Thursday, January 30, 2014

အပစ်ရပ်ရေးမူကြမ်းစာချုပ်ပါ “တော်လှန်ရေး”ဟူသည့်စကားလုံး အစိုးရက မသုံးစေလိုဟုဆို


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးအောင်မင်းဦးဆောင်သည့် အဖွဲ့နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဇန်န၀ါရီလ ၂၉ ရက်က ချင်းမိုင်မြို့တွင်ဆွေးနွေးရာ "တော်လှန်ရေး"ဟူသည့် အသုံးအနှုန်းအပေါ် အမြင်ကွဲပြားလျက်ရှိနေသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက် ထုတ်ပြန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးမူကြမ်း ၁၁ ချက်ကို ထပ်မံဖြည့်စွက်ရာတွင် တိုင်းရင်းသားတို့က “တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း”ဟူသည့် အသုံးအနှုန်းကို ဖြည့်စွက်ခဲ့သည်။

သို့သော် အစိုးရကိုယ်စားလှယ်များက ထိုအသုံးအနှုန်းကို မသုံးသင့်ကြောင်းတုံ့ပြန်သည်ဟု NCCTခေါင်း ဆောင် နိုင်ဟံသာက ပြောသည်။

“အစိုးရဘက်က ပြင်ချင်တာ။ အန်ကယ်တို့ဘက်ကတော့ ထပ်ထည့်ချင်တယ်။ အဲဒါမထည့်ရင် အကြမ်း ဖက်သမားတွေလား၊ ပြည်သူ့စစ်လား။ အဲဒီလို ရောနှောနိုင်တယ်။ အန်ကယ်တို့ရဲ့သိက္ခာကို ထိခိုက်နိုင် တယ်။ ရေရှည်ရပ်တည်လာတဲ့ စကားလုံးဖြစ်တယ်။ မဟုတ်ရင် ဘိန်းကုန်ကူးသမားလည်း လက်နက် ကိုင်တာပဲ။ ဓါးမြလည်း လက်နက်ကိုင်တာဘဲ။ အဲဒါနဲ့ ရောနှောထည့်လိုက်တဲ့ ပုံစံမျိုးဆိုရင်တော့ အန် ကယ်တို့သိက္ခာကျတယ်”ဟု နိုင်ဟံသာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းကို မဖြည့်စွက်ခင်တွင် “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများ” ဟု ရေးသားခဲ့ ဖော်ပြခဲ့သည်။ သို့သော် ထိုအသုံးအနှုန်းသည် အစိုးရလက်အောက်တွင် တာ ၀န်ထမ်းဆောင်နေသည့် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်းများကို ရည်ညွှန်း ရာရောက်နေပြီး ထိုအဖွဲ့များသည် တော်လှန်ရေးအဖွဲ့အစည်းများ မဟုတ်ခြင်းကြောင့် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ”ဟု သုံးလိုခြင်းဖြစ်သည်။

“တော်လှန်တယ်ဆိုတာက မတရားလုပ်တာကို မကျေနပ်လို့ တော်လှန်တဲ့သဘောကို။ ကျွန်တော်တို့ တိုင်းရင်းသားဘက်က တော်လှန်ရေးဆိုတာက ကျွန်တော်တို့အဖွဲ့အစည်းကို တိုင်းရင်းသား လက်နက် ကိုင် ဓါးပြအဖွဲ့၊ သူပုန်အဖွဲ့နဲ့လည်း ခွဲခြားချင်လို့ နိုင်ငံရေးပြုပြင်ပြောင်းလဲ လုပ်ချင်တဲ့သဘောပဲလေ”ဟု လည်း NCCT ဒုတိယခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းက ဆိုသည်။

အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင်ပါရှိသည့် အဆိုပါ “တော်လှန်ရေး” ဟူသည့် အမြင်အပေါ် အစိုးရကိုယ် စားလှယ်များနှင့် တိုင်းရင်းသားတို့ အမြင်မတူလျက်ရှိနေပြီး ဇန်န၀ါရီလ ၂၉ ရက် ဆွေးနွေးမှုတွင် အဆိုပါ စကားလုံးတစ်ခုတည်းကို အသေးစိတ် ဆွေးနွေးခဲ့ပြီး ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ရန်ရှိသည်ဟုလည်း ဖဒိုကွယ်ထူးဝင်းက ဆိုသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က အမြင်တူညီမှုမရှိဘူး။ အဓိပ္ပာယ်ကောက်ယူမှု ကွဲပြားတဲ့သ ဘောပါ။ ဒါပေမဲ့ ကျွန်တော်တို့ ညှိဦးမှာပါ”ဟု ပြောသည်။

လော်ခီးလာခေါ် လေ၀ါးတိုင်းရင်းသားတို့၏ ဒုတိယညီလာခံအပြီး တိုင်းရင်းသားအဖွဲ့၁၇ ဖွဲ့၏ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းပါအချက်များ ပြောင်းလဲခြင်းမရှိသော်လည်း တချို့စကားလုံးများ ဆက် လက်ညှိနှိုင်းရန် လိုအပ်နေသေးသည်ဟုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

“အခုလောလောဆယ်တော့ လေ့လာနေတုန်းဘဲ။ တချို့အချက်တွေက နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်ပြီး ဆွေးနွေးရမှာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးအဆင့်မှာ သဘောတူညီရမယ့် အချက်တွေပြီးရင် နိုင်ငံ ရေးဆွေးနွေးမှုကျမှ ဆက်ဆွေးနွေးရမှာ”ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ရက်သတ်မှတ်မည့် ဘားအံ ဆွေးနွေးပွဲမတိုင်မီ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ရန်ကုန်မြို့တွင် ထပ်မံဆွေး နွေးကြမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်း တင်ပြဆွေး နွေးပွဲကို ယနေ့နံနက် ၉ နာရီမှညနေ ၄ နာရီခွဲချိန်ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိGreen Lake Resort တွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List