Wednesday, January 29, 2014

သတ်မှတ်ရက်အတိုင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံမှာ ​အစိုးရကို ​ဆန့်ကျင် ​ကန့်ကွက်တဲ့ ​ဆန္ဒပြမှုတွေနဲ့ ​အကြမ်းဖက်မှုတွေရှိနေပေမယ့် ​လာမယ့် ​တနင်္ဂနွေနေ့ ​ဖေဖော်ဝါရီလ ​၂ ​ရက်နေ့မှာ ​ကျင်းပပြုလုပ်ဖို့ ​ရှိတဲ့ ​အထွေထွေရွေးကောက်ပွဲကို ​လုပ်ဆောင်သွားမယ်လို့ ​ထိုင်းနိုင်ငံ ​၀န်ကြီးချုပ် ​ရင်လတ် ​ရှင်န၀ပ်က ​ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ ​ရွေးကောက်ပွဲကို ​လေးလအထိ ​ရွေ့ဆိုင်းလိုက်ဖို့ ​တိုက်တွန်းထား ပါတယ်။

ဒါပေမယ့် ​ရွေးကောက်ပွဲ ​မကျင်းပသ၍ ​နိုင်ငံရေးတင်းမာမှုနဲ့ ​ဆန္ဒပြမှုတွေကို ​အဆုံးသတ်နိုင်မှာမဟုတ် ဘူးလို့ ​ထိုင်းအစိုးရကပြောပါတယ်။

အစိုးရကို ​ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေကတော့ ​ပြီးခဲ့တဲ့ ​ရက်သတ္တပါတ်ကုန်တုန်းက ​ကြိုတင်မဲရုံ ​တွေကို ​တားဆီးပိတ်ဆို့ထားသလိုပဲ ​အခုလည်း ​ယာယီမဏ္ဍပ်တွေထိုးထားပြီးတော့ ​မဲရုံတွေကို ​တားဆီး ​ပိတ်ဆို့ထားပါတယ်။

ဆန္ဒပြသူတွေက ​ဘန်ကောက်မြို့လယ်ခေါင်ကို ​သိမ်းပိုက်ထားတာ ​အခုဆိုရင် ​၁၇ရက် ​ရှိသွားပြီး ​ဖြစ် ပါတယ်။

အတိုက်အခံပါတီဖက်ကလည်း ​လာမယ့် ​တနင်္ဂနွေနေ့ ​ရွေးကောက်ပွဲကို ​ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ပဲ ​သပိတ်မှောက်သွားမှာဖြစ်ပါတယ်။ ​ဒီရွေးကောက်ပွဲရလဒ်ဟာလည်း ​တရားဝင်မှာမဟုတ်ဘူးလို့ ​ဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List