Tuesday, January 28, 2014

နိုင်ငံတော်ကိုသမ္မတအုပ်ချုပ်နေတာလား သမ္မတမှာတကယ်ရောသြဇာ ရှိရဲ့လားတဲ့

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဇန်န၀ါရီလ (၂၆)ရက်နေ့က ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူဒေသခံပြည်သူများအနေနှင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေးနှင့် ပြည်သူလူထုများအပေါ်အာဏာသုံး၍ ဖိနှိပ်ချုပ်ခြယ်ကာ နိုင့်ထက် စီးနင်းမှုပြု လုပ်နေသော အာဏာရှင်အသစ်အဟောင်းများကို ဆန့်ကျင်ကန့်ကွက်သည့်အနေနှင့် ဆန္ဒ ဖော်ထုတ်မှုပြု လုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရခြင်းအကြောင်း နှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုသန့် ဇင်မျိုးက ““၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ ကျွန်တော်တို့အခုလို ဆောင်ရွက်တာက ရာထူးအာဏာ အတွက်မဟုတ်သလို၊ စီးပွားရေး အတွက်လည်းမဟုတ်ဘူး။ ထင်ပေါ် ကျော်ကြားချင်လို့လည်းမဟုတ်ဘူး။ တကယ်ခံစားနေရလို့ ပြင်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ 
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လို အချက်တွေကိုပြင်ဆင်စေချင်သလဲ ဆိုတာက ကျွန်တော်တို့က ပညာရှင်မဟုတ်တဲ့အတွက်မပြောနိုင် ပေမယ့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီနဲ့ဆန့် ကျင် နေတယ်လို့တော့ နားလည်ပါတယ်။ ၂၅ရာခိုင်နှုန်းလို့ဆိုတယ်။ အစ်ကိုတို့လဲသိမှာပါ။ ဖွဲ့စည်းပုံ ကို ဖြည့်စွက်မှာတို့ပြင်ဆင်မှာတို့ကျ တော့ ၇၅ရာခိုင်နှုန်းကျော်မှဆိုတဲ့ အချက်တွေရှိ တယ်။ နောက်ပြီး တော့ လွှတ်တော်ထဲမှာဆိုလို့ရှိရင် ရွေးကောက်တင်မြှောက်မခံရဘဲနဲ့ အလို အလျောက်ရောက်လာတဲ့ ပုဂိ္ဂုလ်တွေလည်းရှိနေတဲ့အခါကျ တော့ ဒါဟာဒီမိုကရေစီနဲ့ လုံးဝ ဆန့်ကျင်နေ တယ်လို့ ကျွန်တော်တို့ ယူဆတယ်””ဟု ၎င်းကဆိုသည်။

အာဏာရှင်အဟောင်းအသစ်များ အလိုမရှိရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ကိုသန့်ဇင်မျိုးက ဆက်လက်ပြောကြားရာတွင် ““မည်သည့်အာဏာရှင်မှတိုင်းပြည်ကို မလာစေချင်ဘူး။ လက်ရှိအာဏာရှင် ကိုလဲ မကြိုက်ဘူး။ အာဏာပြအနိုင်ကျင့်တဲ့မည်သည့် သူကိုမှကျွန်တော်တို့လက်ခံမှာ မဟုတ်ဘူး။ ဒီလိုမျိုး ရှိလာရင်တော့ ကျွန်တော်တို့ကငြိမ်းချမ်းစွာနည်းမျိုးစုံနဲ့ ဒီမိုကရေစီနည်းလမ်းမျိုးနဲ့ တိုက်ခိုက်သွားမှာပါ။ လက်ရှိ အာဏာရှင်ကိုမကြိုက်ဘူးဆိုတာ က ရှိနေပါတယ်။ ရပ်ကွက်ထဲမှာ အာဏာပြနေတဲ့ဟာတွေပေါ့ အသေးလေးကစပြီးတော့ပေါ့။ အခုဆိုရင် ဒီနိုင်ငံကိုဘယ်သူ အုပ်ချုပ်နေတာလဲဆိုတဲ့မေးခွန်း ကိုတောင်မေးသင့်ပါတယ်။ နိုင်ငံ တော်သမ္မတအုပ်ချုပ်နေတာလား။ သမ်္မတမှာတကယ်ရောသြဇာရှိရဲ့ လား၊ အာဏာရှိရဲ့လားဆိုတာပေါ့။ ကျွန်တော်ဒီလောက်ပဲပြောချင်ပါ တယ်””ဟု အာဏာရှင်အဟောင်း အသစ်များအလိုမရှိခြင်းအကြောင်း ကို အဆိုပါပုဂ္ဂိုလ်ကထပ်လောင်း ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ်ဒီမိုကရေ စီအရေးတက်ကြွလှုပ်ရှားသူများ အနေနှင့် ဆန္ဒဖော်ထုတ်ပွဲကို နံနက် (၉)နာရီတွင် လှိုင်သာယာမြို့နယ်၊ (BOC)အ၀ိုင်းမှ လှိုင်သာယာမြို့နယ်ဘောလုံးကွင်းသို့ လူအင်အား (၁၀၀)ကျော်ခန့်ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ပြီး နေ့လယ်(၁၁)နာရီတွင် ဆန္ဒဖော်ထုတ်မှုအစီ အစဉ်ပြီးဆုံးခဲ့ကြောင်း သိရသည်။

Hot News Journal

No comments:

Post a Comment

My Blog List