Tuesday, January 28, 2014

မြန်မာ့လေကြောင်းမှ ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့သည့် F 28 လေယာဉ်အား မန္တလေးချမ်းမြသာစည် လေဆိပ်တွင် လေယာဉ်ပြခန်းနှင့် ကော်ဖီဆိုင်အဖြစ် ဖွင့်လှစ်မည်

မြန်မာ့လေကြောင်းမှ ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့သည့် Fokker 28 (XY-AGH) လေယာဉ်အား မန္တလေးမြို့၊ ချမ်းမြသာစည် လေဆိပ်တွင် လေယာဉ်ပြခန်းနှင့် ကော်ဖီဆိုင်အဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရ သည်။
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းမှ Fokker လေယာဉ် လေးစင်းအား ဝယ်ယူ၍ ခရီးစဉ်များ ပျံသန်းခဲ့သည်။ ယင်းနောက် အဆိုပါ ဖော်ကာလေယာဉ်များမှာ အသုံးပြုသည့်သက်တမ်း ကြာမြင့်ခြင်း၊ လေယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့်စက်ရုံ ဖျက်သိမ်းလိုက်ခြင်းများကြောင့် လေယာဉ် အပိုပစ္စည်းများ ဝယ်ယူရန် ခက်ခဲလာသည့်အတွက် ဖော်ကာလေယာဉ်များ၏ ခရီးစဉ်ပျံသန်းခြင်းအား ရပ်နားပြီး၊ လေယာဉ်အမျိုးအစားသစ်များ ထပ်မံဝယ်ယူ၍ အစားထိုး ပျံသန်းခဲ့ကြောင်း သိရသည်။

မန္တလေးချမ်းမြသာစည် လေဆိပ်တွင် လေယာဉ်ပြခန်းနှင့် ကော်ဖီဆိုင်အဖြစ် ဖွင့်လှစ်သွားမည့် Fokker 28(XY-AGH) လေယာဉ်မှာ မြန်မာနိုင်ငံမှ မဝယ်ယူခင်က အာရပ်နိုင်ငံသား တစ်ယောက်၏ ကိုယ်ပိုင်လေယာဉ်ဖြစ်ပြီး ယင်းနောက်တွင် တောင်အာဖရိကသမ္မတ နယ်ဆင်မင်ဒဲလား၏ နီးဖြစ်သူက ကိုယ်ပိုင်လေယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ် တွင် ရောက် ရှိခဲ့ပြီး ပြည်တွင်းခရီးစဉ်များအား စတင်ပျံသန်းခဲ့ကြောင်း သိရသည်။

“ဒီနေ့ ချမ်းမြသာစည် လေဆိပ်မှာ ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့တဲ့ F28 (XY-AGH) လေယာဉ်ကို လေယာဉ်ပြ ခန်းငယ်အဖြစ် လေ့လာနိုင်ဖို့နဲ့ အပန်းဖြေစရာ ကော်ဖီဆိုင်အဖြစ်ပါ ဖွင့်လှစ်သွားမှာပါ။ တက်ရောက်လေ့ လာတဲ့ သူတွေအနေနဲ့ ပိုင်းလော့ဝတ်စုံကို ဝတ်ဆင်ပြီး အမှတ်တရ ဓာတ်ပုံတွေပါ ရိုက်ကူးနိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်လေဆိပ်မှာ ရပ်နားထားတဲ့ ဖော်ကာလေယာဉ် နှစ်စင်းကိုပါ ချမ်းမြ သာစည် လေဆိပ်ကိုရွှေ့ပြောင်းပြီး လေယာဉ်ပြခန်းငယ်အဖြစ် ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာ့လေကြောင်းမှ ပျံသန်းရေးမှူးချုပ် Capt ထင်လင်းက ပြောပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List