Wednesday, January 29, 2014

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို

အခြေအနေအရ လိုအပ်လာပါက  ရခိုင်ပြည်နယ်အပါအဝင် မြန်မာ ပြည်ကိုကာကွယ်ရန် အသင့်ရှိ သော် လည်း အမှားအယွင်းအဖြစ်မခံနိုင်ဟု  ရခိုင်တပ်မ တော် စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆိုသည်။
၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့်  ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြား ခဲ့ ခြင်းဖြစ်သည်။

““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာကိုမလေးစားတာပါ။ ပြီးတော့ ကိုယ့်ဘက်က အစစအရာရာအား နည်းတာလဲပါတယ်။ တပ်မ တော်တစ်ရပ်က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့်ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာလို့လဲဆိုတော့ အမှားအယွင်း အတွက် ကျွန်တော်တို့မှာ နောက်ဆုတ်စရာ မြေမရှိဘူးဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

အဆိုပါ ဖြစ်စဉ်များအတွင်း၌ အစိုးရ၏ကိုင်တွယ်ဖြေရှင်းမှုအားနည်းခဲ့သည့် အ ပြင် ယခုလုပ်ဆောင်နေ သည့် တစ်နိုင်ငံလုံးအတိုင်းအတာ အရအပစ်ရပ်ရေး၌ အစိုးရ၏ပြောဆိုလုပ်ဆောင်မှုများမှာ အပြင်ပန်း ဆန်ပြီး အနှစ်သာရမရှိသည့် အချက်များကို တွေ့ရကြောင်းလည်း ၎င်းက ဝေဖန်ပြောဆိုခဲ့သည်။

““ကျွန်တော်တို့က လူရှေ့ သူရှေ့မှာ လက်မှတ်ထိုးပြပြီး ညာနေဖို့ မဟုတ်ဘူး။ ကိုယ့် နိုင်ငံပြဿနာကို အမှန်တကယ် ဖြေရှင်းပြီးပြီလား။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူတွေပျော်ရွှင် နေကြပြီလား။ ငါတို့ အနာဂတ် အတွက် ခိုင်မာတဲ့ ငြိမ်းချမ်း ရေးလမ်း ကြောင်းတွေ ပွင့်ပြီ လားဆိုတဲ့အပေါ်မှာ အနှစ်သာ ရရှိရှိ ပြောဆို လုပ်ကိုင်ဖို့လိုတယ်။ အခုအစိုးရဘက်က ပြောဆိုနေတာတွေကအပြင် ပန်းဆန်နေတယ်””ဟု စစ်ဦးစီး ချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ပြောသည်။

အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်အပစ်အခတ်ရပ် စဲရေး  လက်မှတ်ရေး ထိုးရာ၌ တိုင်းရင်းသားအဖွဲ့အစည်း တချို့နှင့်သာ တွေ့ဆုံဆွေးနွေးမည်ဆိုသည့်အချက်နှင့် ကျန် ရှိနေ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အင်အား ကြီးသည့် လက်နက် ကိုင်အဖွဲ့ အစည်းများ၏ ဆန္ဒပါမှရမည် ဆိုသည့်အချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးပါဝင်၍ အပစ်အ ခတ်ရပ်စဲရေးလက်မှတ် ထိုးနိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအတွင်းပါဝင်လာရန်မှာ ကျန်ရှိ နေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများ၏ သဘောသာဖြစ်ကြောင်း တစ် နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) ဒု တိယအဖွဲ့ခေါင်းဆောင် ဗိုလ် ချုပ်ဂွမ်မော်က ပြောသည်။ မြန်မာ နိုင်ငံတွင် အစိုးရ တပ်မတော်မဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁ဝဝကျော်ရှိကြောင်း လက်နက်ကိုင်အဖွဲ့အစည်းများထံမှ ထွက်ပေါ်သည့် စာရင်း များအရ သိရှိရသည်။

မျိုးသူ (မြစ်မခ)
Yangon Media Group

No comments:

Post a Comment

My Blog List