Monday, January 27, 2014

ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်းနိုင်ခြင်း မရှိသေး


ဇန်န၀ါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တစ်ပတ်အတွင်း ဖွဲ့စည်း မည်ဟုဆိုသည့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအား နှစ်ပတ်နီးပါးကြာသည်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဦးဆောင်ကော်မတီတွင် ပါဝင်မည့် နိုင်ငံရေး ကိုယ်စားပြုမှုရှိသူ ၂၇ ဦး၏ အမည်စာရင်း သတ်မှတ်နိုင်ရေးအတွက် ဇန်န၀ါရီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ရှစ်ဦးပါအဖွဲ့မှ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

၂၇ ဦးပါ ဦးဆောင်ကော်မတီ ဖွဲ့စည်းနိုင်ခြင်းမရှိသည့် အခြေအနေနှင့် ပတ်သက်ပြီး ရှစ်ဦးပါအဖွဲ့၏ ဆွေးနွေးပွဲသို့ သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားပေးမည့် ပြောရေးဆိုခွင့်ရှိသူ သတ်မှတ်ထားခြင်းမရှိသေးဟု ဆွေးနွေးပွဲမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနား၏ ဆုံးဖြတ်ချက်များဖြစ်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန် လိုအပ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်းနှင့် ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို  ဦးတည်သော အမျိုးသားအင်အားစုအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် စသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်းအဝေးကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
Eleven Media Group

No comments:

Post a Comment

My Blog List