Thursday, January 30, 2014

BAIC မော်တော်ယာဉ်ကုမ္ပဏီက ၂၀၁၄ ခုနှစ်အတွင်း အင်ဂျင်မှကိုယ်ထည် အထိ ပြုပြင်နိုင်သော အရောင်းစင်တာများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် တိုးချဲ့ဖွင့်လှစ်သွားမည်



တရုတ်နိုင်ငံ အခြေစိုက် BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် အတွင်း မော်တော်ယာဉ်အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာများကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Aung Gabar Co.,Ltd မှ သိရသည်။

Aung Gabar Services Co.,Ltd မှ Managing Director ဦးအောင်စိန်က “၂ဝ၁၄ ခုနှစ်အတွင်းမှာ BAIC ကုမ္ပဏီထုတ် မော်တော်ယာဉ်တွေကို အင်ဂျင်ကနေ ကားဆေးဘော်ဒီအထိ ပြုပြင်နိုင်တဲ့ After Sale Service စင်တာတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့ကြီးတွေမှာ တိုးချဲ့ဖွင့်လှစ်သွားမှာပါ” ဟုပြောကြားသည်။

BAIC (Beijing Automotive Group) မော်တော်ယာဉ်ကုမ္ပဏီ၏ အဆိုပါ အထွေထွေဝန်ဆောင်မှု အရောင်းစင်တာများကို လာမည့်ဇူလိုင်နှင့် ဩဂုတ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်းလည်း Aung Gabar Services Co.,Ltd မှ Managing Director က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် BAIC ကုမ္ပဏီ၏ 3S စင်တာကိုအမှတ် (၁ဝ၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက် လမ်းထောင့် ဗဟန်းမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။

BAIC ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ကုမ္ပဏီကြီးငါးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာမနီအခြစိုက် Daimler AG ၊ တောင်ကိုရီးယားအခြေစိုက် Hyundai ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်လျက် ရှိသည့်အပြင် ၂ဝဝ၉ ခုနှစ်တွင် ဆာ့ဘ်ကုမ္ပဏီ၏ တာဘို နည်းပညာအား ဝယ်ယူအသုံးချ၍ BAIC မော်တော်ယာဉ်များတွင် အသုံးပြုခဲ့သည်။ BAIC ကုမ္ပဏီ အနေဖြင့် BAIC Motor, FOTON, BAW, BBAC and BHMC,R&D အစရှိသော မော်တော် ယာဉ်ကုမ္ပဏီများပါဝင်ပြီး spare parts ထုတ်လုပ်သော လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ မော်တော်ယာဉ်ကုမ္ပဏီများ၏ အရောင်းစင်တာများကို ရန်ကုန်မြို့၌ အဓိကထား ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List