Wednesday, January 29, 2014

ဇန်န၀ါရီ ၂၈ ရက်ညပိုင်းက ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာ ရှိ အလှပြင်ဆိုင်နှင့် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


ဇန်န၀ါရီ ၂၈ ရက် ည ၉ နာရီခန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်နှင့် ကြည့်မြင်တိုင်မြို့နယ် သီရိ မင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် ည ၁၁ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်ရှိ အင်ဗာတာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်မှူးက “မီးလောင်မှုမှာ သေဆုံးသူ၊ ဒဏ်ရာရ သူတော့ မရှိပါဘူး။ ဆိုင်ပိုင်ရှင်ကိုတော့ မီးပေါ့ဆမှုနဲ့ အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု ပြောကြား သည်။

ယင်းမီးလောင်ဖြစ်စဉ်ကို မီးသတ်ယာဉ် ၁၉ စီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ပြီး ဗဟန်းမြို့မရဲစခန်းမှ (ပ) ၄၅/၂၀၁၄၊ ပုဒ်မ-၂၈၅ ဖြင့် ဆိုင်ပိုင်ရှင် ဦးမြင့်ထွေးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ၁၁ နာရီခွဲအချိန်တွင် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ် မီးလောင် ကျွမ်းမှု ဖြစ်ပွားနေပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်နေလျက်ရှိပြီး ဇန်န၀ါရီ ၂၉ ရက် နံနက် ၁ နာရီအချိန်အထိ ဆက်လက်လောင်ကျွမ်း လျက်ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List