Tuesday, January 28, 2014

၂၀၁၄ ခုနှစ် ဇွန်လ မတိုင်မီ ကမ္ဘာ့ဘဏ်အဖွဲ့က မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၇၀၀ ကျော် အသုံးပြုနိုင်ရန် ကတိက၀တ်ထား ဆောင် ရွက်နေကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ပြောကြား

၂ဝ၁၄ ခုနှစ်ဇွန်လ မတိုင်မီ ကမ္ဘာ့ဘဏ် အဖွဲ့က မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၇ဝဝ ကျော် အသုံးပြုနိုင်ရန် ကတိကဝတ်ထား ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ဂျင်ယောင်ကင်က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင်ပဋိပက္ခများ၊ ထိရှလွယ်သော အခြေအနေများနှင့် အထီးကျန်ဖြစ်နေ ခဲ့ခြင်းမှ ကြွယ်ဝ၍ အေးချမ်းသော အနာဂတ်ဆီသို့ ခိုင်မာစွာဦးတည် ဆောင်ရွက်နေကြောင်းနှင့် မြန် မာနိုင်ငံမှာ အဆင့်သုံးဆင့် ပါဝင်သော အသွင်ကူးပြောင်းရေး၏ အဓိကအစိတ်အပိုင်းတွင် ရောက်ရှိနေပြီး ၎င်းအဆင့်များမှ စစ်ဘက်အစိုးရ အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ လည်းကောင်း၊ နယ်စပ်ဒေသ ပဋိပက္ခ များမှ ငြိမ်းချမ်းရေးဆီသို့ လည်းကောင်း၊ နိုင်ငံတော်ဗဟိုပြုစနစ်မှ ဈေးကွက်ဗဟိုပြု စီးပွားရေးစနစ်သို့ လည်းကောင်း၊ မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ထောင်နိုင်ရေး၊ ခိုင်မာ အားကောင်းသော ပြည်သူ့ရေးရာနှင့် နိုင်ငံရေးရာ ဆွေးနွေးပွဲများကို တွေ့မြင်နေကြောင်း၊ မိမိတို့ ကမ္ဘာ့ ဘဏ် အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ဒီမိုကရေစီ အသီးအပွင့်များကို ပြည်သူအားလုံးအတွက် စွမ်းဆောင်နိုင်ရေး ရဲရင့်သော ဆောင်ရွက်မှုများကြောင့် လက်ရှိအပါအဝင် အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ခိုင်မာသည့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင် က ပြောကြားသည်။

လာမည့် နှစ်များအတွင်း မိမိတို့ကမ္ဘာ့ဘဏ် အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအား ကူညီထောက်ပံ့မှုများကို သိသာစွာတိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံပမာဏရှိ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ရှည်စီမံကိန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်က“လာမည့် နှစ်များအတွင်း မိမိတို့ကမ္ဘာ့ဘဏ် အဖွဲ့အနေဖြင့် မြန် မာနိုင်ငံအား ကူညီထောက်ပံ့မှုများကို သိသာစွာတိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ် လာ နှစ်ဘီလျံပမာဏရှိ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ရှည်စီမံကိန်းများကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ၎င်းရန်ပုံငွေများကို မြန်မာနိုင်ငံ၏ ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများဖြစ်သော စွမ်းအင်၊ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေး အစရှိသည့် ကဏ္ဍများတွင် လုပ်ငန်းများတိုးမြှင့် ဆောင် ရွက်နိုင်ရေး အကူအညီပေးရန် အသုံးပြုသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်သူ ရာခိုင်နှုန်း ၇ဝ ခန့်မှာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သည့် အခြေအနေတွင် မရှိသေးကြောင်း၊ ကျေးရွာများတွင် ပြည်သူများအနေဖြင့် ရေရရှိရေး၊ ရေတင်ခြင်းများကိုလူအားဖြင့် ဆောင် ရွက်နေရဆဲဖြစ်ပြီး ကလေးများ စာဖတ်ခြင်းအတွက် ဖယောင်းတိုင်မီးကို လည်းကောင်း၊ ချက်ပြုတ်ရေးတွင် ထင်းမီးကိုလည်းကောင်း အသုံးပြုနေရဆဲဖြစ်ပြီး မြို့ပြဒေသများတွင် တိုးတက်မှုဖြစ်စဉ် မြန်ဆန်လှသော် လည်း မြန်မာ့ကျေးလက် ဒေသများတွင် တိုးတက်မှုလွန်စွာ နှေးကွေးနေပြီး ယင်းဒေသများတွင် ဆင်းရဲချို့တဲ့မှု သိပ်သည်း၍ အလုပ်အကိုင်ရှားပါးမှု အခြေအနေများလည်းရှိကြောင်း သိရသည်။

ထို့ကြောင့်လာမည့် ငါးနှစ်ကာလတွင် ကမ္ဘာ့ဘဏ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ဓာတ်အားကဏ္ဍတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ မြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်း၊ ပေးပို့ ခြင်းနှင့် ခွဲဝေခြင်းစသည့် ကဏ္ဍများနှင့် ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List