Friday, January 31, 2014

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှ ရွာသား ၂၅၀ ပျောက်ဆုံးနေခြင်းမှာ သတ်ဖြတ်ခံရခြင်းမဟုတ်ဘဲ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် တိမ်းရှောင်နေခြင်းသာဖြစ်ကြောင်း EU အဖွဲ့အား ဒေသခံများ ဖြေကြား



 
ပြည်ပမီဒီယာများတွင် ဖော်ပြနေသော ဒုချီးရားတန်းရွာမှ ရွာသား ၂၅၀ ပျောက်ဆုံးနေခြင်းမှာ သတ်ဖြတ်ခံရခြင်းမဟုတ်ဘဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပ သံအမတ်ကြီး မစ္စတာ Roland Kobia နှင့် ဥရောပသံတမန်များ မောင်တောမြို့သို့ ရောက်ရှိစဉ် ဒုချီးရားတန်းကျေးရွာမှ ဒေသခံများက ပြောကြားခဲ့သည်။
ဇန်န၀ါရီ ၃၀ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့သို့ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ အင်္ဂလန်သံအမတ်၊ ပြင်သစ်သံအမတ်၊ အီတလီသံအမတ်၊ ဂျာမနီသံအမတ်နှင့် ဥရောပနိုင်ငံများမှ သံအရာရှိများ ဥရောပသမဂ္ဂရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့နှင့်အတူ ရောက်ရှိလာပြီး ဇန်န၀ါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာမှ ဒေသခံများနှင့်တွေ့ဆုံပြီး ဥရောပသံအမတ်များနှင့် တွေ့ဆုံရာတွင် ဒုချီးရားတန်းရွာမှ အမျိုးသမီးများမှာ စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း၊ အမျိုးသားများ မရှိသဖြင့် ယခုကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ပြောကြားရာတွင် ဥရောပသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး မစ္စတာ Roland Kobia က အမျိုးသားများ မည်သို့ရောက်ရှိနေသည်ကို မေးမြန်းရာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်ရှောင်နေကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းသို့ ဒေသခံအမျိုးသမီး၏ ပြောကြားမှုကို သံတမန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းဆီးခြင်းပြုလုပ်သွားမှာလား” ဟု မေးမြန်းရာတွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူ ရဲမှူးချုပ် တင်ကိုကိုက “မိမိတို့အနေဖြင့် ဖမ်းဆီးမှုကို ပြုလုပ်သွားမည်မဟုတ်ဘဲ စစ်ဆေးမေးမြန်းမှုများကိုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် ဒုချီးရားတန်းကျေးရွာမှ ဒေသခံများသည် မြန်မာနိုင်ငံဆိုင်ရာဥရောပ သံအမတ်ကြီးနှင့်အတူ လိုက်ပါလာသော အခြားနိုင်ငံများမှ သံအမတ်များကို ပြည်ပမီဒီယာများ၌ ဖော်ပြနေသည့် ကလေးငယ်များ၊ အမျိုးသမီးများ သေဆုံးသွားသည့်သတင်းကို ဖွင့်ထုတ်ပြောကြားခဲ့ခြင်း မရှိသည့်အပြင် အမျိုးသားများသေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းတို့ကို ထွက်ဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက “ဒူချီးရားတန်းရွာက ဒေသခံတွေက ဒီနေ့လာရောက်တဲ့ သံတမန်တွေကို အစားအသောက် လိုအပ်နေတာတွေ၊ ယောက်ျားတချို့ပျောက်ဆုံးသွားတာတွေကို တင်ပြ၊ ပြောပြကြတယ်” ဟု ပြောကြားသည်။

ဘင်္ဂါလီများသာ နေထိုင်သော ဒုချီးရားတန်းကျေးရွာများရှိ ဒုချီးရားတန်း အလယ်ရွာသို့ ဇန်န၀ါရီ ၁၃ ရက်က ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးသည့် လှည့်ကင်းအဖွဲ့သည် ဒုချီးရားတန်း (အလယ်ရွာ) အရောက် မီးလှုံနေသည့် ဘင်္ဂါလီ ၂၀ ဦးနှင့် စတင်တွေ့ရှိခဲ့ကြောင်း၊ လှည့်ကင်းအဖွဲ့မှ လက်နှိပ်ဓာတ်မီးထိုး၍လာစဉ် မီးလှုံနေသူများက လက်နှိပ်ဓာတ်မီးဖြင့် ပြန်ထိုးပြီး စတင်မေးမြန်းခဲ့ကြောင်း၊ လှည့်ကင်းအဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ဖြစ်ကြောင်း ပြန်ပြောသော်လည်း ၎င်းတို့က အနီး ၀န်းကျင်သို့ ဆက်သွားပြီး ခဲများဖြင့်စတင် ပစ်ပေါက်ကာ တုတ်၊ ဓားများ ကိုင်ဆောင်လျက် လူစုဝေးရန် အော်ဟစ်ခဲ့ကြောင်း၊ ထိုအချိန်တွင်လူ ၂၀၀ ခန့် ၀ိုင်းလာသဖြင့် လှည့်ကင်းအဖွဲ့က ငါတို့ လှည့်ကင်းလာတာဖြစ်ကြောင်း၊ မင်းတို့ကို ရန်ရှာဖို့ မဟုတ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့တွေလည်းပါကြောင်း ရှင်းပြရာ ၎င်းတို့က ရဲတွေကိုလည်း သတ်မည်၊ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း သတ်မည်ဟုပြောပြီး ၀ိုင်းလိုက်ခဲ့ကြောင်း၊ လှည့်ကင်းအဖွဲ့သည် လူအုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်မှု မပြုတော့ဘဲ လူစုခွဲရှောင်ခဲ့ရကြောင်း၊ သို့သော် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ၎င်းကိုင်ဆောင်လာသော လက်နက်နှင့်အတူ လူစုကွဲ၍ ယင်းအုပ်စုအကြား ကျန်ခဲ့ပြီးနောက်တွင် သေဆုံးခဲ့ကြောင်း အထောက်အထားများနှင့် သက်သေထွက်ဆိုချက်များအရ သံတမန်အဖွဲ့များအား ရခိုင်ပြည်နယ်အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုက ရှင်းပြခဲ့သည်။

ယင်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ဘင်္ဂါလီများကို ခေါ်ယူစစ်ဆေးပြီးနောက် လက်ရှိအချိန်အထိ အမှုတွင် ပါဝင်ပတ်သက်သူ ၁၇ ဦးအထိရှိပြီး (ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၃၊ ၃၄၅၊ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List