Saturday, April 11, 2015

ယီမင်ပြည်တွင်းစစ်ကနေ ကယ်ဆယ်ခဲ့သည့် မြန်မာ ၂ ဦး နေရပ်ပြန်ရေး ညှိနှိုင်း





ပြည်တွင်းစစ်အကြီးအကျယ် ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသရှိ ယီမင်နိုင်ငံကကယ်ဆယ်ခဲ့တဲ့  မြန် မာ ၂ ဦး နေရပ်ပြန်ရေး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညှိနှိုင်းလုပ်ဆောင်နေတယ်လို့ အစိုးရသတင်း တရပ် အရ သိရပါတယ်။

ယီမင်နိုင်ငံက အိန္ဒိယနိုင်ငံသားအလုပ်သမားတွေနဲ့အတူ မြန်မာအလုပ်သမား ၂ ဦးတို့ကို ဂျီဘူတီနိုင်ငံက တဆင့်အိန္ဒိယသင်္ဘောတစင်းနဲ့  ခေါ်ဆောင်လာနေပြီး နောက် ၅ ရက်အကြာမှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း မြို့ကို ရောက် မယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာအလုပ်သမား ၂ ဦး နေရပ်ပြန်ဖို့ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်ရှိ အိန္ဒိယသံရုံးတို့ ညှိနှိုင်း လုပ်ဆောင်နေတဲ့အကြောင်း မြန်မာနိုင် ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment

My Blog List