာလတစ်ခု
ကျရင်ဖြိုခွင်းတာ ကျွန်တော်တို့ရဲ့ ၈၈၊ ၈၉မှာ သမိုင်း နမူနာရှိတယ်။ အစိုးရကကျွန် တော်တို့ကျောင်းသား ထုကို ဖြိုခွဲတာ။ ကျောင်းသားထုအချင်းချင်း ပဋိပက္ခဖြစ်အောင် နည်းပရိ ယာယ်သုံးတာဖြစ်မယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောင်းသားပင်မသပိတ် စစ်ကြောင်းကို မတ်လ ၁၀ရက် တွင် ရဲများက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ရိုက်နှက် ဖမ်းဆီးကာကျောင်းသားနှင့် ၀န်းရံသူများအား သာယာဝတီထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထား ခဲ့ပြီးနောက် လက်ပံတန်းမြို့နယ် တရားရုံး၌ ကျောင်းသားနှင့် ၀န်းရံသူ ၇၀ ကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ၅၀၅(ခ)စသည့် ပုဒ်မငါးခုဖြင့် တရားစွဲဆိုထားသည်။

ဧပြီ ၇ ရက်က လက်ပံတန်းတရားရုံး၌ ရုံးထုတ်လာသော မဖြိုးဖြိုးအောင်နှင့် မအိသဉ္ဇာမောင်တို့ ဝင့်ကြွား စွာနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List