Friday, April 10, 2015

လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် အဆောက်အဦး များ ဆောက်လုပ်ပေးရန် အဆိုအပေါ် ဘဏ္ဍာရေး ဝန်ကြီးမှ ငြင်းဆန်ချေပရာတွင် ဥာဏ်နည်းဟု ဆို


ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် အဆောက်အဦးများဆောက်လုပ်ပေးရန် ဦးမန်းအောင်တင်မြင့် (တစည ပါတီ) က အရေးကြီး အဆိုတင်သွင်းခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အရေးကြီး အဆို အင်္ဂါ ရပ် နှင့် မညီဟု ပြန်လည်ချေပပြောဆို ခဲ့ကြောင်း သိရသည်။


“ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ပြောသွားတဲ့ထဲမှာ နဲနဲ ဘဝင်မကျဖြစ်မိတာက နိုင်ငံရေးပါတီတွေက ကိုယ့် ကိုယ်စားလှယ်နေ ဘို့ ငွေချေးပြီး ဆောက်ပါဆိုတဲ့ အတိုင်း ဆောက်ကြပါပြီ ထားဦး ဘယ်ပါတီက အမတ်ဘယ်နှစ်ယောက် ဘာရွေးကောက်ပွဲ လုပ်လုပ် အဲ့အရေအတွက်အတိုင်း အမြဲပုံမှန်ကြီး အရွေးခံရမယ်လို့ ထင်နေတာလား၊ ဒါဆို ဥာဏ်နည်းတဲ့ အတွေးအခေါ်  လို့ပြောရမှာပေါ့” ဟု ဦးလှဆွေက ဆိုသည်။

“နိုင်ငံရေး ပါတီတွေအနေနဲ့ ဘဏ်တွေက ပိုက်ဆံနေ ပိုက်ဆံချေးပြီး ကိုယ့် ကိုယ်စားလှယ်နေဘို့ ကိုယ်ပိုင် ဆောက်ပါတဲ့ ။ ခုဖြစ်နေတာက ကြံ့ ခိုင်ရေးက အမတ်တွေက ကြံ့ခိုင်ရေး ရိပ်သာမှာနေ၊ တခြား ပါတီ ကိုယ်စားလှယ်တွေက စည်ပင်ရိပ် သာမှာ နေ ကြတာပေါ့၊ ကိုယ်စားလှယ်တွေ အားလုံးအနေနဲ့ က ကြံ့ခိုင်ရေးရယ် အခြားပါတီတွေရယ် မခွဲခြားဘဲ အတူတူ တည်းခို နေထိုင်ပြီး နိုင်ငံရေး ဆွေးနွေးရင်း လွှတ်တော် တက်ချင်တာပေါ့” ဟု ဦးလှဆွေက ၄င်း၏ သဘောထားကို ရေး သားခဲ့သည်။

လက်ရှိပြဿနာသည် စည်ပင်ရိပ်သာတွင် တည်းခိုနေသည့် အမတ်များ အစိုးရဌာန အဆောက်အဦး နိုင်ငံပိုင်အဆောက် အဦး ဖြစ်နေလျှင် နိုင်ငံရေး မဆွေးနွေးရ ဟု ပိတ်ပင်ခံနေရခြင်း ဖြစ်သည်။

“စည်ပင်ရိပ်သာမှာ တည်းခိုနေတဲ့ အမတ်တွေက အစိုးရဌာန အဆောက်အဦ နိုင်ငံပိုင်အဆောက်အဦ ဖြစ်နေရင် နိုင်ငံရေး မဆွေးနွေးရ ဆိုပြီး ပိတ်ပင်ခြင်း ခံနေရတာက ပြဿနာ တခုပေါ့၊ ဒါဆို လွှတ်တော်အဆောက်အဦကြီးကလည်း နိုင်ငံပိုင် အဆောက်အဦ ပါဘဲ၊ နေ့ စဉ် ဆွေးနွေးနေကြတာတွေ ကလည်း နိုင်ငံ့အရေးတွေချည့်ပါဘဲ” ဟု ဦးလှဆွေက ဆိုသည်။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအတွက် အမှန်တကယ် လိုအပ်နေသဖြင့် အမှန်တ ကယ် ဆောက်လုပ်ပေး သင့်ကြောင်း အစိုးရအဖွဲ့သို့ တိုက်တွန်းပြောဆိုခဲ့ပြီးဆွေးနွေးမှုကို ရပ်ဆိုင်း လိုက်ကြောင်း သိရသည်။

”လွှတ်တော် နာယက အနေနဲ့ အစိုးရ အဖွဲ့ ကို အတင်းအကြပ် ဖိအားပေး သလို မဖြစ်အောင် ရှောင်လွှဲတဲ့ သဘောလို့ ထင်ပါတယ်၊ တကယ်လို့သာ ဆက်ဆွေးနွေးမယ် မဲခွဲမယ်ဆိုလို့ ကတော့ တည်းခိုနေထိုင် ဘို့ ဆောက်ပေးပါဆိုတဲ့ ဘက် ကနိုင်မှာဘဲ” ဟု ဦးလှဆွေက ရေးသားခဲ့သည်။

ဇော်မင်းထွန်း
ဓါတ်ပုံ - ပြည်ခိုင်ဖြိုး ရုံးချုပ် အဆောက်အအုံ
The Ladies News Journal

No comments:

Post a Comment

My Blog List