Friday, January 31, 2014

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆက်သွယ်ရေးနည်းဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီး ကျန်သည့် ဆက်သွယ်ရေးနှင့်ဆိုင်သော လိုင်စင်များ ဆက်လက်ထုတ်ပေးမည်




၂၁၀၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆက်သွယ်ရေးနည်းဥပဒေအား အတည်ပြု ပြဋ္ဌာန်းပြီး ကျန်သည့် ဆက်သွယ်ရေးလိုင်စင်များအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် Ooredoo ဆက်သွယ်ရေးကုမ္ပဏီနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနတို့ လက်မှတ်ရေးထိုးပွဲ၌ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။

“စည်းမျဉ်းတွေက တစ်ပြေးညီဖြစ်အောင် လုပ်ထားပြီးသားပါ။ ဆက်သွယ်ရေးဥပဒေအတည်ပြုပြီး လိုင်စင်ပေးခွင့်ရပြီပေါ့။နည်းဥပဒေ ထွက်လာတဲ့အခါကျရင် တာဝါအော်ပရေတာ၊ ဗိုက်ပါ၊ အင်တာနက်စတဲ့ လုပ်ငန်းတွေလုပ်ဖို့အတွက် လိုင်စင်တွေ တစ်ခုပြီးတစ်ခုရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ နည်းဥပဒေက အင်္ဂလိပ်လိုလုပ်ထားတာ။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဥပဒေအရ ဘာသာပြန်ပြီးရှေ့နေရုံးချုပ်နဲ့ ညှိနှိုင်းပြီး Cabinet ခွင့်ပြုချက် ရအောင်လုပ်တာနဲ့ဆိုရင် ဖေဖော်ဝါရီလအကုန်မှာ အတည်ပြုနိုင်မယ်လို့ ယူဆပါတယ်”ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။

ဆက်သွယ်ရေးနည်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး လက်ရှိ မိုဘိုင်းလိုင်စင်ရရှိမည့် ကုမ္ပဏီလေးခုအပြင် မိုဘိုင်းလှိုင်းနှုန်း အကန့်အသတ်ရှိသဖြင့် အခြားကုမ္ပဏီများအား ဥပဒေထွက်သည့်အချိန်တွင် နည်းဥပဒေနှင့်အညီ လိုင်စင်များအား ဆက်လက်ချပေးသွားဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ဆက်သွယ်ရေးဦးစီးဌာနအနေနဲ့ ကိုယ်လုပ်ချင်တာကို လုပ်လို့မရပါဘူး။ အော်ပရေတာတွေကိုလည်း မျှမျှတတနဲ့ ကြီးကြပ်ကွပ်ကဲ ရမယ်ဆိုတာ နည်းဥပဒေပါပြီးသားပါ။ သူတို့လေးယောက် ယှဉ်ပြိုင်ဖို့ဆိုတာ နည်းပညာနဲ့ ပြုလုပ်သွားမှာပါ။ ယှဉ်ပြိုင်တဲ့အခါမှာ မျှမျှတတဖြစ်အောင် ပြည်သူတွေနဲ့ နိုင်ငံတော်မထိခိုက်အောင် တာဝန်ယူပေးဖို့က ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ တာဝန်ပဲ။ကျွန်တော်တို့ဆီမှာ အရေးယူနိုင်တဲ့ နည်းလမ်းသုံးခုရှိတယ်။ သတိပေးမယ်။ မလိုက်နာရင် ဒဏ်ရိုက်မယ်။ နောက်ဆုံးအဆင့်က လိုင်စင်သိမ်းတဲ့အထိ ပြုလုပ်မယ်။ သူတို့လိုင်စင်အသိမ်းခံရတဲ့အထိ မလုပ်ပါဘူး။ ဒါတွေက နည်းဥပဒေမှာ အသေးစိတ် ပါပြီးသားပါ”ဟု ပြောကြားသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆက်သွယ်ရေးနည်းဥပဒေအား အတည်ပြု ပြဋ္ဌာန်းပြီး ၂၀၁၅ ခုနှစ်တွင် Independent Regulator ဖွဲ့စည်းသွားမည်ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ၂၀၁၄ ခုနှစ် နှစ်လည်ပိုင်းတွင် Ooredoo ကုမ္ပဏီအနေဖြင့် အများပြည်သူ အသုံးပြုနိုင်မည့်ဈေးနှုန်းဖြင့် ဆင်းမ်ကဒ်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း Ooredoo ကုမ္ပဏီ CEO ထံမှ သိရသည်။



Eleven Media Group

No comments:

Post a Comment

My Blog List