Tuesday, April 07, 2015

ခြောက်ပွင့်ဆိုင် ဧပြီ ၁ဝ ရက် တွေ့မည်


ခေတ်စနစ်နှင့်လျော်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး အပါအဝင်အခြားကိစ္စရပ်များဆွေးနွေး ရန်အတွက် ခြောက်ပွင့်ဆိုင်တွေ့ ဆုံပွဲကို ယခုလ ၁ဝ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဧပြီ ၆ ရက်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီးချိန်တွင် ပြည် ထောင်စု လွှတ်တော်နာယကက လွှတ်တော် တွင်းရောက်ရှိနေသည့် နိုင်ငံရေးပါတီ(၁၈)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်ဇမ္ဗူသီရိခန်းမတွင် တွေ့ ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ခြောက်ပွင့်ဆိုင်ကိစ္စပေါ့။ အစိုးရဘက်က မီးစိမ်းပြတယ်။ လာမယ့် ၁ဝ ရက် (သောကြာ)နေ့လယ်ပိုင်းမှာပဲ ပါလီမန်ခဏရပ်မယ်။ အဲဒီနေ့မှာပဲ တွေ့ဖို့အဆင်ပြေမယ်လို့ညှိနှိုင်းထားတယ်''ဟုတိုင်းရင်းသားများကိုယ် စားပြု ရွေးချယ်ခံထားရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောသည်။

ယင်းကဆက်လက်၍ ''ဒေါ်အောင်ဆန်းစုကြည်လဲ တက်ပါတယ်။ တိုင်းရင်းသားပါတီများကို လူနည်းစုကိုယ် စားပြုတဲ့ ကျွန်တော့်ကိုလဲပြင်ဆင် ထားဖို့ထပ်ပြီး ပါတီခေါင်းဆောင်များရဲ့ရှေ့မှာ အမှာစကားပြောသွား တယ်''ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲကို လွှတ်တော် တွင်းရောက်ရှိနေသည့် နိုင်ငံရေးပါတီ ၁၈ ခုအနက် ၁၇ ခုမှ တစ်ပါတီလျှင် ကိုယ်စားလှယ်နှစ်ဦးစီတက်ရောက် ခဲ့ကြပြီး ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် နိုင်ငံတော်သမ္မတပေးပို့ထားသည့် အကြောင်းကြားစာမှာ ပြည်ထောင်စုလွှတ်တော်နာယကထံတွင် ရောက်ရှိ နေပြီဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်များကပြောကြသည်။

ယနေ့တွေ့ဆုံရာတွင် ခြောက် ပွင့်ဆိုင်တွေ့ဆုံရေးကိစ္စအပါအဝင် စည်ပင်ဧည့်ရိပ်သာတွင်တည်းခိုနေ ရ သည့် လွှတ်တော်ကိုယ်စားလှယ် များ၏အခက်အခဲ၊ လွှတ်တော်ကိုယ် စားလှယ်များ၏ ချီးမြှင့်ငွေကို ဧပြီလ တွင်ပေးရန်၊ မကြာသေးခင်က တိုး မြှင့်ပေးလိုက်သည့် ဝန်ထမ်းလစာ အကြောင်းအရာစသည်တို့ကို လည်း ဆွေးနွေးခဲ့ကြကြောင်း ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံဖြိုးတိုးတက်ရေးပါ တီမှ ဦးမန်းအောင်တင်မြင့် က သတင်း ထောက်များကို ပြောသည်။

''သမ္မတက ဒါကိုလက်ခံလိုက် ပြီ။ အကြောင်းကြားစာကိုတော့ ပြည် ထောင်စုလွှတ်တော်နာယကက မ ဖတ်ပြဘူး။ အဲဒီနေ့(၁ဝရက်) သေချာသလောက်ရှိပါတယ်''ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဒီမိုကရေစီတူဒေး၏ ဆက်သွယ်မေးမြန်းမှုကိုပြော သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရာတွင် တိုင်းရင်းသားများကိုယ်စားပြု အနေ ဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ခေတ်စနစ်အခြေအနေအချိန်အခါနှင့်ညီညွတ်အောင်ပြင်ဆင်နိုင်ရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင် စုပေါ်ပေါက်ရေး၊ ပစ္စုပ္ပန်အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးအခြေအနေကောင်းများဖန်တီးလမ်း ခင်းပေး ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အထွေထွေသဟဇာတဖြစ်ရေး အဓိ ကလိုအပ်ချက်များစသည် တို့ကို တင် ပြဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ အေးမောင်က မတ်လအတွင်းကပြော ကြားထားသည်။

ခေတ်စနစ်အခြေအနေအချိန် အခါနှင့်ညီညွတ်သောဖွဲ့စည်းပုံ အခြေ ခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက် ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား အစုအဖွဲ့များမှလွှတ်တော်ကိုယ်စား လှယ်တစ်ဦး တို့ ဆောလျင်စွာတွေ့ဆုံ ညှိနှိုင်းဆွေးနွေးရေးအရေးကြီးအဆို ကို ၂ဝ၁၄ ခုနှစ်နိုဝင်ဘာလ အတွင်း က အတည်ပြုထားခဲ့ခြင်းဖြစ်သည်။

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List