Tuesday, January 28, 2014

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအား ဘီဘီစီမှ မေးမြန်းထုတ်လွှင့်ထားမှုကို ပြန်လည်ဖော်ပြခြင်း

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို ရန်ကုန်မြို့ရှိ ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်က မေးမြန်းထားမှုအပေါ် ဘီဘီစီမှ ထုတ်လွှင့်ခဲ့ မှုအား ပြန်လည်ဖော်ပြအပ်ပါသည်။
ဦးတင့်ဆွေ

ဖြေ- လျှို့ဝှက်ထားတယ်ဆိုတာတော့ ကျွန်တော်တို့ လုံးဝတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာချုပ်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလထဲမှာလည်း ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာလည်း ကျွန်တော်တို့ အတော်လေး ပွင့်ပွင့်လင်းလင်း ပြည်သူကို ပြန်ပြီးတော့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီစာချုပ်တွေဟာ ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ ဒီစာချုပ်တွေက သက်ဆိုင်ရာဌာနကြီးတွေကို ဖြတ်ပါတယ်။ ပြီးတော့မှတစ်ခါ အစိုးရ
အဖွဲ့ကိုတင်ပြပြီးမှ ချုပ်ခဲ့တဲ့စာချုပ်တွေဖြစ်တဲ့အတွက်ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကိုယ့်ဘာ သာကိုယ် လက်သိပ်ထိုးပြီးတော့ချုပ်တဲ့ စာချုပ်တွေမဟုတ်ဘူး။ ဒါကြောင့် လျှို့ဝှက်ပြီးချုပ်တဲ့ စာချုပ် မဟုတ်ဘူးဆိုတာကို ကျွန်တော်ရှင်းလင်းချင်ပါတယ်။ သတင်းစာရှင်းလင်းပွဲ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ခဲ့တာရှိပါတယ်။

မေး- အဲဒီရှင်းလင်းပွဲမှာတော့ အကျိုးအမြတ်ခွဲဝေမှုအပေါ် မေးတဲ့အခါမှာ မပြောဘူးလို့ ကျွန်တော်တို့ ကြားခဲ့ပါတယ်။ အဲဒီတုန်းကရော ပြောခဲ့ပါသလားခင်ဗျ။

ဖြေ- အဲဒီတုန်းကတော့ အကျိုးအမြတ်ခွဲဝေမှု ပုံသဏ္ဌာန်မျိုးတော့ ကျွန်တော်တို့က မပြောတာတော့ မဟုတ်ပါဘူး။ သဘောကတော့ ကျွန်တော်တို့က ပြောနိုင်တဲ့ အနေအထား၊ ရှင်းပြနိုင်တဲ့အနေအထား ရှင်းပြခဲ့ပါတယ်။ တတ်နိုင်သလောက် ရှင်းနိုင်တဲ့အစိတ်အပိုင်းမျိုးတွေတော့ အားလုံးကို ရှင်းလင်းခဲ့ပါ တယ်ခင်ဗျ။

မေး- ဒါပေမဲ့ စာချုပ်ချုပ်ဆိုတဲ့နေရာမှာ ပြန်ကြားရေးဝန်ကြီးဌာနကရတဲ့ အကျိုးအမြတ်က ဒီဘက် Sky Net ကနဲ့ ယှဉ်ရင် ၉၆ ရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်းအထိ ကွာဟမှုရှိတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ဘာဖြစ်လို့ အကျိုးအမြတ်က အဲဒီလောက်အထိအောင် နည်းနေရတာပါလဲခင်ဗျ။

ဖြေ- ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့က ဒီလိုမျိုးပေါ့လေ။ ကျွန်တော်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ စာချုပ်တွေရှိပါတယ်။ အဲဒါကတော့ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်မှာ ချုပ်ခဲ့တဲ့ Forever နဲ့ချုပ်ခဲ့တဲ့ စာချုပ်တစ်ခု ရှိပါတယ်။ နောက်တစ်ခါ အခုဆရာတို့ပြောနေတဲ့ ၂၀၁၀ မှာချုပ်တဲ့ စာချုပ်ပေါ့နော်။ ဒါ့အပြင် FM အနေနဲ့ချုပ်တဲ့ ၂၀၁၀ မှာ ချုပ်တဲ့စာချုပ်တွေလည်း ရှိပါသေးတယ်။ အဲဒီတော့ ဟို . . ဒီစာချုပ်တွေဟာ တစ်ခုနဲ့တစ်ခု ပုံသဏ္ဌာန်ချင်းမတူပါဘူးခင်ဗျ။ ဥပမာ Forever နဲ့ချုပ်တဲ့ စာချုပ်ဆိုရင် အတော်များများပေါ့။ ကျွန်တော်တို့ရဲ့ရှိပြီးသား အခြေခံအဆောက်အအုံတွေအပေါ်မှာ သုံးစွဲရတဲ့ အနေအထားမျိုးရှိပါတယ်။

ရွှေသံလွင်နဲ့ ချုပ်တဲ့အခါမှာတော့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာရှိတဲ့ Infrastructure တွေသုံးရတဲ့ အနေအထားမရှိတဲ့ သဘောမျိုးပေါ့နော်။ သုံးရတာ အရမ်းနည်းတယ်။ ဒါကလည်း ကျွန်တော်တို့ပြောရတဲ့သဘောက ပုံစံချင်းမတူတဲ့ သဘောဆိုတာက နည်းပညာအရ မတူပါ ဘူး။ ဥပမာ ဂြိုဟ်တုကသော်လည်းကောင်း၊ Terrestrial နည်းနဲ့သော်လည်းကောင်း၊ Cabel စနစ်နဲ့သော်လည်းကောင်း ဒီလိုမျိုးချုပ်ဆိုတဲ့ စာသားတွေ ကျွန်တော်တို့မှာ ပါပါတယ်။ အဲဒီတော့မှ Terrestrial စနစ်နဲ့ချုပ်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက Terrestrial နည်းပညာနဲ့ ရှိပြီးသား Infrastructure တွေရှိပါတယ်။ ကျွန်တော်တို့မှာ Transmitter တွေ တိုင်တွေစသဖြင့် ဒီလိုမျိုး Infrastructure တွေပေါ်မှာမူတည်ပြီး သုံးရတဲ့သဘောဆိုရင်တော့ ကျွန်တော်တို့က သူနဲ့ပတ်သက်ရင် ဒီအပေါ်မှာစာချုပ်ရဲ့ အကျိုးအမြတ်မှာ ကျွန်တော်တို့က ပိုပြီးတော့ များပြီးတော့ ချုပ်ရတဲ့သဘော သတ်မှတ်ထားတာတွေ ရှိပါတယ်။ ရွှေသံလွင်နဲ့ ချုပ်တဲ့အခါမှာတော့ ရွှေသံလွင်နဲ့ချုပ်တဲ့အခါမှာ အဓိက ကတော့ အဲဒီတုန်းက ခုနကပြောတဲ့ transmitter တွေ ကျွန်တော်တို့ရဲ့စက်ရုံတွေ ကျွန်တော်တို့ရဲ့ စက်ပစ္စည်းတွေ အသုံးချမှုမျိုးမရှိဘဲနဲ့ သူ့ဟာသူ ရင်းနှီးမြှုပ်နှံပြီး လုပ်ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

မေး- ဒီစာချုပ်နဲ့ ပတ်သက်ပြီးတော့ အကျိုးအမြတ် ခွဲဝေမှုတွေကို နောင်မှာပြန်လည်သုံး သပ်ပြီးတော့ ပြင်ဆင်ဖို့ရော ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အစီအစဉ်ရှိပါသလား။

ဖြေ- Governing Body သဘောမျိုးပေါ့နော်။ BGB ပေါ့။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ BGB ဘုတ်ဖွဲ့ထားပါ တယ်။ အဲဒီမှာဥက္ကဋ္ဌကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးတစ်ဦး ပါပါတယ်။ ကျွန်တော်ကတော့ အတွင်းရေးမှူးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ BGB ကနေပြီးတော့ ဒါတွေကို ၂၀၁၃ ခုနှစ် မတ်လကတည်းကဒါတွေကို  ပြန်လည်သုံးသပ်နေပါတယ်။ ပြန်လည်ပြင်ဆင်ဖို့လည်း ဆောင်ရွက်နေပါတယ်
ခင်ဗျ။

Eleven Media Group

No comments:

Post a Comment

My Blog List