Thursday, January 30, 2014

မြန်မာအိမ်ဖော်တွေကို ဟောင်ကောင်ပို့ဖို့ ဆက်လက်ဆောင်ရွက်

ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်ဖေါ်လုပ်သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်နေတဲ့ အခုကာလမှာပဲ မြန်မာနိုင်ငံကနေ ဟောင်ကောင်ကို အိမ်ဖေါ်လုပ်သားတွေ ပို့မယ့်အစီအစဉ်ကို ဆက် လက်ဆောင်ရွက်နေတယ်လို့ ဟောင်ကောင် လစ်ဘရယ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Felix Chung Kwok-pan က ပြောလိုက်ပါတယ်။
မစ္စတာ ချမ်းဟာ မြန်မာအစိုးရ အလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့  တနင်္လာနေ့က တွေ့ဆုံခဲ့တယ်လို့  သိရပါတယ်။ အင်ဒိုနီးရှား အိမ်ဖေါ်လုပ်သားတွေ အကြမ်းဖက်ခံရလို့  ဟောင်ကောင်အိမ်ရှင် တရားစွဲ ခံနေရတဲ့ ကာလဖြစ်တဲ့အတွက် သူတို့တွေ့ဆုံမှုမှာ မြန်မာအလုပ်သမားဝန်ကြီးက ဟောင်ကောင်မှာ နိုင်ငံခြားသားအိမ်ဖေါ် လုပ်သားတွေအတွက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေမျိုးရှိပါသလားလို့  မေးမြန်း
တယ်လို့ပြောပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရက အိမ်ဖေါ်လုပ်သားတွေ စေလွှတ်နိုင်မယ့် အစီအစဉ်တွေ ရှာနေဆဲဖြစ်တယ်လို့ မစ္စတာချမ်းက ပြောပါတယ်။

ဟောင်ကောင် လွှတ်တော်ကိုယ်စားလှယ် မစ္စတာ Chung Kwok-pan ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတစ်ခု တည်ဆောက်တဲ့လုပ်ငန်းမှာ ပါဝင်ထားပါတယ်။

လက်ရှိကာလမှာ Hong Kong's Golden Mind Employment အေဂျင်စီက မြန်မာနိုင်ငံက အိမ်ဖေါ် လုပ်သားတွေစုပြီး ပြည်ပပို့နိုင်တဲ့ ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့ပြီး နောက်လကုန်မှာ ပထမအသုတ်အနေနဲ့  အိမ်ဖေါ် ၅၅ ယောက် စေလွှတ်မယ်လို့ သိရပါတယ်။

နောက်ထပ် ဟောင်ကောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Technic Employment Service Centre က လာမယ့် ဖေဖေါ်ဝါရီလကုန်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒုတိယအကြိမ်တွေ့ ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဟောင်ကောင် လွှတ်တော်ကိုယ်စားလှယ် မစ္စတာ Chung က သူ့အနေနဲ့  မြန်မာအိမ်ဖေါ် တစ်နှစ်ကို ၂ သောင်းလောက်ထိ ဟောင်ကောင်ကို ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတဲ့အကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ အိမ်ဖေါ်လုပ်သားအများဆုံး ရနိုင်တဲ့နိုင်ငံဖြစ်လာပြီး၊ ၂၀၁၇ ခုနှစ်ရောက်ရင် အိမ်ဖေါ်လုပ်သားပို့တာ ရပ်မယ်လို့ မြန်မာအာဏာပိုင်တွေက ပြောဆိုထားကြောင်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List