ဗြိတိန် အာရှဆိုင်ရာနိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire သည် ဇန်န၀ါရီ ၃၀ ရက် နေ့လည် ၁၁ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် “ ၂၀၁၄ ခုနှစ် မြန်မာနှင့် ဗြိတိန်” ဟူသော ခေါင်းဆောင်ဖြင့် ဟောပြောမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ဗြိတိန် အာရှဆိုင်ရာနိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire သည် ၎င်း၏ ဒုတိကြိမ်မြောက် မြန်မာပြည် ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၈ ရက်မှ ၃၀ရက်ထိ လာရောက်မည်ဟု ဗြိတိန်သံရုံးက ထုတ်ပြန်ထားသည်။
ဝန်ကြီး Hugo Swireသည် သူ၏ခရီးစဉ်အတွင်း ဇန်န၀ါရီ ၂၈ ရက်တွင် နေပြည်တော်ကို သွားရောက် မည်ဖြစ်ပြီး အစိုးရ၀န်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုများကို ဝန်ကြီးက ကြိုဆိုထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများ၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ တရားမျှတရေးကိစ္စများကိုလည်း ဆွေးနွေးနိုင်သည်။ ထို့အပြင်ရခိုင်ပြည်နယ် ပဋိပက္ခများကိုလည်း အလေးထား ဆွးနွေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဇန်န၀ါရီ ၂၉ ရက်တွင် ဝန်ကြီး Hugo Swireသည် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် အခြားမြို့များကို သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တပ်မတော်က မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့်လည်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် ဝန်ကြီး Hugo Swireသည် မြစ်ကြီးနားမြို့ အပြင်ဘက်ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် စခန်းများသို့လည်း သွားရောက်မည်ဖြစ်သည်။
ဝန်ကြီး Hugo Swire သည် ၎င်း၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက လာရောက်ခဲ့သေးသည်။
Mizzima - News in Burmese
No comments:
Post a Comment