Wednesday, January 29, 2014

လုံခြုံရေးကြောင့် မာလာလာ စာအုပ်ရောင်းပွဲ ဖျက်သိမ်းလိုက်ရ

ကလေးငယ်တွေ ​ပညာသင်ကြားခွင့် ​ရရှိဖို့ ​တိုက်ပွဲဝင်ခဲ့တဲ့ ​ပါကစ္စတန်နိုင်ငံက ​ဆက်ကျော်သက်အရွယ် ​Malala ​Yousafzai ​ရဲ့ ​အတ္တုပတ္တိ ​စာအုပ်ရောင်းချပွဲမှာ ​လုံခြုံရေးမပေးတဲ့အတွက် ​စာအုပ်ရောင်းချပွဲ ​ဖျက်သိမ်းလိုက်ရပါတယ်။
အသက် ​၁၄ ​နှစ်အရွယ် ​မာလာလာဟာ ​ကလေးငယ်တွေ ​ကျောင်းတက်တဲ့ ​အခွင့်အရေးရရှိဖို့ ​တိုက်ပွဲဝင်ခဲ့တဲ့အတွက် ​၂၀၁၂ ​ခုနှစ်တုန်းက ​တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ​လုပ်ကြံမှုကို ​ခံခဲ့ရ ပါတယ်။

အသက်မသေတဲ့ ​မာလာလာဟာ ​ခုအခါမှာ ​အသက် ​၁၆ ​နှစ်ရှိပြီ ​ဖြစ်ပြီး ​သူကြုံတွေ့ခဲ့ရတဲ့ ​အတွေ့အကြုံ၊ ​စာသင်ခန်းထဲကတဆင့် ​ကလေးငယ်တွေ ​စာသင်ခွင့်ရဖို့ ​ကြိုးစားခဲ့တာတွေ၊ ​နောက်ပိုင်း ​နယ်တွေသွားပြီး ​လုပ်ဆောင်ခဲ့ရတာတွေ၊ ​သူလုပ်ကြံခံရမှုတွေနဲ့ ​နောက်ပိုင်းမှာ ​အောင်မြင်မှု ရလာတဲ့ အကြောင်းတွေကို ​ရေးသားထားတဲ့ ​I ​Am ​Malala ​ကျမ ​မာလာလာ ​ဆိုတဲ့ ​စာအုပ်ကို ​ထုတ်ဝေခဲ့ပါတယ်။

တက္ကသိုလ်တစ်ခုမှာ ​ပြုလုပ်တဲ့ ​စာအုပ်ရောင်းချပွဲမှာ ​မာလာလာ ​ကိုယ်တိုင် ​တက်ရောက်တာ ​မလုပ်ပေ မယ့် ​ရဲတွေက ​လုံခြုံရေးမပေးနိုင်ဘူးလို့ ​ငြင်းဆိုပြီးနောက် ​စာအုပ်ရောင်းပွဲ ​ဖျက်သိမ်းလိုက်ရပါတယ်။

ပြည်နယ်အစိုးရရဲ့ ​ဖိအားပေးမှု၊ ​တက္ကသိုလ်အရာရှိတွေရဲ့ ​ဖိအားပေးမှုတွေကြောင့် ​ရဲတွေက ​လုံခြုံရေးပေးဖို့ ​ငြင်းဆိုတာဖြစ်တယ်လို့ ​သိရပါတယ်။

မာလာလာ ​စာအုပ်ရောင်းချဖို့ ​တာဝန်ယူတဲ့ ​ပုဂ္ဂိုလ်ကတော့ ​အာဏာပိုင်တွေက ​တာလီဘန်ကို ​အမျက်ဒေါသ ​မထွက်စေတဲ့အတွက် ​ခုလို ​လုပ်ဆောင်တာလို့ ​စွပ်စွဲလိုက်ပြီး ​စာအုပ်ရောင်းချ ပွဲကို ​နောက်ပိုင်းမှာ ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

အာဏာပိုင်တွေကလည်း ​လုံခြုံရေးအရ ​စိုးရိမ်ရသလို ​တခြားအကြောင်းရင်းတွေလည်း ​ပါဝင်တယ်လို့ ​တုန့်ပြန်ထားပါတယ်။

တချို့ကလည်း ​အမေရိကန်က ​ထောက်ပံ့ကြေးတွေ ​ပိုရအောင် ​စာအုပ်ကို ​ဘန်းပြရောင်းချတာလို့ ​ပြော ဆိုနေပါတယ်။

မာလာလာကို ​ကမ္ဘာတဝှမ်းလုံးက ​လူတွေ ​ချစ်ခင် ​အားပေးကြပေမယ့် ​ပါကစ္စတန်နိုင်ငံမှာတော့ ​သူ့အပေါ် ​ချစ်ခင်သူရှိသလို ​မုန်းတီးမှုတွေလည်း ​ရှိပါတယ်။ ​တချို့ကတော့ ​မာလာလာရဲ့ ​အယူဝါဒဟာ ​အစ္စလာမ် ဘာသာနဲ့ ​ဆန့်ကျင်သလို ​ပါကစ္စတန် ​ဥပဒေနဲ့လည်း ​ဆန့်ကျင်တယ်လို့ ​ပြောဆိုနေကြပါတယ်။

ABC

No comments:

Post a Comment

My Blog List