Wednesday, January 29, 2014

ထိုင်းက မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော် ရှိပြီး လုပ်ငန်းငယ်များပါ ထပ်မံမြှုပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့တာဝန်ရှိသူ ပြောကြား

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်ရှိပြီး လုပ်ငန်းအသေးများပါ ထပ်မံမြှုပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့မှ Deputy Secretary General ဖြစ်သူ Mr Chokedee Kaewsang က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိုင်းလုပ်ငန်းရှင်များမှ စိတ်ဝင်စားလျက်ရှိနေပြီး ၀င်ရောက်မြှုပ်နှံရာတွင် လုပ်ငန်းစီမံကိန်းကြီးများတွင် မြှုပ်နှံမှုပြုလုပ်သကဲ့သို့ ကုန်ထုတ်လုပ်ငန်း အပါအ၀င် အသေးစား အလတ်စား လုပ်ငန်းများတွင်လည်း မြှုပ်နှံမှုပြုလုပ်ရန်အတွက် လာရောက်ဆွေးနွေးမှု များ ပြုလုပ်လျက်ရှိသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ခုတွင် ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့မှ Deputy Secretary General ဖြစ်သူ Mr Chokedee Kaewsang က “မြန်မာနိုင်ငံရဲ့ လုပ်ငန်းကဏ္ဍအစုံမှာ ၀င်ရောက်မြှုပ်နှံဖို့အတွက် ထိုင်းလုပ်ငန်းရှင်တွေကို ဆွေးနွေးမှုတွေနဲ့အတူ မြန်မာက လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်အောင် ဆောင်ရွက်သွားမယ်။ ပထမအဆင့်မှာတော့ နှစ်နိုင်ငံ
လုပ်ငန်းရှင်တွေ လုပ်ငန်းတူအဆက်အသွယ်တွေ ရရှိနိုင်မှာဖြစ်ပြီး နောက်ပိုင်းလုပ်ငန်းအကျိုးတူ ဆောင် ရွက်မှုတွေ များလာတဲ့အခါ မြန်မာနိုင်ငံမှာ စက်ရုံတွေလာရောက် တည်ထောင်တာမျိုး စတဲ့ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် အချိန်မှစ၍ ယခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထိုင်းနိုင်ငံအနေဖြင့် လုပ်ငန်းပေါင်း ၃၃ ခုတွင် ဒေါ်လာ ၂ ဒသမ ၈၇၆ ဘီလျံကျော် မြှုပ်နှံမှုပြု
လုပ်ထားပြီး မြန်မာနိုင်ငံတွင် မြှုပ်နှံမှုပြုလုပ်ထားသည့် နိုင်ငံများအနက် စတုတ္ထနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၃ ခုနှစ်အတွင်း ထိုင်းလုပ်ငန်းရှင်များမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုအရ လုပ်ကိုင်မည့် စိုက်ပျိုးရေး၊ စားသောက်ကုန်၊ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း၊ အိမ်သုတ်ဆေး ထုတ်လုပ်ရောင်းချခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List