Friday, April 10, 2015

ကမ္ဘာအပြင်ဘက်တွင် သက်ရှိများရှိကြောင်း အထောက်အထားများတွေ့ဟု နာဆာပြော




 
ကမ္ဘာ့အပြင်ဘက်တွင် သက်ရှိများရှိကြောင်း တိကျတဲ့ သက်သေ အထောက်အထားများကို နှစ် ၂၀နဲ့ ၃၀ အတွင်း တွေ့ရှိနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု အမျိုးသား အာကာသနဲ့ လေကြောင်း ဦးစီးဌာန (နာဆာ)အကြီးအကဲက ပြောပါတယ်။

ဧပြီ ၇ ရက် စကြာဝဋ္ဌာရှိ ရေအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါ တယ်။

“ဘယ်နေရာမှာ ကြည့်ရမယ်၊ ဘယ်လိုကြည့်ရမယ်ဆိုတာကို ကျမတို့ သိနေတယ်၊ တချို့ကိစ္စအများစုအ တွက် နည်းပညာတွေ ကျမတို့ဆီမှာ ရှိနေတယ်၊ မကြာခင် လမ်းကြောင်းပေါ်ကို ရောက်မှာပါ” လို့ နာဆာ အကြီးအကဲ အီလန်စတိုဖန်က ပြောပါတယ်။

နာဆာက ဂြိုဟ်သားတွေကို ပြောဆိုတာမဟုတ်ဘဲ အဏုကြည့်ကိရိယာဖြင့် သာ မြင်နိုင်သော ပိုးမွှား အဏုဇီဝရုပ်တွေကို ရည်ညွှန်း ပြောဆိုတာ ဖြစ် တယ်လို့ ဆိုပါတယ်။

ရှာဖွေမှုအတွက် ဟူလ်ဘာ အာကာသကြည့်မှန်ပြောင်းက အဓိကကျတယ်လို့လည်း နာဆာက သတင်းတွေ မှာ ထုတ်ပြန်ဖူးတယ်။အာကာသယာဉ် မှူးဟောင်း ဂျွန်ဂရန်ဖီလ်းကတော့ စိတ်လှုပ်ရှားစရာ အချိန်တခု ဖြစ် တယ်လို့ ပြောပါတယ်။

ဒါအပြင် အင်္ဂါဂြိုဟ် အလွန်မှာလည်းကမ္ဘာနဲ့အလားသဏ္ဌာန်တူတဲ့အရာတွေကို တွေ့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List