Friday, January 31, 2014

ရန်ကုန်မြို့၏ တရုတ်နှစ်သစ်ကူးပွဲ၌ ရိုးရာအကများ၊ နဂါး ခြင်္သေ့ အကပြိုင်ပွဲများဖြင့် စည်ကား




တရုတ်နှစ်သစ်ကူးပွဲတော်တွင် ရိုးရာအကများနှင့် နဂါး၊ခြေင်္သေ့အက အလှပြပြိုင်ပွဲများကို လာရောက် ကြည့်ရှုသူများဖြင့် ရန်ကုန်မြို့ရှိ၊ တရုတ်ဘုရားကျောင်းများ၊ လသာမြို့နယ်၊ ဈေးဝယ်စင်တာများတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ လသာမြို့နယ်ရှိ တရုတ်ဘုရားကျောင်းမှ ပြိုင်ပွဲစီစဉ်သူတစ်ဦးမှ “တရုတ်နှစ်သစ် ကူးရောက်တိုင်း စည်စည်ကားကားဖြစ်ဖို့ ခြင်္သေ့အလှပြပြိုင်ပွဲ၊ ခြင်္သေ့အလှစွမ်းရည်ပြပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပတာ ခုဆို (၉) ကြိမ်မြောက်ရှိပြီ။ ပြိုင်ပွဲတွေကို ၁ ရက်ညကစပြီး တစ်ပတ်ကြာကျင်းပ သွားပါမယ်။ ခုဆိုပြိုင်ပွဲဝင်မယ့် အဖွဲ့အသစ်တွေလည်း တိုးလာပါတယ်။ အခုနှစ်မှာတော့ အဖွဲ့ရှစ်ဖွဲ့ပါဝင် အလှပြယှဉ်ပြိုင်ကြမှာပါ။ လာပြီးကြည့်ရှုအားပေးတဲ့သူတွေ များပြီးပျော်ရွှင်တဲ့ပွဲလေးတစ်ခု ဖြစ်မှာပါ” ဟု ပြောပြခဲ့သည်။

ထိုသို့လမ်းများတွင် အသီးသီးကျင်းပကြသည့်အပြင် ရန်ကုန်မြို့ရှိ တရုတ်ဗုဒ္ဓဘာသာ သက်သက် လွတ်ကျောင်းများ စုပေါင်း၍ ဘုရားကျောင်းတစ်ခုတွင် စုစည်းကာ နဂါးအလှများ၊ တရုတ်နှစ်သစ် ဆုတောင်း တေးသီချင်းများနှင့် အကအလှဖျော်ဖြေပွဲများကို ကျင်းပလျက်ရှိကြောင်းလည်း သိရသည်။

တာင်ဥက္ကလာပမြို့နယ်ရှိ ဗုဒ္ဓဘာသာသက်သက်လွတ် ဘုရားကျောင်းမှ သာသနာပြုဆရာမတစ်ဦးက “ခုလိုနှစ်သစ်ကူးမှာ နှစ်ကူးတေးသီချင်းတွေနဲ့ အကတွေကို ဘုရားကျောင်းမှာ ဘုရားကျောင်းက ပါဝင်ချင်တဲ့ သူတွေကို စုစည်းပြီး နှစ်တိုင်း က ဖြစ်ပါတယ်။

ဒီလိုဘုရားကျောင်းကြီးမှာ လာဖျော်ဖြေတယ်။ ပြီးရင် ဓမ္မမိတ်ဆွေတွေရဲ့ အိမ်တွေကိုသွားပြီး နှစ်သစ်အက လှတွေနဲ့ နှစ်သစ်ဆုတောင်းပေးပါတယ် ” ဟု ဆိုသည်။

လသာမြို့နယ်ရှိ တရုတ်နှစ်ကူးပစ္စည်းများနှင့် မုန့်အရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးကလည်း “နှစ်သစ် ကူးမှာက သာမန်နေ့တွေထက် ပိုထူးခြားပြီး အရေးကြီးတဲ့နေ့လေး ဖြစ်တဲ့အတွက် ဘုရားပူဇော် ကတော့ တာတွေ၊ ဘိုးဘွားမိဘတွေကို ကန်တော့ဖို့ မုန့်တွေ၊ ဖယောင်တိုင်းတွေ၊ အမွေးတိုင်းတွေနဲ့ အခြားနှစ်ကူး ပစ္စည်းလေးတွေ အရမ်းရောင်းရတယ်။ ပူဇော်ကတော့တဲ့နေရာမှာ ရိုးရာအစားအစာအနေနဲ့ အီကွေ့ ကတော့ မပါမဖြစ်ဆိုတော့ အရမ်းကိုရောင်းရပါတယ်” ဟု ဆိုသည်။

နှစ်သစ်တစ်ခုသို့ အချိန်အခါဖြစ်သည့်အလျောက် တရုတ်လူမျိုးများသည် ဘုရား၊ ကိုယ်တော်များ၊ မိဘနှင့် ဘိုးဘွားများကို နှစ်ကူးဂါဝရပြုခြင်း၊ ဆုတောင်းခြင်းများကို ပြုလုပ်ကြောင်း သိရသည်။

“ အန်တီတို့ကတော့ နှစ်သစ်ကူးမှာ နှစ်သစ်ကူးနေ့တွေအပြင် အခြားကန်တော့ပွဲတွေလည်း ရှိတာပေါ့။ ခုလိုနှစ်သစ်ကူးမှာတော့ ဘုရားကျောင်းကိုသွားပြီး ဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ စားဖွယ်စုံတွေနဲ့ ကန်တော့ ပွဲတွေ စီစဉ်ပြီးကန်တော့ကြတယ်။ နဂါးအကတွေ၊ ခြင်္သေ့အကတွေနဲ့ အိမ်တိုင်းကို လာရောက်ဆုတောင်း ပေးကြတဲ့ အသင်းအဖွဲ့တွေ၊ မိတ်ဆွေတွေကို နှစ်သစ်လက်ဆောင် အန်ပေါင်းတွေလည်းပေးတဲ့အပြင် မုန့်တွေလည်းကျွေးကြပါတယ်” ဟု ဗဟန်းမှ ဒေါ်စန်းစန်းက ဆိုသည်။

ထိုကဲ့သို့လမ်းများ၊ အိမ်များ၊ ဘုရားကျောင်းများတွင် တရုတ်ရိုးရာယဉ်ကျေးမှု ပွဲတော်များ၊ ဂါဝရပြုပွဲများနှင့် စည်ကားကြသည့်အပြင် ဈေးဝယ်စင်တာများတွင်လည်း နှစ်သစ်ကူးဈေးရောင်းပွဲတော်များနှင့် ဖျော်ဖြေပွဲများကို ကျင်းပလျက်ရှိကြောင်း သိရသည်။ 


Eleven Media Group

No comments:

Post a Comment

My Blog List