ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖော ဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် ကို မူလတာဝန်ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ် ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။
"ဒီ ၈ ရက်နဲ့ ၉ ရက်နေ့မှာ ကျနော်တို့ တပ်မှူး ညီလာခံလုပ်တော့ အားလုံးကနေပြီးတော့ လက်ခံလိုက်ပါ တယ်၊ လက်ခံလိုက်မှလည်း ကျနော်တို့ တခြားမလိုလားအပ်တဲ့ပြဿနာတွေ ကျနော်တို့ ရှောင်ရှားနိုင်မှာပေါ့၊ သူ့ကိုဒီလိုပဲ လွှတ်ထားမယ်ဆိုရင်တော့ တစ်ခါတစ်ခါကျရင် ထိန်းမရသိမ်း မရဖြစ်သွားတက်တယ်ပေါ့၊ ကျနော်တို့ ဒီမူလထားတဲ့ အမိန့်ပြန်တမ်းကို ရုပ်သိမ်းပြီးတော့ သူ့ကိုမူလနေရာမှာပဲ ပြန်လည်ခန့် ထားဖို့ ဆိုတဲ့ အဆိုပြုခြင်းကို ချမှတ်ခြင်းဖြစ်ပါတယ်"
မနှစ်ကအောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ကျိုက်မရောနယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဌါနချုပ်မှာ ဖြေရှင်း ဖို့ပျက် ကွက်ခဲ့တဲ့အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့ကနေထုတ်ခဲ့တာလို့ DKBA ကပြောခဲ့ပါ တယ်။
RFA
No comments:
Post a Comment