Wednesday, January 29, 2014

ဖွဲ့စည်းပုံပြင်ရေး ပညာဆက်ပေးမယ်

လွှတ်တော်ပြင်ပဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း တောင်ကြီးမြို့ လူထုဟောပြောပွဲမှာ မေးလာတဲ့မေးခွန်းတခုကို ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားထားပါတယ်။
ဒီဖြေကြားချက်ကို NLD ရဲ့ အွန်လိုင်းစာမျက်နှာကနေ ကူးယူဖော်ပြလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပက ပြည်သူလူထုကပြင်ရေးဆိုတာ ကျွန်မက ဘယ်လိုအဓိပ္ပါယ် လဲဆိုတာလည်း မရှင်းပါဘူး။ ဒါပေမဲ့ ကျွန်မပြောမယ်နော်၊ ကျွန်မတို့ရဲ့နိုင်ငံကို ဒီမိုကရေစီလမ်းပေါ် စတင်ကတည်းက မှန်ကန်တဲ့၊ တည်ငြိမ်တဲ့လမ်း ဖြစ်စေချင်တယ်။

ဘာမဆို ထစ်ခနဲ၊ ထစ်ခနဲ ဒီပဋိပက္ခနည်းမျိုးနဲ့တော့ လုံးဝ မဖြစ်စေချင်ဘူး၊

 လွှတ်တော် ပြင်ပကပြင်တယ်ဆိုတာ ဒါကျွန်မတို့ လွှတ်တော်ပြင်ပက လုပ်နေတဲ့လှုပ်ရှားမှုတစ်ခုပဲ။ ကွန်ရက်ဆိုတာလည်း လွှတ်တော် ပြင်ပက လုပ်နေတာပဲ။

ကျွန်မ ဒီလိုပြောတာတစ်ချို့က လွှတ်တော်ပြင်ပကဆိုတာ ဆန္ဒပြပြီးတော့ လူထုအုံကြွ မှုကြီးလုပ်ပြီးတော့ အဓိပ္ပါယ်နဲ့ပြောကြတာ ရှိတယ်။ အဲဒီလို အဓိပ္ပါယ်နဲ့တော့မမှတ်ယူနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ လူထုများဟာ  လိုအပ်တဲ့အခါမှာမိမိတို့ရဲ့ ဆန္ဒဖော်ထုတ်တာ မမှားဘူးဆိုတာ လုံးဝမှန်တယ်။သို့သော် လည်း ကိုယ့်ရဲ့ဆန္ဒအားများကို အလွဲသုံးစားတော့ လုပ်လို့မဖြစ်ဘူး။ကိုယ့်ရဲ့ဆန္ဒအားများ အပေါစားဖြစ် သွားအောင် လုပ်လို့မဖြစ်ဘူး၊ တန်ဖိုးထားရမယ်။ လူတိုင်း လူတိုင်းဟာ တန်ဖိုးထားရမယ်။ ကိုယ့်ကို ကိုယ်တန်ဖိုးထားရမယ်။

ကျွန်မတို့ပြည်သူလူထု တစ်ယောက်ခြင်း တစ်ယောက်ခြင်းရဲ့ အင်အားဟာ အင်မတန်မှ တန်ဖိုးရှိတယ်။

ဒီ တန်ဖိုးရှိတဲ့အင်အားတွေကို အလွယ်နဲ့တော့ မသုံးစေချင်ဘူး။

ကျွန်မတို့အနေနဲ့ တော့ တတ်နိုင်သမျှ အေးအေးဆေးဆေးနဲ့  ဥပဒေဘောင်အတွင်းက ပြင်နိုင်ဖို့ကို ကျွန်မ တို့ကြိုးစားသွားမယ်၊မဖြစ်နိုင်ဘူး ဆိုတဲ့စိတ်ဓါတ် ကျွန်မတို့ဘယ်တော့မှ မထားဘူး။

ကျွန်မတို့ အနှစ်နှစ်ဆယ်ကျော် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တဲ့အခါမှာ တော်တော်များများဟာ ကျွန်မ တို့ကိုပြောတယ် ... ဒီလိုနည်းနဲ့၊ အကြမ်းမဖက်တဲ့နည်းနဲ့ရမှာ  မဟုတ်ဘူးတဲ့။ အကြမ်းဖက်တဲ့နည်းနဲ့မှရမှာ တဲ့။ကျွန်မကပြောတယ်။ ကျွန်မတို့ကတော့ ယုံကြည်တယ်လို့၊ အကြမ်းမဖက်တဲ့နည်းနဲ့ ခံနိုင်ရည်ရှိရင် ရနိုင်တယ်လို့ ။ ဖေဖေပြောခဲ့တဲ့စကားလိုပဲ၊ လုပ်ရဲတာဟာ သတ္တိမဟုတ်ဘူး။ ခံရဲတာဟာ သတ္တိဆိုတာ အဲဒါကိုပြောတာ။ ကျွန်မတို့ဟာ လုပ်လည်းလုပ်ရဲရမယ်၊ ခံလည်းခံရဲရမယ်။

ဒါပေမဲ့လုပ်ရဲတယ်ဆိုတာ မှန်တဲ့ကိစ္စကို လုပ်ရဲတာကိုပြောတာ၊ မိုက်မိုက်ကန်းကန်းလုပ်ရဲတာကိုပြောတာ မဟုတ်ပါဘူး ဆိုတာ ကျွန်မသေသေချာချာပြောပါရစေ။

 ပြည်သူလူထုရဲ့အင်အားကိုလည်း ကျွန်မတို့ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး။ ထိုက်ထိုက်တန်တန် နဲ့ပြည်သူလူထုကို တန်ဖိုးထားပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကိုလိုရင် လိုသလိုတော့ ပြည်သူကို ရှင်းရှင်း လင်းလင်းတင်ပြပြီး  တောင်းခံသွားမှာဖြစ်ပါတယ်။

လွှတ်တော်ပြင်ပကဖွဲ့စည်းပုံပြင်ရေးဆိုတာ ဘာနဲ့စသလဲဆိုတော့ ပြည်သူလူထုကိုပညာပေးရင်းနဲ့ စပါ တယ်၊ အဲဒါတွေဆက်ပြီးတော့လုပ်သွားပါ။

ဧရာဝတီblog

No comments:

Post a Comment

My Blog List