Wednesday, January 29, 2014

သြစတြေးလျက ဘုရင်ခံချုပ် ရွေးချယ်ခန့်အပ်

သြစတြေးလျနိုင်ငံရဲ့ ​ဘုရင်ခံချုပ်ရာထူးကို ​သြစတြေးလျ ​ကာကွယ်ရေးဦးစီးချုပ်ဟောင်း ​Peter ​Cosgrove ​ကိုခန့်အပ်သွားမယ်လို့ ​သြစတြေးလျ ​အစိုးရက ​ကြေညာလိုက်ပါတယ်။
အခုလို ​ဘုရင်ခံချုပ်အဖြစ် ​ရွေးချယ်ခန့်အပ်ခံရတဲ့အပေါ် ​သူ့အနေနဲ့ ​ဂုဏ်ယူမိတယ်လို့ ​ကာကွယ်ရေး ​ဦးစီးချုပ်ဟောင်း ​Peter ​Cosgrove ​ကပြောပါတယ်။

ဘုရင်ခံချုပ်သစ် ​ဖြစ်လာတဲ့ ​Peter ​Cosgrove ​ဟာ ​အရှေ့တီမောက ​ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်ပြီး ​နိုင်ငံတကာငြိမ်းချမ်းရေး ​လုပ်ငန်းတွေကို ​ဦးဆောင်ခဲ့သူဖြစ်သလို ​သြစတြေးလျနိုင်ငံရဲ့ ​နိုင်ငံ့
ဂုဏ်ဆောင် ​ပုဂ္ဂိုလ်ဟောင်း ​တစ်ဦးလည်း ​ဖြစ်ခဲ့သူဖြစ်ပါတယ်။

သြစတြေးလျ ​၀န်ကြီးချုပ် ​တိုနီ ​အာဘော့တ်ကတော့ ​သြစတြေးလျ ​ဘုရင်ခံချုပ်အဖြစ်ခန့်အပ်ဖို့ ​အတွက် ​Peter ​Cosgrove ​ထက်ကောင်းတဲ့သူကို ​သူ့အနေနဲ့ ​စဉ်းစားလို့မရတဲ့အကြောင်း၊ ​အခုလို ​ရွေးချယ်ခန့်အပ် မှုကို ​ဗြိတိန်ဘုရင်မအနေနဲ့ ​လက်ခံတဲ့အတွက် ​သူ့အနေနဲ့ ​ကျေနပ်မိသလို ​Peter ​Cosgrove ​ကလည်း ​ဒီရာထူးကို ​လက်ခံတဲ့အတွက် ​သူ့အနေနဲ့ ​အားရကျေနပ်မိတယ်လို့ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List