Wednesday, January 29, 2014

အငြင်းပွားဖွယ်ကျွန်းအကြောင်း ဂျပန်သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်

တရုတ်နိုင်ငံအပြင် ​တောင်ကိုးရီးယားနိုင်ငံနဲ့ ​ပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ ​ကျွန်းတွေကို ​ဂျပန်အစိုးရက ​အဲဒီကျွန်းတွေ ​ဂျပန်က ​ပိုင်ဆိုင်ကြောင်း ​ပညာရေး ​သင်ရိုးညွန်းတမ်းမှာ ​ပြဌာန်းဖို့ ​လုပ်နေပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ ​ရှိတဲ့ ​ကျွန်းစုတွေကို ​ဂျပန်၊ ​တရုတ်နဲ့ ​တောင်ကိုးရီးယားနိုင်ငံတို့က ​သူပိုင် ငါပိုင် ​အငြင်းပွားနေကြချိန်မှာပဲ ​ဂျပန်အစိုးရက ​ဒီကျွန်းတွေကို ​ဂျပန်က ​ပိုင်ဆိုင်တယ် ဆိုတာ ​မေးခွန်းထုတ်စရာတောင် ​မလိုတဲ့အကြောင်း ​အလယ်တန်းနဲ့ ​အထက်တန်းကျောင်းစာတွေမှာ ​ထည့်သွင်းဖို့ ​ဂျပန်အစိုးရက ​ပညာရေးဌာနကို ​ညွန်ကြားထားပါတယ်။

ဂျပန်အစိုးရရဲ့ ​ညွန်ကြားချက်ကြောင့် ​ဒေသတွင်းနိုင်ငံတွေနဲ့ ​ထားရှိတဲ့ ​ဆက်ဆံရေး ​ပိုမိုထိခိုက်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းက ​ကျွန်းစုတွေကို ​ဂျပန်နိုင်ငံက ​Senkaku ​ကျွန်းလို့ခေါ်ပြီး ​တရုတ်ကလည်း ​Diaoyus ​ကျွန်းလို့ခေါ်ပြီး ​ပိုင်ဆိုင်မှု ​အငြင်းပွားနေကြတာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List