Wednesday, January 29, 2014

မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာ ၁၄၀ ကျော် ပြည်တော်ပြန်မည်

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သည့် သီတဂူ အထောက်အကူပြု အဖွဲ့၏ အကူအညီဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးသီဟမောင်မောင် က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြန်ပို့ရန် စီစဉ်ထားသူ ၁၄၂ ဦးမှာ အကျဉ်းကျခံနေရသူ သီးသန့် ပို့ဆောင်ခြင်း ဖြစ်ပြီး အခြားမြန်မာများ ပါဝင်ခြင်း မရှိကြောင်း၊ ဖေဖော်ဝါရီလတွင် အကျဉ်းကျ မြန်မာများကို နောက်ထပ် တစ်ကြိမ် ပို့ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ်လီမိတက်တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် ကွာလာလမ်ပူ မှ မြန်မာနိုင်ငံသို့ MAI စင်းလုံးငှား လေယာဉ်ဖြင့် မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာ လုပ်သား ၁၇၆ ဦး ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း တစ်ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

မလေးရှားနိုင်ငံ အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့သည် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း၍ မလေးရှားတွင် ဒုက္ခရောက်နေသူ၊ အကျဉ်းကျနေသူ မြန်မာလုပ်သားများကို မြန်မာနိုင်ငံသို့ ခုနစ်ကြိမ် တိုင်တိုင် စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁၂၀၀ ဝန်းကျင်ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List