Tuesday, January 28, 2014

စိတ်ထားဖြူအောင် ထားတာကြာင့် ချစ်တဲ့သူတွေများတယ် ကောင်းပြည့်

စိတ်ထားဖြူအောင် ထားတာကြာင့် ချစ်တဲ့သူတွေများတယ် ကောင်းပြည့်ကားရိုက်တွေများ လာတော့ ပညာတွေ အများကြီး ရလာတယ်။ အရင်ကဆို နောက်နေ့ရှူတင်ရှိတယ်ဆို ညဘက်ကတည်းက အိပ် မပျော်တော့ဘူး။ ရင်တွေခုန်ပြီး၊ စိတ် လှုပ်ရှားနေခဲ့တယ်။ နောက်ပိုင်းကျ တော့ အားလုံးနဲ့ခင်မင်လာတော့ လည်း လုပ်ရင်း၊ လုပ်ရင်းနဲ့ အသား ကျလာပါပြီ။
အရင်က ဆိုရင် ငိုရမယ့် အခန်းတွေမှာ မငိုတတ်ဘူး ဆိုတော့ အခုရောငိုတတ်ပြီလား အမေးကို ဟုတ်ကဲ့ ကျွန်တော် အတတ်နိုင်ဆုံး တော့ ကြိုးစားပြီး သရုပ်ဆောင်ပါတယ်။ အခုရိုက်ထားတဲ့ဇာတ် ကား တွေတော်တော် များများကလည်း ငိုရတဲ့ ဇာတ်ကားတွေချည်းပါပဲ။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဇာတ်ရုပ်တွေ ရှိရင်တောင် အဲဒီအပေါ်မှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်သွားပြီး ပရိသတ် လက်ခံရင် အကောင်း ဆုံးပါပဲ။

ဘယ်အလုပ်မ ဆို၊ ဘယ်အရာမဆို တလေးတစား လေးလေးနက်နက်နဲ့ လုပ်မယ်ဆို ခက်ခဲတာချည်းပဲ။ ကိုယ်ကစိတ်ပါ ဝင်စားမှုနဲ့ တလေးတစားလုပ်တဲ့ အလုပ်ကခက်ခဲတယ်။ ပိုလိုချင်လေ၊ ပိုခက်ခဲလေပဲ။ လူတစ်ယောက်က စိတ်ထားကောင်းဖို့လည်း လိုပါသေးတယ်။ ကိုယ့်အပေါ်မှာ ဘယ်သူက မကောင်း ဘူး။ ကောက်ကျစ်တယ် ဆိုတာကိုလည်းသိပါတယ်။ သိသိချည်းနဲ့ အမုန်းမပွားဘဲ စိတ်ထားဖြူ အောင်နေ ပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို ချစ်ကြတဲ့သူတွေ လည်းများပါတယ်။

မသိတဲ့သူတွေ က ကျွန်တော့်ကိုမာနကြီးတယ်ထင် တယ်။ တကယ်တော့ ကျွန်တော်က ခင်တဲ့သူလောက် ပဲ စတာ၊ နောက်တာရှိပါတယ်။ ကျွန်တော်က ဘယ် သူ့အပေါ်မှာမှ မယုတ်မာသလို ကောက်ကျစ်စဉ်းလဲတဲ့ စိတ်လည်း မရှိပါဘူး။

8 Days

No comments:

Post a Comment

My Blog List