Thursday, April 09, 2015

ခြောက်ဦးဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး မနက်ြဖန် ကျင်းပမယ့် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးဆွေးနွေးပွဲကို ကြိုဆိုလိုက်ပါတယ်။  "ဝမ်းသာတာပေါ့၊ အစက တည်းက ဒီလို ခြောက် ဦးတွေ့ဆုံမယ့်ဟာကို လွှတ်တော်ကလည်း တင်ခဲ့ တာဖြစ်တယ်၊ အစ်မတို့ကလည်း အစကတည်းက ဒီဟာကို လိုလားခဲ့တာဖြစ်တယ်ဆိုတော့ ဒီလိုဖြစ်မြောက်တာကို ကြိုဆိုပါတယ်"
အဲ့ဒီတွေ့ဆုံပွဲကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွတ်တော် ဥက္ကဌတွေအပြင် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးလည်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ သမ္မတအပေါ်သူ့ရဲ့အမြင် ပြောင်း လဲ သွားတာမှန်ပေမယ့် လက်ရှိအမြင်ကို ပြောကြားလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

"ဒီခြောက်ဦးဆွေးနွေးပွဲတွေ စတင်ပြီးတော့ အဲ့ဒီဟာတွေ တိုးတက်တဲ့အပေါ်မှာ အခြေခံပြီးမှပြောမယ်၊ အခုတော့ပြောဖို့ နည်းနည်းစောပါသေးတယ်"

တဆက်တည်းမှာပဲ မိမိတို့နိုင်ငံဆင်းရဲတဲ့အတွက် နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း ဒုက္ခမျိုးစုံ ကြုံရတဲ့ အဖြစ်မျိုးကနေ ပြည်သူတွေ ကင်းဝေးအောင် တိုင်းပြည်ရဲ့အခြေအနေကို မုချပြုပြင်ရမှာဖြစ်ကြောင်း လည်း သူက ပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment

My Blog List