Tuesday, January 28, 2014

မြန်မာ – ဂျပန်သံတမန်ဆက်သွယ်ခြင်းနှစ်(၆၀)ပြည့် အထိမ်းအမှတ်ဖြင့် တတိယအကြိမ်မြောက် (Japan Festival 2014) ပြုလုပ်မည်

မြန်မာ – ဂျပန်သံတမန် ဆက်သွယ်ခြင်းနှစ်(၆၀)ပြည့် အထိမ်းအမှတ်ဖြင့် Japan External Trade Organization (JETRO Yangon)မှ ကြီးမှူးပြီး တတိယအကြိမ်မြောက် (ဂျပန်ကုန်စည်ပြပွဲ ၂၀၁၄)အား တပ်မတော်ခန်းမနှင့် မိုင်ဒါကွင်းတို့တွင် ဖေဖော်ဝါရီ ၇ရက်မှ ၁၀ရက်ထိ ကျင်းပမည့် ဖြစ်ပြီး Japan Entertainment Festival 2014 အား အမျိုးသား ကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၈ရက်မှ ၉ရက်တို့၌ တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၇ရက်က ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် (JETRO Yangon)၏ မန်နေဂျင်းဒါရိုက်တာ Mr.Tashihiro Mizutanim က“၄င်းကုန်စည်ပြ ပွဲအား မြန်မာ – ဂျပန် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။

အခုမြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပမည့် ဂျပန် ကုန်စည်ပြပွဲမှာ japan ပစ္စည်းတွေ ကို မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးမှုရှိအောင် မိတ်ဆက်ပေးတာလည်းဖြစ် ပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်ပစ္စည်းတွေကလည်း ရင်းနှီးပြီးသာလို့လည်း မျှော်လင့်မိပါတယ်”ဟု ပြောသည်။

ယင်းကုန်စည်ပြပွဲတွင် japan Company ပေါင်း ၂၀၀ခန့်ပါဝင်ပြသမည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ ဆေးဝါးလုပ်ငန်း သုံး၊ နေရောင်ခြည် သဘာဝစွမ်းအင်သုံး ပစ္စည်းများ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်းများအသီးသီးကို ရောင်းချသွားမည်ဖြစ်သည်။

ယင်းဂျပန်ဂီတဖျော်ဖြေရေး ပွဲစဉ်တွင် japan နိုင်ငံမှ နာမည်ကြီး presenter တစ်ဦးဖြစ်သည့် Ms.Niina Kutomiya မှ ဖျော်ဖြေရေး အစီစဉ်တစ်လျှောက် ဦးဆောင်တင်ဆက်မည့်ဖြစ်ပြီး ဂျပန်ဂီတပညာရှင် Mr.Hiromitsu Agatsuma နှင့်အတူ ဂျပန်အဆိုတော် Mr.Takeshi Matsubara၊ Mr.Joe Inoue တို့က လာရောက်ဖျော်ဖြေ တင်ဆက်မည်ဖြစ်သည်။

ယင်းနောက် မြန်မာနိုင်ငံမှာ အဆိုတော် ဇော်ဝင်းထွဋ်နှင့်အတူ Emperor band၊ Me N Ma Girls Band တို့ကလည်း ပါဝင်တင်ဆက်မည့်ဖြစ်သည်။ မြန်မာ – ဂျပန် ကုန်စည်ပြပွဲအား ၀င်ကြေးအခမဲ့ဖြစ်ကျင်း သွားမည်ဖြစ်သည်။

ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment

My Blog List