Monday, January 27, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ တရားသဖြင့် အနိုင်ရအောင် ဆောင်ရွက်မည် ဟုဆို



၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ တရားသဖြင့် အနိုင်ရအောင် ဆောင်ရွက်မည် ဟုဆိုလွှတ်တော် ထဲတွင် အမတ်နေရာ အများဆုံး ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် လာမည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် တရားသဖြင့် အနိုင်ရအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက သူရဦးရွှေမန်းက ပြော ကြားသည်။

စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သော လူထု တွေ့ဆုံပွဲ၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ နာယက သူရဦးရွှေမန်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

“ပါတီ ထူထောင်တယ်ဆိုတာ ပြိုင်ဖို့ပါ။ နိုင်ချင်ကြပါတယ်။ နိုင်အောင်လည်း လုပ်ကြရပါမယ်။ နိုင်အောင် လုပ်တဲ့အခါမှာ တရားသဖြင့် ယှဉ်ပြိုင်ဖို့ လိုပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရေတွက်မှုများနှင့် ပတ်သက်ကာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ “ပြည်သူ့လွှတ်တော် နာယကကြီး ပြောသွားတာ ကောင်း ပါတယ်။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲ မရောက်သေးတဲ့အတွက် ပြောဖို့ ခက်ပါတယ်”ဟု ယင်းတွေ့ဆုံပွဲ တက် ရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောကြားသည်။ လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် အတွင်းတွင် ဒေသခံများအကြား ပြည်ခိုင်ဖြိုးပါတီဝင် လျှောက်ထားခြင်းမရှိဘဲ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်မှုနှင့်အတူ ပါတီဝင်ကတ်များ ပြုလုပ် ပေးမှုများကြောင့် စိစစ်မှုများ လုပ်ဆောင်လျက် ရှိသည်။ 

The Voice Journal 

No comments:

Post a Comment

My Blog List